သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြီးယားနဲ့ ဟန်ဂေရီထဲ ဒုက္ခသည် အမြောက်အများ ဝင်ရောက်


သြစတြီးယားနဲ့ ဟန်ဂေရီနိုင်ငံ ၂ နိုင်ငံစလုံးရဲ့ နယ်စပ်တွေကို ညတွင်းချင်းပဲ ကျော်ဖြတ်လာတဲ့ ဒုက္ခသည်တွေ။ (စက်တင်ဘာ ၁၀၊ ၂၀၁၅)
သြစတြီးယားနဲ့ ဟန်ဂေရီနိုင်ငံ ၂ နိုင်ငံစလုံးရဲ့ နယ်စပ်တွေကို ညတွင်းချင်းပဲ ကျော်ဖြတ်လာတဲ့ ဒုက္ခသည်တွေ။ (စက်တင်ဘာ ၁၀၊ ၂၀၁၅)

သြစတြီးယားနဲ့ ဟန်ဂေရီနိုင်ငံ ၂ နိုင်ငံစလုံးရဲ့ နယ်စပ်တွေကို ညတွင်း ချင်းပဲ ကျော်ဖြတ် လာတဲ့ ဒုက္ခသည်တွေဟာ သိပ်ကိုများနေပြီး ဒါဟာ ရွှေ့ပြောင်း ဒုက္ခသည် ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ဥရောပနိုင်ငံတွေထဲက ကနဦးနိုင်ငံတွေဆီ ဝင်ရောက်လာတဲ့ ဒုက္ခသည်အရေအတွက် အများဆုံးအဖြစ် စံတင်သွားပါတယ်။

ဗုဒ္ဓဟူး ညဘက်ကနေ ကြာသပတေး မနက်အတွင်း ဆားဗီးယားကနေ ဟန်ဂေရီကို ကျော်ဖြတ်လာသူပေါင်း ၃ထောင်ကျော်နေပြီလို့ ဟန်ဂေရီက ပြောသလို သြစတြီးယားကလည်း သူ့နိုင်ငံထဲကို ဟန်ဂေရီကနေ လူပေါင်း ၃ ထောင်ကျော် ဝင်ရောက်လာတယ်လို့ ပြောပါတယ်။

သြစတြီးယား အရှေ့ပိုင်းက Nickelsdorf မြို့ကလေးမှာ ဗီယင်နာကို သွားမယ့် ရထားစောင့်နေသူ ထောင်ချီရှိနေပြီး အဲဒီကနေတဆင့် ဂျာမဏီနဲ့ တခြားနိုင်ငံတွေကို ဦးတည်သွားမှာ ဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေအတွက် နယ်စပ်ကနေ သြစတြီးယား မြို့တော်ဆီသွားဖို့အထူးရထားတွေ ပြေးဆွဲ ပေးဖို့လုပ်မလုပ် ဒီကနေ့ပဲ ဆွေးနွေးနေတယ် လို့သြစတြီးယား အာဏာပိုင်တွေက ပြောပါတယ်။

ဒုက္ခသည် လျှောက်လွှာတွေကို လက်ခံမယ်လို့ ဒီသီတင်းပါတ် အစောပိုင်းမှာ ဂျာမဏီက ကျေညာခဲ့သလို သြစတြီးယားက ပြီးခဲ့တဲ့ သီတင်းပါတ် ထဲ ကြေညာခဲ့ချိန်ကစပြီး ဒုက္ခသည် ထောင်ချီပြီး သြစတြီးယား နိုင်ငံထဲ အုပ်လိုက်ဝင်လာ ကြတာ ဖြစ်ပါတယ်။

ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ အီရတ်အပြင် အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းဒေသတွေမှာ ဖြစ်ပွါးနေတဲ့ အကြမ်းဖက်မှုရန်ကလွတ်မြောက်ဖို့ ကျိုးစားသူတွေကြောင့် ဥရောပနိုင်ငံတွေမှာ ဒုတိယ ကမ္ဘာစစ်ဖြစ်ချိန်ကစပြီးဒုက္ခသည် ဝင်ရောက်မှု အများဆုံး တွေ့နေရတာပါ။

ဒုက္ခသည် တသိန်း ၆ သောင်းလောက် အခြေချနေထိုင်နိုင်ဖို့အတွက် ဥရောပနိုင်ငံတွေက နိုင်ငံအလိုက် ဒုက္ခသည်တွေကို ဝေပုံကျနဲ့ လက်ခံဖို့ အစီစဉ်တွေ ချနေချိန်မှာပဲ အမေရိကန် ပြည်ထောင်စုကလည်း ဆီးရီးယားနဲ့ တခြားနိုင်ငံတွေက ဒုက္ခသည်တွေကို ပိုမိုလက်ခံမယ်လို့ မနေ့ကပဲ ကတိပြုခဲ့ပါတယ်။

XS
SM
MD
LG