သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး စကားဝိုင်း ပြန်မစနိုင်သေး

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး စကားဝိုင်း ပြန်မစနိုင်သေး
အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး စကားဝိုင်း ပြန်မစနိုင်သေး

အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေးတို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်စတင်ဖို့အတွက် အသစ်တဖန် တောင်းဆိုမှုဟာ မလုံလောက်ဘူးလို့ ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးက စနေနေ့က ပြောကြားသွားပါတယ်။ အကြောင်းကတော့ အဲဒီထဲမှာ အစ္စရေး ပြန်လည် နေရာချထားရေးအတွက် ဆောက်လုပ်ရေး လုပ်ငန်းတွေကို ရပ်ပစ်ဖို့ ပြောမထားလို့ပါပဲလို့ ဆိုပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က ကန့်ကွက်နေတဲ့ကြားကပဲ ကုလသမဂ္ဂမှာ ပါလက်စတိုင်း သီးခြားနိုင်ငံ ထူထောင်ရေးအတွက် တောင်းဆိုမှုကို သူတို့က တရားဝင် ကြေညာလိုက်ပြီးနောက်တရက်မှာပဲ ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး ရီးယက်အယ်လ်မာလ်ကီ (Riyad al-Malki) က Middle East Quartet အဖွဲ့ရဲ့ အစီအစဉ်ကို ဝေဖန်ပြောဆိုသွားတာပါ။ Quartet အဖွဲ့ရဲ့ အစပျိုးလုပ်ဆောင်မှုက ပြည့်စုံမှုမရှိပါဘူး။

၁၉၆၇ ခုနှစ်မှာ အစ္စရေးတို့ ပါလက်စတိုင်းနယ်မြေတွေကို မသိမ်းယူခင်က ရှိထားခဲ့တဲ့ နယ်စပ်တွေကနေ အစ္စရေးတို့ ပြန်ဆုတ်ပေးဖို့ တောင်းဆိုတာ မပါဝင်လို့ဖြစ်တယ်လို့ မစ္စတာ အယ်လ် မာလ်ကီ က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ ရုရှားတို့ လေးဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ Quatet လို့ခေါ်တဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်ပေးတဲ့အဖွဲ့ဟာ တစ်လတွင်းမှာပဲ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ ဆွေးနွေးမှုတွေ ပြန်စတင်ဖို့ နောက်နှစ်မှာ သဘောတူမှုရအောင် လုပ်ဆောင်ဖို့အတွက် တိုက်တွန်းထားပါတယ်။

This item is part of
XS
SM
MD
LG