မြောက်အာဖရိကဖက်ကနေ အီတလီနိုင်ငံထဲ ခိုးဝင်ဖို့ ကြိုးစားတဲ့ လူကြီး ၁၅၆
ယောက်နဲ့ ကလေး ၈၃ ယောက်ကို အီတလီကမ်းရိုးတမ်းစောင့်တပ်တွေက
ကယ်တင်ခဲ့ရပါတယ်၊ Lampedusa ကျွန်းတောင်ဖက် ၇၅ မိုင်လောက်မှာ ရာဘာ လှေ ၃စီးနဲ့ အီတလီမှာ လာရောက် အခြေချဖို့ ကြိုးစားသူတွေ ကို တွေ့ရှိခဲ့တာပါ။
ပြီးခဲ့တဲ့ ၄ ရက်အတွင်း ပင်လယ်ထဲကနေ ကယ်တင်ခဲ့ရသူ ၄ ထောင်ကျော် သွားပါပြီ။ ဆီးရီးယား ပြည်တွင်းစစ်နဲ့ လစ်ဗျားမှာ မတည်ငြိမ် တာကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေတဲ့ ဒုက္ခသည် အရေအတွက်ဟာ ဘယ်တုန်းကနဲ့မှ မတူအောင်များပြားနေပါတယ်။
အခုလိုအချိန်မျိုးမှာ ရာသီဥတုကလဲ နွေးလာပြီဖြစ်သလို ပင်လယ်လေကလဲ ငြိမ်တဲ့အတွက် မြောက်အာဖရိကဖက်ကနေ ပင်လယ်ဖြတ်ပြီး အီတလီကိုရောက်လာတဲ့ တရားမဝင်အခြေချလာသူအရေအတွက်ဟာ ပုံမှန်အားဖြင့် များတတ်ပါတယ်။
ဒါပေမဲ့ အလားတူကာလအတွင်းရောက်လာတဲ့ အရေအတွက်ဟာ ၂၀၁၃ ခုနှစ်ကထက် ၂၀၁၄ခုနှစ်မှာ ၃၀၀ ရာခိုင်နှုန်းတိုးလာတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက ပြောပါတယ်။