သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူ႔ခြင့္အေရးေကာ္မရွင္ဥကၠ႒ သက္တမ္းကုန္ရင္ အနားယူေတာ့မည္


Former Chilean president Michelle Bachelet speaks from her office at the Palais Wilson on her first day as new United Nations (UN) High Commissioner for Human Rights in Geneva, Switzerland, September 3, 2018. Fabrice Coffrini/Pool via REUTERS - RC1F5BFFE

[[Zawgyi/Unicode]]

ကုလသမဂၢ လူ႔အခြင့္အေရးေကာ္မရွင္ဥကၠ႒ Michelle Bachelet ဟာ ဒုတိယသက္တမ္း ဆက္လက္တာဝန္ယူဖို႔ ႀကိဳးစားမွာမဟုတ္ေၾကာင္း တနလၤာေန႔က ေၾကညာလိုက္ပါတယ္။

ဒီကေန႔စတင္တဲ့ လူ႔အခြင့္အေရးေကာင္စီရဲ႕ အႀကိမ္ ၅၀ ေျမာက္ ညီလာခံဟာ သူ႔ရဲ႕ ေနာက္ဆုံး အစည္းအေဝးျဖစ္တယ္လို႔ သူက ဆိုပါတယ္။

လူ႔အခြင့္အေရးေကာ္မရွင္မင္းႀကီးေနရာဟာ ဖိအားမ်ားၿပီး သူ႔အရင္က ဥကၠ႒ေတြဟာလည္း သက္တမ္းတခုထက္ပိုၿပီး အမ်ားအားျဖင့္ ဆက္လက္ထမ္းေဆာင္ေလ့ မရွိခဲ့ၾကပါဘူး။ တ႐ုတ္ႏိုင္ငံက ဝီဂါလူမ်ိဳးေတြရဲ႕ အခြင့္အေရးနဲ႔ပတ္သက္ၿပီး ဥကၠ႒ Michelle Bachelet ဟာ ဖိအားအေပးခံခဲ့ရပါတယ္။

ခုညီလာခံမွာ Afghanistan၊ Iran၊ Nicaragua၊ Sudan၊ Syria၊ Ukraine နဲ႔ Venezuela ႏိုင္ငံေတြလို ျမန္မာႏိုင္ငံဆိုင္ရာကိစၥကို သီးျခားေဆြးေႏြးပြဲတရပ္အျဖစ္ ေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။

ဒီေန႔ ဖြင့္လွစ္လိုက္တဲ့အစည္းအေဝးမွာ ဥကၠ႒ Michelle Bachelet က အဖြင့္အမွာ စကားေျပာၾကားခဲ့ပါတယ္။

ယူကရိန္းစစ္ပြဲေၾကာင့္ ျဖစ္ေပၚလာခဲ့တဲ့ တကမာၻလုံးဆိုင္ရာလူ႔အခြင့္အေရး၊ လူမႈစီးပြါးေရးနဲ႔ ႏိုင္ငံေရးဂယက္ေတြႀကီးမားတာေၾကာင့္ လူသန္းေပါင္းမ်ားစြာဟာ စားနပ္ရိကၡာ မလုံၿခဳံမႈနဲ႔ ရင္ဆိုင္ေနရၿပီး တိုင္းျပည္ေတြၾကား ျဖစ္ေပၚလာတဲ့ မညီမွ်မႈနဲ႔ ခြဲျခားဆက္ဆံမႈတို႔ကို ကိုင္တြယ္ရပါမယ္လို႔ သူက ေျပာသြားပါတယ္။ ဒါ့အျပင္ တိုင္းျပည္ေတြရဲ႕ ဘတ္ဂ်က္မွာ လူ႔အခြင့္ အေရးကို ထည့္သြင္းစဥ္းစားဖို႔လိုအပ္တယ္လို႔လည္း သူက ဆိုပါတယ္။ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြရဲ႕ ေႂကြးၿမီကို ေျဖေလွ်ာ့ေရးအပါအဝင္ သူ တင္ျပသြားတာေတြကို ကိုင္တြယ္ႏိုင္ဖို႔အတြက္ ႏိုင္ငံတကာ ပူးေပါင္းေဆာင္႐ြက္ေရး၊ ညီၫြတ္ေရးနဲ႔ ျပည္သူေတြ ပါဝင္ေရးက ပိုၿပီး လိုအပ္ေနပါတယ္လို႔လည္း ဥကၠ႒က ေဆာ္ၾသသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]


လူ့ခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ သက်တမ်းကုန်ရင် အနားယူတော့မည်

ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ Michelle Bachelet ဟာ ဒုတိယသက်တမ်း ဆက်လက်တာဝန်ယူဖို့ ကြိုးစားမှာမဟုတ်ကြောင်း တနင်္လာနေ့က ကြေညာလိုက်ပါတယ်။

ဒီကနေ့စတင်တဲ့ လူ့အခွင့်အရေးကောင်စီရဲ့ အကြိမ် ၅၀ မြောက် ညီလာခံဟာ သူ့ရဲ့ နောက်ဆုံး အစည်းအဝေးဖြစ်တယ်လို့ သူက ဆိုပါတယ်။

လူ့အခွင့်အရေးကော်မရှင်မင်းကြီးနေရာဟာ ဖိအားများပြီး သူ့အရင်က ဥက္ကဋ္ဌတွေဟာလည်း သက်တမ်းတခုထက်ပိုပြီး အများအားဖြင့် ဆက်လက်ထမ်းဆောင်လေ့ မရှိခဲ့ကြပါဘူး။ တရုတ်နိုင်ငံက ဝီဂါလူမျိုးတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး ဥက္ကဋ္ဌ Michelle Bachelet ဟာ ဖိအားအပေးခံခဲ့ရပါတယ်။

ခုညီလာခံမှာ Afghanistan၊ Iran၊ Nicaragua၊ Sudan၊ Syria၊ Ukraine နဲ့ Venezuela နိုင်ငံတွေလို မြန်မာနိုင်ငံဆိုင်ရာကိစ္စကို သီးခြားဆွေးနွေးပွဲတရပ်အဖြစ် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီနေ့ ဖွင့်လှစ်လိုက်တဲ့အစည်းအဝေးမှာ ဥက္ကဋ္ဌ Michelle Bachelet က အဖွင့်အမှာ စကားပြောကြားခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ တကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေး၊ လူမှုစီးပွါးရေးနဲ့ နိုင်ငံရေးဂယက်တွေကြီးမားတာကြောင့် လူသန်းပေါင်းများစွာဟာ စားနပ်ရိက္ခာ မလုံခြုံမှုနဲ့ ရင်ဆိုင်နေရပြီး တိုင်းပြည်တွေကြား ဖြစ်ပေါ်လာတဲ့ မညီမျှမှုနဲ့ ခွဲခြားဆက်ဆံမှုတို့ကို ကိုင်တွယ်ရပါမယ်လို့ သူက ပြောသွားပါတယ်။ ဒါ့အပြင် တိုင်းပြည်တွေရဲ့ ဘတ်ဂျက်မှာ လူ့အခွင့် အရေးကို ထည့်သွင်းစဉ်းစားဖို့လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကြွေးမြီကို ဖြေလျှော့ရေးအပါအဝင် သူ တင်ပြသွားတာတွေကို ကိုင်တွယ်နိုင်ဖို့အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး၊ ညီညွတ်ရေးနဲ့ ပြည်သူတွေ ပါဝင်ရေးက ပိုပြီး လိုအပ်နေပါတယ်လို့လည်း ဥက္ကဋ္ဌက ဆော်သြသွားပါတယ်။
=============

XS
SM
MD
LG