သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုင္းနဲ႔ျပည္နယ္ ဝန္ႀကီးခ်ဳပ္အမႈေတြ ဆက္လက္ ၾကားနာ စစ္ေဆးေန


စစ္အာဏာသိမ္းၿပီးေနာက္ အဂတိလိုက္စားမႈေတြနဲ႔ တရားစြဲခံထားၾကရတဲ့ ျပည္နယ္နဲ႔တုိင္းဝန္ႀကီးခ်ဳပ္မ်ားအနက္က ေဒါက္တာေအာင္မိုးညိဳ (မေကြး)၊ ေဒါက္တာေဇာ္ျမင့္ေမာင္ (ယာ) တို႔အား သမၼတဦးဝင္းျမင့္နဲ႔အတူ ေတြ႔ရစဥ္။ (ဇူလိုင္ ၂၁၊ ၂၀၂၀)

{{Zawgyi/Unicode}}

စစ္တပ္အာဏာသိမ္းယူၿပီးကတည္းက ဖမ္းဆီးခံထားရတဲ့ မေကြးတုိင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မုိးညိဳရဲ႕ အမႈေတြထဲက ပုဒ္မ ၅၀၅-ခ အမႈအတြက္ ေထာင္ဒဏ္ ၂ ႏွစ္ခ်မွတ္ထားတဲ့အေပၚအယူခံကို ခရိုင္တရားရံုးက ပယ္ခ်လိုက္တယ္လို႔ သူ႔ေ႐ွ႕ေနက ေျပာပါတယ္။ ကာယကံရွင္ဆႏၵအရ အမႈအတြက္ ဆက္ၿပီးအယူခံတင္ေတာ့မွာ မဟုတ္ဘူးလို႔လည္း ေ႐ွ႕ေနက ေျပာလိုက္ပါတယ္။ မေကြးတုိင္းဝန္ႀကီးခ်ဳပ္လိုပဲ တရားစဲြခံထားရတဲ့ တျခားျပည္နယ္ ဝန္ႀကီးခ်ဳပ္တခ်ဳိ႕ရဲ႕ အမႈေနာက္ဆံုး အေျခအေနေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးက စုစည္းတင္ျပေပးထားပါတယ္။

အမ်ားျပည္သူတည္ၿငိမ္းေအးခ်မ္းမႈ ပ်က္ျပားေအာင္ လႈ႔ံေဆာ္လုပ္ေဆာင္မႈ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅-ခ နဲ႔ ဇြန္လထဲမွာ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၂ ႏွစ္ ခ်ခံထားရတဲ့ မေကြးဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳအမႈအတြက္ သူ႔ေ႐ွ႕ေနက ျပင္ဆင္ခ်က္အယူခံတင္ထားတာကို ခ႐ိုင္တရား႐ံုးက ပယ္ခ်လိုက္ပါတယ္။ ခုလို ပယ္ခ်လိုက္ၿပီးေနာက္ ေဒါက္တာေအာင္မုိးညိဳရဲ႕ဆႏၵအရ ထပ္ၿပီး အယူခံဝင္ေတာ့မွာမဟုတ္ဘူးလို႔ သူ႔ရဲ႕ ေ႐ွ႕ေနက ခုလိုေျပာျပပါတယ္။

“အဲဒါအယူခံကို ပလပ္လိုက္တယ္။ အယူခံကို ပယ္တာေပါ့။ ၿပီးခဲ့တဲ့ ရံုးခ်ိန္းကေပါ့။ ခရိုင္တရားသူႀကီးက အမိန့္ ခ်တာေပါ့။ ၅၀၅ နဲ႔ ပတ္သက္လို႔ ကာယကံရွင္ ေဒါက္တာေအာင္မိုးညိဳကေတာ့ အထက္မတက္ေတာ့ဘူး ေျပာပါတယ္။”

ေဒါက္တာေအာင္မိုးညိဳအေပၚ စစ္ေကာင္စီက ပုဒ္မ ၅၀၅-ခနဲ႔ ေထာင္ဒဏ္ခ်ထားတဲ့အျပင္ အဂတိလိုက္ စားမႈ ၇ မႈနဲ႔လည္း တရားစြဲထားပါတယ္။ ဒီေန႔ တနလၤာေန႔မွာ အဲဒီအမႈေတြအတြက္ ၾကားနာစစ္ေဆးခဲ့တာနဲ႔ပတ္သက္လို႔ ေ႐ွ႕ေနက ခုလိုေျပာျပပါတယ္။

“ဒီေန႔ စစ္ရတာေတာ့ ေဒါက္တာေအာင္မိုးညိဳ အမႈနံပါတ္ ၅ က သက္ေသရယ္၊ နံပါတ္ ၆ က တရားလိုကို ျပန္လွန္ေမးခြန္း ထုတ္တယ္။ အမႈနံပါတ္ ၇ ကေတာ့ တရားလိုကို စစ္တယ္။ အဲဒါပဲ ရွိတယ္။ အဂတိနဲ႔ ပတ္သက္တာေပါ့၊ အမႈနံပါတ္ ၅ က တရားလိုျပသက္ေသစစ္တာေပါ့။ နံပါတ္ ၆ ကေတာ့ တရားလိုကို ျပန္လွန္ေမးတာေပါ့။ ၇ ကေတာ့ တရားလိုကို စစ္တာ။ အဲအဆင့္ဘဲရွိပါေသးတယ္။”

စစ္တပ္က အာဏာသိမ္းခဲ့ၿပီးေနာက္ NLD အစိုးရလက္ထက္က ဝန္ႀကီးခ်ဳပ္အားလံုးနီးပါးကို ဖမ္းဆီးၿပီး ေထာင္ဒဏ္ ၁၅ ႏွစ္အထိ ခ်မွတ္ႏုိင္တဲ့ အဂတိလုိက္စားမႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ တရားစြဲထားတာ႐ွိပါတယ္။ စစ္ကိုင္းတုိင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္၊ ႐ွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ မႏၱေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္နဲ႔ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံတို႔ ပါဝင္ပါတယ္။ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ဟာ အဂတိအမႈ ၅ မႈနဲ႔ တရားစြဲခံထားရၿပီး အပတ္စဥ္ေသာၾကာေန႔တိုင္း အမႈ ၾကားနာ စစ္ေဆးတာေတြလုပ္ေနတယ္လို႔ ေဒါက္တာလင္းထြဋ္နဲ႔အတူ အဂတိလိုက္စားမႈ ဥပေဒနဲ႔ တရားစြဲဆိုခံထားရတဲ့ စီမံဘ႑ာဝန္ႀကီး ဦးစိုးညႊန့္လြင္ရဲ႕ေ႐ွ႕ေနက ေျပာပါတယ္။

“ဝန္ၾကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ရယ္၊ စ္ီမံဘ႑ာဝန္ၾကီး ဦးစိုးညႊန့္လြင္ရယ္၊ ေစတန္ကုမၸဏီက မန္ေနဂ်ာျဖစ္တဲ့ ကိုစိုးမင္းထြန္းရယ္။ အဲဒီ ၃ေယာက္ ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးနဲ႔ စြဲထားတဲ့ အမႈေပါင္း ၅ မႈ ျဖစ္ပါတယ္။ အမႈ ၅ မႈမွာ ေစတန္ကုမၸဏီရဲ့မန္ေနဂ်ာက အမႈနံပါတ္ ၁ မွာပဲ ပါပါမယ္။ ဝန္ၾကီးခ်ုပ္ေဒါက္တာလင္းထြဋ္က အမႈနံပါတ္ ၁၊ ၂၊ ၃၊ ၄ အမႈ ၄ မႈမွာပါပါတယ္။ စီမံဘ႑ာ ဝန္ႀကီး ဦးစိုးညႊန္႔ လြင္ကေတာ့ ၂၊ ၃၊ ၄၊ ၅ ပါ။ ၄ မႈပါပဲ။ ေဒါက္တာလင္းထြဋ္က အမႈနံပါတ္ ၂ မွာ တေယာက္တည္း၊ စီမံဘ႑ာ ဝန္ႀကီး ဦးစိုးညႊန္႔လြင္က အမႈ နံပါတ္ ၅ မွာ တေယာက္တည္းပါ။ အမႈေတြက အပတ္စဥ္ေသာၾကာေန႔ တိုင္းစစ္ပါတယ္။ အမႈတိုးတက္မႈကေတာ့တရားလိုျပသက္ေသေတြ အကုန္ နီးပါးစစ္ၿပီးသေလာက္ျဖစ္ေနပါၿပီ။”

စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္နိုင္အေပၚ ၅၀၅-ခ အျပင္ အဂတိလိုက္စားမႈ ဥပေဒ ပုဒ္မ ၅၅ နဲ႔ ၇ မႈ နဲ႔ တရားစြဲထားတယ္လို႔ စံုစမ္းသိရွိရပါတယ္။ ဝန္ႀကီးခ်ဳပ္ေတြရဲ့ အမႈေတြနဲ႔ ပတ္သတ္လို႔ သူတုိ႔ရဲ႕ ေ႐ွ႕ေနေတြဘက္က လံုၿခံဳေရးအေျခအေနေၾကာင့္ ႐ွင္းလင္း ေျပာျပႏိုင္ျခင္းမ႐ွိပါဘူး။ ဒါေၾကာင့္ သူရဲ႕ အမႈ ေနာက္ဆံုး အေျခအေနကို မသိႏုိင္ေသးဘူးျဖစ္ေနပါတယ္။

လက္႐ွိမွာ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္ကို အဂတိလိုက္စားမႈ၊ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားေအာင္လုပ္တယ္ဆုိတဲ့ အမႈေတြအတြက္ စုေပါင္း ေထာင္ဒဏ္ ၇၇ ႏွစ္ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုကို အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားေအာင္လုပ္မႈနဲ႔ စစ္ေကာင္စီက ေထာင္ဒဏ္ ၂ ႏွစ္ ခ်ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


===========

{{Unicode}}

တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်အမှုတွေ ဆက်လက် ကြားနာ စစ်ဆေးနေ

စစ်တပ်အာဏာသိမ်းယူပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုရဲ့ အမှုတွေထဲက ပုဒ်မ ၅၀၅-ခ အမှုအတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ထားတဲ့အပေါ်အယူခံကို ခရိုင်တရားရုံးက ပယ်ချလိုက်တယ်လို့ သူ့ရှေ့နေက ပြောပါတယ်။ ကာယကံရှင်ဆန္ဒအရ အမှုအတွက် ဆက်ပြီးအယူခံတင်တော့မှာ မဟုတ်ဘူးလို့လည်း ရှေ့နေက ပြောလိုက်ပါတယ်။ မကွေးတိုင်းဝန်ကြီးချုပ်လိုပဲ တရားစွဲခံထားရတဲ့ တခြားပြည်နယ် ဝန်ကြီးချုပ်တချို့ရဲ့ အမှုနောက်ဆုံး အခြေအနေတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက စုစည်းတင်ပြပေးထားပါတယ်။

အများပြည်သူတည်ငြိမ်းအေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်လုပ်ဆောင်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ခ နဲ့ ဇွန်လထဲမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချခံထားရတဲ့ မကွေးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုအမှုအတွက် သူ့ရှေ့နေက ပြင်ဆင်ချက်အယူခံတင်ထားတာကို ခရိုင်တရားရုံးက ပယ်ချလိုက်ပါတယ်။ ခုလို ပယ်ချလိုက်ပြီးနောက် ဒေါက်တာအောင်မိုးညိုရဲ့ဆန္ဒအရ ထပ်ပြီး အယူခံဝင်တော့မှာမဟုတ်ဘူးလို့ သူ့ရဲ့ ရှေ့နေက ခုလိုပြောပြပါတယ်။

“အဲဒါအယူခံကို ပလပ်လိုက်တယ်။ အယူခံကို ပယ်တာပေါ့။ ပြီးခဲ့တဲ့ ရုံးချိန်းကပေါ့။ ခရိုင်တရားသူကြီးက အမိန့် ချတာပေါ့။ ၅၀၅ နဲ့ ပတ်သက်လို့ ကာယကံရှင် ဒေါက်တာအောင်မိုးညိုကတော့ အထက်မတက်တော့ဘူး ပြောပါတယ်။”

ဒေါက်တာအောင်မိုးညိုအပေါ် စစ်ကောင်စီက ပုဒ်မ ၅၀၅-ခနဲ့ ထောင်ဒဏ်ချထားတဲ့အပြင် အဂတိလိုက် စားမှု ၇ မှုနဲ့လည်း တရားစွဲထားပါတယ်။ ဒီနေ့ တနင်္လာနေ့မှာ အဲဒီအမှုတွေအတွက် ကြားနာစစ်ဆေးခဲ့တာနဲ့ပတ်သက်လို့ ရှေ့နေက ခုလိုပြောပြပါတယ်။

