သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပစ်ခတ်မှုဖြစ်ရာ Las Vegas ကို ကန်ဒုသမ္မတရောက်ရှိအားပေး


ဒုတိယ သမ္မတ Mike Pence
ဒုတိယ သမ္မတ Mike Pence

အမေရိကန် ပြည်ထောင်စု လာစ်ဗေးဂတ်စ်မြို့က လူ ၅၈ ဦး သေဆုံးခဲ့ရတဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂီတဖျော်ဖြေပွဲ ပစ်ခတ်မှုကြောင့် တုန်လှုပ်ခြောက်ခြားခဲ့ကြရတဲ့ ဒေသခံတွေ၊ လာရောက်လည်ပတ်ကြသူတွေနဲ့ အတူရှိနေတယ်ဆိုတာကို ပြသတဲ့ အနေနဲ့ ဒုတိယ သမ္မတ Mike Pence မနေ့ စနေနေ့က လာစ့်ဗေးဂတ်ကို ရောက်ရှိနေပါတယ်။

အမေရိကန် ခေတ်သစ် သမိုင်းမှာ အသေအပျောက် အများဆုံး လူစု အတွင်း ပစ်ခတ်ခံရမှု အတွင်း သေဆုံးခဲ့ကြသူတွေကို အောက်မေ့ဂုဏ်ပြုတဲ့ အနေနဲ့ စုဝေး ရောက်ရှိနေတဲ့ လူထုကိုလည်း ဒုတိယ သမ္မတ Mike Pence က မိန့်ခွန်းပြောခဲ့ပါတယ်။

ဇနီးဖြစ်သူ Karen လည်း ဒုသမ္မတနဲ့ အတူ လိုက်ပါသွားတာ ဖြစ်ပါတယ်။ ကျနော်တို့ အတူတကွ ရှိနေကြတယ်လို့ ဒုတိယ သမ္မတက လူထုကို ပြောဆိုခဲ့ပြီး အခင်ဖြစ်ချိန်မှာ ကိုယ့်ရဲ့ လုံခြုံရေးကို ဂရုမထားဘဲ ဆောင်ရွက်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အရေးပေါ် ဝန်ထမ်းတွေကိုလည်း ဒုသမ္မတက ချီးမွမ်းပြောဆိုခဲ့ပါတယ်။

ဂီတဖျော်ဖြေပွဲကို လာရောက်ကြတဲ့ လူစုတွင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့သူက အသက် ၆၄ နှစ် အရွယ် Stephen Paddock ဖြစ်ပြီး သူ့ကိုယ်သူလည်း သတ်သေသွားတယ်လို့ အာဏာပိုင်တို့က ပြောဆိုထားပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ နေရာကနေ ပစ္စည်းတွေကိုလည်း ပြည်ထောင်စု ဝန်ထမ်းတွေ စတင်ရှင်းလင်းနေပြီး နောက် သတင်းပတ် အတွင်းမှာ ပိုင်ရှင်တွေထံကို စပြီး အပ်နှံမယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ သေနတ်သမား Paddock ဘာကြောင့် အခုလို ပစ်ခတ်ခဲ့ရသလဲ ဆိုတာကို သိရဖို့ အာဏာပိုင်တို့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ပစ်ခတ်မှုဖြစ်ရာ Las Vegas ကို ကန်ဒုသမ္မတရောက်ရှိအားပေး
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG