သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက လူထုဆန္ဒပြမှုများ အရှိန်မြင့်


အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက လူထုဆန္ဒပြမှုများ အရှိန်မြင့်
အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက လူထုဆန္ဒပြမှုများ အရှိန်မြင့်

အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကဒေသတဝန်းမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဆက်လက် ဆင်နွှဲနေပြီး နိုင်ငံအတော်များများမှာ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားနေပါတယ်။

ယေမင်နိုင်ငံက ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူတယောက် လည်ပင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။ လုံထိန်းတွေက ပစ်လိုက်တာလား၊ အစိုးရထောက်ခံသူတွေရဲ့ လက်ချက်လား ဆိုတာတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။

ဘာရိန်းနိုင်ငံ၊ မာနာမာမြို့တော် ပုလဲရင်ပြင်မှာ ရဲနဲ့စစ်တပ်က ဆုတ်ခွာပေးလိုက်ပြီးတဲ့နောက် ထောင်သောင်း ချီတဲ့ ဆန္ဒပြသူတွေ ပြန်လည် စုဝေးရောက်ရှိနေကြပါပြီ။ အစောပိုင်းကတော့ ပုလဲရင်ပြင်မှာ လူစုခွဲဖို့အတွက် ရဲတွေက မျက်ရည်ယိုဗုံးတွေ အသုံးပြုခဲ့ကြပါတယ်။

လစ်ဗျားနိုင်ငံ၊ ဘန်ဂါဇီမြို့က ဆန္ဒပြပွဲတွေကို အစိုးရက အင်အားသုံးဖြိုခွင်းရာမှာ သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းတဲ့ အထိမ်းအမှတ် စုဝေးပွဲကို လုံထိန်းတွေက သေနတ်နဲ့ပစ်ပြီး ထပ်ပြီးလူစုခွဲခဲ့ပါတယ်။ အဲဒီ လူစု လူဝေးကို လက်ဖြောင့်သေနတ်သမားက ပစ်ခဲ့တာလို့ လစ်ဗျားဆေးရုံ တာဝန်ခံတွေက ပြောပါတယ်။ ဘန်ဂါဇီမြို့မှာ မနက်ပိုင်းကချီတက်ခဲ့တဲ့ လူထုကိုလည်း အစိုးရစစ်တပ်က ပစ်ခတ်ခဲ့တယ်လို့ အေပီသတင်း တရပ်မှာ ဖော်ပြထားပါတယ်။

အယ်လ်ဂျီးရီးယားနိုင်ငံမြို့တော် အယ်လ်ဂျီးယားစ်မှာ အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေကို ရဲတွေက ကြိုးစား ဟန့်တားနေကြပါတယ်။ လွတ်လပ်ပြီး ဒီမိုကရေစီဆောင်ကျဉ်းမယ့် အယ်လ်ဂျီးရီးယား နိုင်ငံလို့ ကြွေးကြော်ရင်း မြို့လယ်ခေါင်ကို ချီတက်ခဲ့ကြပါတယ်။ မြို့လယ်ရင်ပြင်ကို ဆန္ဒပြသူတွေ မဝင်နိုင်အောင် လုံထိန်းတွေက တားဆီးနေကြပါတယ်။

ဂျီဘူတီနိုင်ငံမှာလည်း သောကြာနေ့က အတိုက်အခံတွေနဲ့ လုံထိန်းတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်မှု ကြောင့် ထိပ်တန်း အတိုက်အခံခေါင်းဆောင် ၃ ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။ ဂျော်ဒန်နိုင်ငံ မှာ ဒီသီတင်းပတ်အတွင်း အစိုးရဆန့်ကျင်ရေးဆန္ဒပြသမားတွေနဲ့ အစိုးရထောက်ခံသူတွေ အကြား ရုန်းရင်း ဆန်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ အီရန်နိုင်ငံမှာလည်း အခုတလော ဆန္ဒပြပွဲတွေမှာ သေဆုံးခဲ့ရသူတွေအတွက် ဒီကနေ့ ဝမ်းနည်းတဲ့အထိမ်းအမှတ် စုဝေးပွဲတွေကျင်းပပြီး အတိုက်အခံခေါင်းဆောင် မူဆာဘီနဲ့ ခါရူဘီကို ထောက်ခံကြဖို့ စိုင်းပြင်းနေကြပါတယ်။

XS
SM
MD
LG