သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

EAO အဖြဲ႔ဝင္နဲ႔ ဆက္စပ္သူ ၁၀၀ ေက်ာ္ အမႈပိတ္သိမ္းေၾကာင္း စစ္ေကာင္စီေၾကညာ


AA ရခုိင္လက္နက္ကိုင္အဖြဲ႔ေခါင္းေဆာင္ရဲ႕ မိသားစုဝင္မ်ား။

{{Zawgyi/Unicode}}

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔အပါအဝင္ တိုင္းရင္းသားလက္နက္ကိုင္ ခုနွစ္ဖြဲ႔နဲ႔ဆက္စပ္ၿပီး ဖမ္းဆီးတရားစြဲဆိုခံထားရသူ ၁၀၀ ေက်ာ္ရဲ႕အမႈေတြကို ရုပ္သိမ္းလိုက္တယ္လို႔ စစ္တပ္က ဒီကေန႔ထုတ္ျပန္ပါတယ္။ အဲဒီထဲမွာ ရခိုင္လက္ နက္ကိုင္ AA အဖြဲ႔က ၆၃ ဦးနဲ႔ အမ်ားဆံုးပါဝင္ပါတယ္။ အမႈပိတ္လုိက္တဲ့အဖဲြ႔ဝင္ ဒုတိယအမ်ားဆံုးျဖစ္တဲ့ ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ KIA ကေတာ့ ျပန္လြတ္ေပးတာကို ႀကိဳဆိုေပမယ့္ အမႈပိတ္ေပးလုိက္သူေတြရဲ႕ ေနာက္ဆက္တဲြ ဘာမွမသိရဘူးလို႔ ဗီြအိုေအကို ေျပာပါတယ္။ ဒီအေၾကာင္းအျပည့္အစံု ရန္ကုန္ကလာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းက ေျပာျပပါမယ္။

တႏိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA လက္မွတ္ေရးထိုးတာ ၆ နွစ္ျပည္႔ အထိမ္းအမွတ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ ဝင္ေတြနဲ႔ ဆက္စပ္ပါဝင္သူ ၁၁၄ ေယာက္အေပၚ တရားစြဲထားတဲ့ အမႈေတြကို ပိတ္သိမ္းလိုက္တယ္လို႔ စစ္တပ္က ေၾကျငာခ်က္ ထုတ္ျပန္တာပါ။

ထုတ္ျပန္ခ်က္အရ တရား႐ံုးအသီးသီးမွာ အမႈရင္ဆိုင္ေနရသူေတြထဲက အမႈပိတ္သိမ္းခံရသူေတြထဲမွာ အမ်ားဆံုးက ရခိုင္လက္နက္ကုိင္ AA အဖဲြ႔ကျဖစ္ၿပီး ၆၃ ေယာက္ျဖစ္ပါတယ္။ ဒုတိယအမ်ားဆံုးက ကခ်င္လက္နက္ကိုင္ KIA ကျဖစ္ၿပီး ၂၃ ဦးပါဝင္ပါတယ္။ အခုလို စစ္တပ္က အမႈေတြ ပိတ္သိမ္းေပးတာကို ႀကိဳဆိုေပမဲ့ အမႈပိတ္ေပးလိုက္သူေတြနဲ႔ ပတ္သက္လို႔ ဘာမွမသိရဘူးလို႔ KIA ေျပာခြင့္ရ ဗုိလ္မွဴးႀကီး ေနာ္ဘူက ဗီအိုေအကို ေျပာပါတယ္။

“အဲလိုမ်ိဳးလႊတ္ေပးတာကေတာ့ ေကာင္းပါတယ္။ ေကာင္းတဲ့လကၡဏာျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔လႊတ္ေပးတဲ့ပုဂိၢုလ္ေတြကေတာ့ က်ေနာ္တု႔ိ KIO က ဝန္ထမ္းေတြလား၊ ဒါမွမဟုတ္လို႔ရွိရင္ KIO နဲ႔ ပတ္သက္ေနတဲ့ ျပည္သူလူထုေတြလား၊ ဘယ္ကသူေတြလဲဆိုတာေတာ့ က်ေနာ္တို႔လည္း ဘာမွမသိရေသးပါဘူး။ က်ေနာ္တို႔ကိုလည္း အေၾကာင္းၾကားတာလည္း မရွိပါဘူး။ သူတို႔လႊတ္ေပးတဲ့လူေတြ အားလံုးက က်ေနာ္တို႔နဲ႔ ပတ္သက္မႈ ရွိမရွိဆိုတာကေတာ့ က်ေနာ္တို႔လည္း ဘာမွေျပာလို႔မရေသးပါဘူး။”

