သုံးရလွယ်ကူစေသည့် Link များ

ပင်လယ်ပြင် ထဲက လှေစီးပြေး တစ်ထောင်ကျော် အီတလီ ကယ်တင်

  • ဗွီအိုအေ (မြန်မာဌာန)

အီတလီရေတပ် ကယ်တင်ခဲ့ရတဲ့ ရွှေ့ပြောင်းအလုပ်သမားများ။
ကြမ်းတမ်းတဲ့ ဆောင်းရာသီပင်လယ်ပြင်ထဲမှာ မြေထဲပင်လယ်ကိုဖြတ်ပြီး အန္တရာယ်ကြီးလှတဲ့ ခရီးကို လှေနဲ့သွားနေကြတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁ ထောင်ကျော်ကို အီတလီ ရေတပ် ၂၄ နာရီအတွင်း ကယ်ဆယ်ခဲ့တဲ့အကြောင်း အီတလီရေတပ်က ပြောပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်း တခုတည်းမှာတင် အလုပ်သမားပေါင်း ၈၃၂ ယောက်ကို ကယ်တင်ခဲ့ရပြီး၊ နောက်တကြိမ်မှာတော့ ၂၃၃ ယောက်ကို ကယ်တင်နိုင်ခဲ့တဲ့အကြောင်း အီတလီရေတပ်က သောကြာနေ့ မှာ ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ခုလို ကယ်တင်နိုင်ခဲ့တဲ့သူတွေထဲမှာ အာဖရိက၊ တောင်အာရှ နဲ့ အရှေ့အလယ်ပိုင်း ဒေသတွေက အမျိုးသား၊ အမျိုးသမီးတွေနဲ့ကလေးငယ်တွေ ပါဝင်တဲ့အကြောင်းလည်း အီတလီနိုင်ငံက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အီတလီနိုင်ငံဟာ ဒေသတွင်း ကင်းလှည့်စောင့်ကြည့်မှုတွေကို တိုးမြင့်လုပ်ဆောင်ခဲ့တာပါ။

Lampedusa မြို့အနီး ရွှေ့ပြောင်းအလုပ်သမားတွေ အပြည့်ပါ လာတဲ့ လှေနစ်မြှုပ်ခဲ့လို့ လူပေါင်း ၃၅၉ ယောက် သေဆုံးခဲ့ရ တဲ့ဖြစ်ရပ်နောက်ပိုင်းကစလို့ ခုလို တိုးမြင့်လုပ်ဆောင်လာနေတာပါ။ ပိုမိုကောင်းမွန်တဲ့ ဘ၀သစ်တခု ရှာဖွေဖို့ မျှော်လင့်ချက်နဲ့ ဥရောပဒေသကို ထွက်ခွာလာသူတွေ အတွက် အီတလီနိုင်ငံဟာ အဓိက လမ်းဆုံမှာ ရှိနေတာပါ။

အာဖရိက ဦးချိုဒေသ နဲ့ ဆီးရီးယားနိုင်ငံတွေမှာ လူ့အခွင့်အရေး အခြေအနေတွေ ပိုမို ဆိုးရွား လာနေတာကြောင့် ဥရောပနိုင်ငံတွေမှာ ခိုလှုံဖို့ ထွက်ပြေးသူတွေ များပြားလာနေတယ်လို့လည်း အီတလီ အာဏာပိုင်တွေက ပြောပါတယ်။

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG