သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီသံအရာရှိ သေနတ်ပစ်သတ်ခံရ


အီရတ် Kurdistan ဒေသ မြို့တော် Irbil က စားသောက်ဆိုင်ကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် လုံခြုံရေး စောင့်ကြပ်နေတဲ့ တပ်ဖွဲ့ဝင်တဦး
အီရတ် Kurdistan ဒေသ မြို့တော် Irbil က စားသောက်ဆိုင်ကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် လုံခြုံရေး စောင့်ကြပ်နေတဲ့ တပ်ဖွဲ့ဝင်တဦး

အီရတ် Kurdistan ဒေသ မြို့တော် Irbil မှာ တူရကီကောင်စစ်အရာရှိတဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားပါတယ်။ စားသောက်ဆိုင်တခု အတွင်းမှာ ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းက အဲဒီ ကောင်စစ်ဝန်ထမ်းတချို့ စားသောက်ဆိုင်ကို ရောက်လာပြီး မကြာခင်မှာ သေနတ်နှစ်လက်ကိုင်ထားသူတဦးက ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ စားသောက်ဆိုင်ပိုင်ရှင်ကို ရည်ညွှန်းပြီး တူရကီ Anadolu သတင်းစာမှာ ဖော်ပြထားပါတယ်။

သေဆုံးသူဟာ တူရကီဒုတိယ ကောင်စစ်ဝန်ချုပ်ဖြစ်ပြီး နောက်ထပ် သေဆုံးသူ အများအပြားရှိသေးတယ်လို့ အီရတ်အစိုးရပိုင် သတင်းဌာန က ဆိုပါတယ်။ ဒီလုပ်ရပ်ဟာ စက်ဆုတ်ရွံလျာဖွယ်ကောင်းပြီး လုပ်ကြံသတ်ဖြတ်သူတွေကို အမြန်ဆုံး ရှာဖွေ ဖော်ထုတ်ပေးဖို့ အီရတ်နဲ့ ဒေသ ဆိုင်ရာ အာဏာပိုင်တွေကို တူရကီနိုင်ငံခြားရေးရုံးက တောင်းဆိုလိုက်ပါတယ်။

တူရကီသမ္မတ Recep Tayyip Erdogan ကလည်း ဒီလုပ်ရပ်ဟာ အမုန်းတရားကိုအခြေခံတဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်သူဘယ်ဝါရဲ့လက်ချက်ဆိုတာ လောလောဆယ် မသိရသေးပါဘူး။ သေနတ်သမားဟာ ကြံရာပါတဦးမောင်းတဲ့ကားနဲ့ထွက်ပြေး လွတ်မြောက်နေတယ်လို့ ကဒ် လုံခြုံရေးအရာရှိတွေက ပြောပါတယ်။

အီရတ်နိုင်ငံမြောက်ပိုင်း တောင်ထူထပ်တဲ့ ဒေသတဝိုက် PKK ခေါ် Kurdistan အလုပ်သမားပါတီ ထိန်းချုပ်နယ်မြေတွေမှာ တူရကီအစိုးရက ပြင်းထန်တဲ့ ထိုးစစ်တွေ ဆင်နွဲနေပြီး PKK ကို အကြမ်းဖက်အုပ်စုတခုအဖြစ်လည်း တူရကီက သတ်မှတ်ထားတာပါ။

တူရကီသံအရာရှိ သေနတ်ပစ်သတ်ခံရ
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG