သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းဝင်ရောက်သူတွေ မက်ဆီဒိုးနီးယား ရဲ ဖြိုခွင်း


ရွှေ့ပြောင်းဝင်ရောက်သူတွေ မက်ဆီဒိုးနီးယား ရဲ ဖြိုခွင်းနေစဉ်။
ရွှေ့ပြောင်းဝင်ရောက်သူတွေ မက်ဆီဒိုးနီးယား ရဲ ဖြိုခွင်းနေစဉ်။

ရာနဲ့ချီတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေဟာ မက်စီဒိုးနီးယားနဲ့ ဂရိနိုင်ငံ နယ်စပ်မှာ တားဆီးထားတဲ့ သံဆူးကြိုးအကာအရံတွေကို ဖြတ်ကျော်ပြီး ဝင်ရောက်ဖို့ကြိုးစားတဲ့အတွက် မက်စီဒိုးနီးယား ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေ ပစ်ခတ်ဖြိုခွဲနှိမ်နှင်းခဲ့ပါတယ်။

မက်စီဒိုးနီးယားနိုင်ငံဘက်က နယ်စပ်ဂိတ်တွေကိုဖွင့်ပေးတော့မယ်ဆိုတဲ့ ကောလဟာလသတင်းဟာ ဂရိနိုင်ငံဘက်ခြမ်းမှာရှိတဲ့ ရွှေ့ပြောင်းဒုက္ခသည်စခန်းမှာ ပျံနှံခဲ့ပြီးနောက် တနင်္ဂနွေနေ့က ဒုက္ခသည်အုပ်စုတစုကနေ သူတို့စခန်းကနေထွက်လာပြီး နယ်စပ်ကသံဆူကြိုးအကာအရံတွေကို အတင်းထိုးဖောက်ခဲ့ကြတယ်လို့ မက်စီဒိုးနီးယားအရာရှိတွေကပြောပါတယ်။

ဒီကောလဟာလသတင်းကို မက်စီဒိုးနီးယားရဲတွေက မဟုတ်မှန်ကြောင်း ပြောဆိုချိန်မှာ ရာနဲ့ချီတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေဟာ ခြံစည်းရိုးအတားအဆီးတွေကို ထိုးဖောက်ဖို့ကြိုးစားခဲ့ကြသလို တချို့ကတော့ ရဲတွေဘက်ကို ကျောက်ခဲတွေနဲ့ပစ်ပေါက်ပြီး နယ်စပ်ဂိတ်ကိုဖြတ်ကျော်ခွင့်ပြုဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဘော်လကန်ဒေသတွင်းနိုင်ငံတွေက သူတို့နိုင်ငံနယ်စပ်တွေကိုဖြတ်ကျော်ခွင့်မပြုတော့တဲ့နောက်ပိုင်း အခုအခင်းဖြစ်ပွားခဲ့တဲ့ ဂရိနိုင်ငံမြောက်ပိုင်း Idomeni နယ်စပ်ဒုက္ခသည်စခန်းမှာ ဖေဖေါ်ဝါရီလလယ်လောက်ကစပြီး ရွှေ့ပြောင်းအခြေချသူတွေနဲ့ ဒုက္ခသည်အရေအတွက် စုစုပေါင်း တသောင်းကျော်ရှိနေခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG