သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဝါရှင်တန်မှာ ပြန်လည်စတင်


အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ၃ နှစ်ကြာလောက် ရပ်တန့်နေခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြန်စနိုင်ရေး အကြို ဆွေးနွေးမှုတွေ ဒီကနေ့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာ နှစ်ဘက် ကိုယ်စားလှယ်တွေ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။

တနင်္လာနေ့မှာ ပြုလုပ်မယ့် Iftar ညစာလို့ခေါ်တဲ့ မူဆလင်တွေရဲ့ ဥပုဒ်ထွက် ညစာစားပွဲအပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က အစ္စရေး စေ့စပ် ညှိနှိုင်းရေးမှူး Tzipi Livni နဲ့ ပါလက်စတိုင်း စေ့စပ်ညှိနှိုင်းရေးမှူး Saeb Erekat တို့ကို တွေ့ဆုံပေးမှာ ဖြစ်ပါတယ်။ နှစ်ဘက် ကိုယ်စားလှယ်တွေ အင်္ဂါနေ့မှာ ထပ်မံ တွေ့ဆုံ ဆွေးနွေးကြဦးမှာလည်း ဖြစ်ပါတယ်။

အခုလို အခြေအနေမျိုး ရောက်လာအောင် အစ္စရေးနဲ့ ပါလက်စတိုင်း ခေါင်းဆောင်တွေအနေနဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချခဲ့ကြတဲ့အတွက် သူ့အနေနဲ့ ကျေးဇူးတင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ က ပြောပါတယ်။

တနင်္ဂနွေနေ့တုန်းကတော့ သူ့ရဲ့ အစိုးရအဖွဲ့အတွင်းက အပြင်းအထန် ကန့်ကွက်နေတဲ့ကြားကပဲ ပါလက်စတိုင်း အကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က ဆုံးဖြတ်ခဲ့ပါတယ်။

ပါလက်စတိုင်း အကျဉ်းသား ၁၀၄ ဦးကို ၄ သုတ်ခွဲပြီး ပြန်လွှတ်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အလေးအနက်ထားကြောင်း ပါလက်စတိုင်းတို့ဘက်က ပြသမှသာ အဲဒီ အကျဉ်းသားတွေကို လွှတ်ပေးမှာ ဖြစ်တယ်လို့ အစ္စရေး စေ့စပ် ညှိနှိုင်းရေးမှူး Tzipi Livni က ပြောပါတယ်။
XS
SM
MD
LG