“ဒီနေ့ စစ်ရတာတော့ ဒေါက်တာအောင်မိုးညို အမှုနံပါတ် ၅ က သက်သေရယ်၊ နံပါတ် ၆ က တရားလိုကို ပြန်လှန်မေးခွန်း ထုတ်တယ်။ အမှုနံပါတ် ၇ ကတော့ တရားလိုကို စစ်တယ်။ အဲဒါပဲ ရှိတယ်။ အဂတိနဲ့ ပတ်သက်တာပေါ့၊ အမှုနံပါတ် ၅ က တရားလိုပြသက်သေစစ်တာပေါ့။ နံပါတ် ၆ ကတော့ တရားလိုကို ပြန်လှန်မေးတာပေါ့။ ၇ ကတော့ တရားလိုကို စစ်တာ။ အဲအဆင့်ဘဲရှိပါသေးတယ်။”

စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် NLD အစိုးရလက်ထက်က ဝန်ကြီးချုပ်အားလုံးနီးပါးကို ဖမ်းဆီးပြီး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲထားတာရှိပါတယ်။ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့ ပါဝင်ပါတယ်။ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ဟာ အဂတိအမှု ၅ မှုနဲ့ တရားစွဲခံထားရပြီး အပတ်စဉ်သောကြာနေ့တိုင်း အမှု ကြားနာ စစ်ဆေးတာတွေလုပ်နေတယ်လို့ ဒေါက်တာလင်းထွဋ်နဲ့အတူ အဂတိလိုက်စားမှု ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွှန့်လွင်ရဲ့ရှေ့နေက ပြောပါတယ်။

“ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ရယ်၊ စ်ီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွှန့်လွင်ရယ်၊ စေတန်ကုမ္ပဏီက မန်နေဂျာဖြစ်တဲ့ ကိုစိုးမင်းထွန်းရယ်။ အဲဒီ ၃ယောက် ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ စွဲထားတဲ့ အမှုပေါင်း ၅ မှု ဖြစ်ပါတယ်။ အမှု ၅ မှုမှာ စေတန်ကုမ္ပဏီရဲ့မန်နေဂျာက အမှုနံပါတ် ၁ မှာပဲ ပါပါမယ်။ ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က အမှုနံပါတ် ၁၊ ၂၊ ၃၊ ၄ အမှု ၄ မှုမှာပါပါတယ်။ စီမံဘဏ္ဍာ ဝန်ကြီး ဦးစိုးညွှန့် လွင်ကတော့ ၂၊ ၃၊ ၄၊ ၅ ပါ။ ၄ မှုပါပဲ။ ဒေါက်တာလင်းထွဋ်က အမှုနံပါတ် ၂ မှာ တယောက်တည်း၊ စီမံဘဏ္ဍာ ဝန်ကြီး ဦးစိုးညွှန့်လွင်က အမှု နံပါတ် ၅ မှာ တယောက်တည်းပါ။ အမှုတွေက အပတ်စဉ်သောကြာနေ့ တိုင်းစစ်ပါတယ်။ အမှုတိုးတက်မှုကတော့တရားလိုပြသက်သေတွေ အကုန် နီးပါးစစ်ပြီးသလောက်ဖြစ်နေပါပြီ။”

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အပေါ် ၅၀၅-ခ အပြင် အဂတိလိုက်စားမှု ဥပဒေ ပုဒ်မ ၅၅ နဲ့ ၇ မှု နဲ့ တရားစွဲထားတယ်လို့ စုံစမ်းသိရှိရပါတယ်။ ဝန်ကြီးချုပ်တွေရဲ့ အမှုတွေနဲ့ ပတ်သတ်လို့ သူတို့ရဲ့ ရှေ့နေတွေဘက်က လုံခြုံရေးအခြေအနေကြောင့် ရှင်းလင်း ပြောပြနိုင်ခြင်းမရှိပါဘူး။ ဒါကြောင့် သူရဲ့ အမှု နောက်ဆုံး အခြေအနေကို မသိနိုင်သေးဘူးဖြစ်နေပါတယ်။

လက်ရှိမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အဂတိလိုက်စားမှု၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်လုပ်တယ်ဆိုတဲ့ အမှုတွေအတွက် စုပေါင်း ထောင်ဒဏ် ၇၇ နှစ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို အများပြည်သူ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်လုပ်မှုနဲ့ စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ် ချထားပါတယ်။

#ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်တွေ#အောင်မိုးညို#လင်းထွဋ်#ပုဒ်မ၅၀၅(ခ)#ဦးစိုးညွန့်လွင်#ဇော်မြင့်မောင်#နန်းခင်ထွေးမြင့်#ဦးညီပု#ဒေါက်တာအေးဇံ
===========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG