သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Jungle တရားမဝင်စခန်း ပြင်သစ် စတင်ရှင်း


ပြင်သစ် Jungle မှာ ရွေ့ပြောင်းနေထိုင်သူ

ပြင်သစ်နိုင်ငံမြောက်ပိုင်း အင်္ဂလန် နယ်စပ်အနီးမှာရှိတဲ့ Jungle လို့ ခေါ်နေကြတဲ့ Calais ဆိပ်ကမ်းမြို့မှာရှိတဲ့ ရွေ့ပြောင်း အခြေချနေထိုင်ဖို့ ကြိုးစားသူတွေရဲ့ စခန်းအတွင်းက ဒုက္ခသည်တွေကို ပြင်သစ် အာဏာပိုင်တွေက တနင်္လာနေ့မှာ စတင် ပြောင်းရွေ့နေပြီ ဖြစ်ပါတယ်။ ဘတ်စ်ကားတွေပေါ်ကို ဒုက္ခသည်တွေ တက်နေကြတဲ့အချိန် စည်းကမ်းတကျ ရှိနိုင်ဖို့အတွက် ပြင်သစ် ရဲတပ်ဖွဲ့ဝင်တွေက အနီးကပ် စောင့်ကြပ်ပေးနေပါတယ်။

အဲဒီ ဒုက္ခသည် စခန်းအတွင်းမှာရှိတဲ့ လူပေါင်း ၂,၅၀၀ ကို နေ့မကူးခင်မှာ တခြားနေရာကို ရွေ့ပြောင်းနိုင်ဖို့ အာဏာပိုင်တွေက စီစဉ်နေကြတာပါ။

အနွေးထည် ဂျက်ကက်တွေ ဝတ်ထားပြီး သူတို့ရဲ့ ခရီးဆောင်အိတ်တွေနဲ့အတူ တနင်္လာနေ့ အာရုံတက်ချိန်က သူတို့ရဲ့ ဥရောပတိုက် စွန့်စားခန်း ခရီးရှည်ကို ဆက်ကြဖို့အတွက် ဒုက္ခသည်တွေဟာ တန်းစီ စောင့်ဆိုင်းနေခဲ့ကြတာပါ။

မနက်ပိုင်း နည်းနည်းနေမြင့်လာတဲ့အချိန်မှာတော့ ဆူဒန်နိုင်ငံသားတွေ အများစုပါဝင်တဲ့ သူတွေဟာ Burgandy ကို သွားမယ့် ပထမ ဘတ်စ်ကားပေါ်ကို တက်လိုက်ကြပြီး ဥရောပတိုက်ရဲ့ အကြီးဆုံး ကျူးကျော်ရပ်ကွက်လို့ သတ်မှတ်ထားကြတဲ့ Jungle ကို နှုတ်ဆက်ပါတယ်လို့ အဓိပ္ပါယ်ရတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။

Jungle တရားမဝင်စခန်း ပြင်သစ် စတင်ရှင်း
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG