သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းလာသူတွေ တင်လာတဲ့ လစ်ဗျားသင်္ဘော တိမ်းမှောက် ၂၀၀ သေဆုံး


လစ်ဗျားတိမ်းမှောက်မှု ဆယ်ယူရရှိတဲ့ ရုပ်အလောင်းများ။ (သြဂုတ်၊ ၂၀၁၅)
လစ်ဗျားတိမ်းမှောက်မှု ဆယ်ယူရရှိတဲ့ ရုပ်အလောင်းများ။ (သြဂုတ်၊ ၂၀၁၅)

လစ်ဗျားကမ်းရိုးတန်းမှာ ဥရောပကို ရွှေ့ပြောင်းဝင်ရောက်သူတွေရဲ့ စက်လှေတစီး တိမ်းမှောက်လို့ အာဖရိကနိုင်ငံသား အများစုဖြစ်တဲ့ လူပေါင်း ၂၀၀ ခန့် ရေနစ်သေဆုံးခဲ့ရတယ်လို့ စိုးရိမ်မှုတွေရှိနေပါတယ်။ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။

အီတလီနိုင်ငံကို ထွက်ခွာလာတဲ့ ဒီ သင်္ဘောမှောက်တာမှာ နောက်ထပ်လူပေါင်း ၂၀၀ ခန့်ကိုတော့ လစ်ဗျားနိုင်ငံ အနောက်ပိုင်း ကမ်းရိုးတန်းမြို့Zuwara အပြင်ဖက်မှာ မနေ့ညဖက်က ကယ်တင်နိုင်ခဲ့တယ်လို့ လစ်ဗျားကမ်းရိုးတန်းစောင့်တပ်ဖွဲ့က က ဆိုပါတယ်။

သေဆုံးသူတွေရဲ့ အလောင်းတွေကိုတော့ အနီးအနားက ဆိပ်ကမ်းကို သင်္ဘောနဲ့ သယ်ယူခဲ့ကြပါတယ်။ ဒီတိမ်းမှောက်ခဲ့တဲ့ ဒီလှေပေါ်မှာ လူပေါင်း ၄၀၀ ခန့် လိုက်ပါလာပုံ ရပါတယ်။

လစ်ဗျား လုံခြုံရေးအရာရှိတွေက ဒီ ရွေ.ပြောင်းလာသူတွေထဲမှ အာဖရိကတိုက်သားတွေ၊ ပါကစ္စတန်၊ ဆီရီးယာ၊ မော်ရိုကို နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေပါတယ်လို့ ဆိုပါတယ်။

ရွေ.ပြောင်းလာသူတဦးကတော့ ဒီသင်္ဘောဟာ အစထဲက အခြေအနေ သိပ်မကောင်းဘူး၊ ဒီလစ်ဗျားကနေ သွားတဲ့လမ်းကိုလဲ သေမင်းတမန်လမ်းလို့ အရင်ခေါ်ခဲ့ကြတယ်၊ အခုတော့ မြေထဲပင်လယ်ရဲ့ သုသာန် ကြီး ဖြစ်သွားပြီဗျာလို့ သုံးနှုံးပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG