သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်မြို့အနီး ယာဉ်တိုက်မှု မြန်မာအလုပ်သမား ၁၃ ဦးသေဆုံး


ဘန်ကောက်မြို့အနီး ယာဉ်တိုက်မှု မြန်မာအလုပ်သမား ၁၃ ဦးသေဆုံး။
ဘန်ကောက်မြို့အနီး ယာဉ်တိုက်မှု မြန်မာအလုပ်သမား ၁၃ ဦးသေဆုံး။

ထိုင်းနိုင်ငံ နွံထဘူရီခရိုင်ကို သွားကြမဲ့ မြန်မာအလုပ်သမား ၁၃ ဦးလိုက်ပါလာတဲ့ကားဟာ ဘန်ကောက်မြို့အနီး စင်ဘူရီမြိုနယ်ထဲမှာ ဆယ်ဘီးကားကို တိုက်မိပြိး မီးလောင်ခဲ့ တာကြောင့် ကားထဲမှာပါလာတဲ့ ကားသမားတဦးနဲ့ မြန်မာ ၁၃ ယောက်လုံး မီးလောင်သေဆုံး ခဲ့ပါတယ်။ သေဆုံးသွားသူတွေအတွက် အသက်အာမခံရအောင် မြန်မာသံရုံးတာဝန်ရှိသူတွေက ကြိုးစားဆောင်ရွက်ပေးနေပါတယ်။ အပြည့်အစုံကို မအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမဲဆောက်မြို့ကနေ နွံထဘူူရီခရိုင်ကိုသွားကြမယ့် တရားဝင် အထောက်အထား ရှိတဲ့မြန်မာအလုပ်သမား၁၃ဦး လိုက်ပါလာတဲ့ ဗင်ကားဟာ နိုဝင်ဘာလ ၂၄ ရက်နေ့မနက် အစောကြီး ၃နာရီခန့်မှာ စင်ဘူရီခရိုင်ထဲမှာမောင်နှင်းနေတုန်းက ရှေ့က ဆယ်ဘီးကားကို ဝင်တိုက်မိတာပါ။ တိုက်မိပြီး ကားမီးလောင်ခဲ့တဲ့အတွက် ကားပေါ်မှာ လိုက်ပါလာသူ အားလုံး သေဆုံးသွားခဲ့ပါတယ် ထိုင်းနိုင်ငံသားတဦး ပြောပြတာကတော့

"ဟိုစင်ဘူရီပေါ့နော် စင်ဘူရီဆိုတာ ဘန်ကောက်ရောက်ခါနီးပေါ့နော် ကားမောင်းသမားက သူကအိပ်ငိုက်သလားမသိဘူး ဆယ်ဘီးကားရဲ့နောက်ကို တခါတည်းသွားတိုက်မိတယ် အဲဒီအချိန်မှာ ကားထဲမှာရှိတဲ့သူတွေ အိပ်နေတာထင်တယ်။ အဒီအချိန်ကားထဲမှာ မီးလောင်တက်လာတယ်။ တယောက်မှာထွက်လာမမှီဘူး။ တကားလုံးသေသွားတယ်။ အဲဒီထဲမှာထိုင်းတယောက် ကျန်တဲ့သူအားလုံးက မြန်မာပြည်သားတွေ ၁၃ယောက်ပေါ့နော်။ အားလုံးသေသွားတယ် တယောက်မှာမလွတ်ဘူး။"

သူတို့တွေဟာ နိုင်ငံကူးလက်မှတ်တွေနဲ့ အလုပ်လာလုပ်ကြတဲ့သူတွေဖြစ်တာကြောင့် ကားအာမခံကုမ္ပဏီနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနကို ပြောကြားပြီး နစ်နာကြေး အာမခံကြေးရအောင်လုပ်ဆောင်နေတယ်လို့ ထိုင်းနိုင်ငံဘန်ကောက်မြို့ မြန်မာသံရုံးကအလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်ကပြောပါတယ်။

"အထောက်အထားတွေအကုန်ရထားပါပြီ နစ်နာကြေးရရမယ်ခင်ဗျ ထိုင်းအလုပ်သမား ဝန်ကြီးဌာနကိုလည်းပြောထားတယ် ကားရဲ့ လျော်ကြေးတော့ရမယ်။ ပကန်( အာမခံကြေး) တို့ဘာတို့ရမယ် တဦးကိုဘယ်လောက်ရမယ် ခန့်မှန်းလိုတော့မရဘူး အရင်တုန်းကတော့ ဘတ် ၆ သိန်းနှုံး လောက်ရတယ်။"

ပကန်ဆိုတာကတော့ အာမခံကြေးကိုပြောဆိုတာပါ။ ထိုင်းနိုင်ငံမဲဆောက်ကနေ ထိုင်းနိုင်ငံ အတွင်းပိုင်းကို သွားကြတဲ့ မြန်မာတွေပါတဲ့ ကား တိမ်းမှောက်မှုတွေ မကြာခန ဖြစ်လေ့ရှိပါတယ်။ အလုပ်သမားရှာဖွေပေးတဲ့ ကုမ္ပဏီတွေက စက်ရုံတွေနဲ့ချိတ်ဆက်ပြီး မြန်မာအလုပ်သမားတွေကို ကြားကားတွေနဲ့ ပို့ပေးလေ့ရှိတာမှာ ယာဉ်မောင်းတွေ အရက်သောက်ပြီး မောင်းတာ။ ဘန်ကောက် မဲဆောက် အသွားလမ်းမှာ မနားတမ်း ဆက်တိုက်မောင်းရင်း အိပ်ငိုက်ကြတာမျိုးတွေကြောင့် ကားတိုက်မူတွေ ဖြစ်လေ့ရှိပါတယ်။

ထိုင်းနိုင်ငံကားဂိတ်ကြီးတွေက ဘတ်စကားကြီးတွေမှာတော့ မြန်မာတွေချည်းမဟုတ်ပဲ နိုင်ငံခြားသားတွေအားလုံးစီးကြတာကြောင့် ယဉ်လိုင်းတွေမှာ စည်းကမ်း ထုတ်ပြန်ထားချက်အရ ကားမောင်းသမားတွေဟာ အရက်သေစာသောက်စားပြိးမောင်း တာမျိုးမလုပ်ရသလို ကာစီးသူတွေအနေနဲ့ ကားတွေအမြန်မောင်းပြိး သက်တောင့် သက်သာမျိုးတွေမဖြစ်ရင်လည်း တိုင်ကြားနိုင်တယ်လို့အသိပေးထားတာပါ ဒါအပြင် ကားမောင်းသမားတဦးကို ၆နာရီထက်ပိုမောင်းတာမျိုးတွေကိုခွင့်မပြုတဲ့အတွက် မတော်တဆ ကားတိုက်တာမျိုးတွေ နည်းပါးလာပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG