သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိရောက် ဒုက္ခသည် အချို့ကို တူရကီပြန်ပို့


ဂရိရောက် ဒုက္ခသည် အချို့ကို တူရကီပြန်ပို့။ (ဧပြီ ၈၊ ၂၀၁၆)
ဂရိရောက် ဒုက္ခသည် အချို့ကို တူရကီပြန်ပို့။ (ဧပြီ ၈၊ ၂၀၁၆)

ဂရိနိုင်ငံ Lesbos ကျွန်းပေါ်က ရွှေ့ပြောင်းဝင်ရောက်သူ ဒုက္ခသည်စခန်းတခုမှာ ခဏတာ ခိုလုံနေထိုင်ခဲ့ကြတဲ့ ပါကစ္စတန်နိုင်ငံက ရွှေ့ပြောင်း ဝင်ရောက်လာသူ ၄၅ ဦးကို ဒီကနေ့ တူရကီနိုင်ငံ Dikili မြို့ကို ပြန်ပို့လိုက်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်နေတဲ့ကြားကပဲ ခုလို ရွှေ့ပြောင်း ဝင်ရောက်သူတွေကို ဂရိနိုင်ငံကနေ တူရကီကို ပြန်ပို့နေတာပါ။

ဒီကနေ့ ဒုက္ခသည်တွေပြန်ပို့တဲ့ တူရကီဖယ်ရီ ထွက်ခွာချိန်မှာ အဲဒီဖယ်ရီကိုဟန့်တားဖို့ ကြိုးစားခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ နှစ်ဦးထက်မနည်းလည်း အဖမ်းခံရပါတယ်။

ရွှေ့ပြောင်းဒုက္ခသည် နောက်တသုတ်ကိုလည်း ဒီကနေ့ နှောင်းပိုင်းမှာ ပြန်ပို့ဖို့ စီစဉ်ထားတာပါ။ အခု ပြန်ပို့တဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေဟာ အီးယူ ဥရောပသမဂ္ဂမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားခြင်း မရှိတဲ့သူတွေ ဖြစ်တယ်လို့ ဂရိအာဏာပိုင်တွေက ပြောပါတယ်။

XS
SM
MD
LG