အမႈေတြ ပိတ္ေပးလိုက္တဲ့ထဲမွာ AA နဲ႔ KIO အဖြဲ႔ေတြအျပင္ ကရင္လက္နက္ကိုင္ KNU/KNLA (PC) က ၁ ဦး၊ ကုိးကန္႔လက္နက္ကိုင္က ၁ ဦး၊ ႐ွမ္းျပည္ေတာင္ပိုင္း တပ္မေတာ္ RCSS/SSA က ၁၂ ဦး၊ ႐ွမ္းျပည္ေျမာက္ပိုင္းတပ္မေတာ္ SSPP/SSA က ၅ ဦး နဲ႔ တအာင္းအမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ TNLA က ၁၁ ဦးပါဝင္တယ္လို႔ စစ္တပ္ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ဘက္က ဖမ္းဆီးထားတဲ့ တပ္မေတာ္သား စစ္သံု႔ပန္းေတြနဲ႔ ဌာနဆိုင္ရာဝန္ထမ္းေတြကို ျပန္လြတ္ေပးတာလည္းရွိခဲ့သလို တပ္မေတာ္ဘက္ကလည္း AA အဖြဲ႔နဲ႔ ဆက္စပ္သူေတြကို မၾကာခဏဆိုသလို ျပန္လႊတ္ေပးတာေတြရွိေနတာပါ။

AA အဖဲြ႔ဝင္ေတြ တရားစြဲခံေနရတဲ့ အမႈေတြအေပၚ စစ္တပ္က ပိတ္သိမ္းေပးလိုက္တာနဲ႔ပတ္သက္လို႔ AA ဘက္က သေဘာထားတစံုတရာ တံု႔ျပန္ျခင္း မ႐ွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


-----------

{{Unicode}}

EAO အဖွဲ့ဝင်နဲ့ ဆက်စပ်သူ ၁၀၀ ကျော် အမှုပိတ်သိမ်းကြောင်း စစ်ကောင်စီကြေညာ

ရခိုင်လက်နက်ကိုင် AA အဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ခုနှစ်ဖွဲ့နဲ့ဆက်စပ်ပြီး ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၁၀၀ ကျော်ရဲ့အမှုတွေကို ရုပ်သိမ်းလိုက်တယ်လို့ စစ်တပ်က ဒီကနေ့ထုတ်ပြန်ပါတယ်။ အဲဒီထဲမှာ ရခိုင်လက် နက်ကိုင် AA အဖွဲ့က ၆၃ ဦးနဲ့ အများဆုံးပါဝင်ပါတယ်။ အမှုပိတ်လိုက်တဲ့အဖွဲ့ဝင် ဒုတိယအများဆုံးဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကတော့ ပြန်လွတ်ပေးတာကို ကြိုဆိုပေမယ့် အမှုပိတ်ပေးလိုက်သူတွေရဲ့ နောက်ဆက်တွဲ ဘာမှမသိရဘူးလို့ ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးတာ ၆ နှစ်ပြည့် အထိမ်းအမှတ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဝင်တွေနဲ့ ဆက်စပ်ပါဝင်သူ ၁၁၄ ယောက်အပေါ် တရားစွဲထားတဲ့ အမှုတွေကို ပိတ်သိမ်းလိုက်တယ်လို့ စစ်တပ်က ကြေငြာချက် ထုတ်ပြန်တာပါ။

ထုတ်ပြန်ချက်အရ တရားရုံးအသီးသီးမှာ အမှုရင်ဆိုင်နေရသူတွေထဲက အမှုပိတ်သိမ်းခံရသူတွေထဲမှာ အများဆုံးက ရခိုင်လက်နက်ကိုင် AA အဖွဲ့ကဖြစ်ပြီး ၆၃ ယောက်ဖြစ်ပါတယ်။ ဒုတိယအများဆုံးက ကချင်လက်နက်ကိုင် KIA ကဖြစ်ပြီး ၂၃ ဦးပါဝင်ပါတယ်။ အခုလို စစ်တပ်က အမှုတွေ ပိတ်သိမ်းပေးတာကို ကြိုဆိုပေမဲ့ အမှုပိတ်ပေးလိုက်သူတွေနဲ့ ပတ်သက်လို့ ဘာမှမသိရဘူးလို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ဗီအိုအေကို ပြောပါတယ်။

“အဲလိုမျိုးလွှတ်ပေးတာကတော့ ကောင်းပါတယ်။ ကောင်းတဲ့လက္ခဏာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့လွှတ်ပေးတဲ့ပုဂ္ဂိုလ်တွေကတော့ ကျနော်တု့ိ KIO က ဝန်ထမ်းတွေလား၊ ဒါမှမဟုတ်လို့ရှိရင် KIO နဲ့ ပတ်သက်နေတဲ့ ပြည်သူလူထုတွေလား၊ ဘယ်ကသူတွေလဲဆိုတာတော့ ကျနော်တို့လည်း ဘာမှမသိရသေးပါဘူး။ ကျနော်တို့ကိုလည်း အကြောင်းကြားတာလည်း မရှိပါဘူး။ သူတို့လွှတ်ပေးတဲ့လူတွေ အားလုံးက ကျနော်တို့နဲ့ ပတ်သက်မှု ရှိမရှိဆိုတာကတော့ ကျနော်တို့လည်း ဘာမှပြောလို့မရသေးပါဘူး။”

အမှုတွေ ပိတ်ပေးလိုက်တဲ့ထဲမှာ AA နဲ့ KIO အဖွဲ့တွေအပြင် ကရင်လက်နက်ကိုင် KNU/KNLA (PC) က ၁ ဦး၊ ကိုးကန့်လက်နက်ကိုင်က ၁ ဦး၊ ရှမ်းပြည်တောင်ပိုင်း တပ်မတော် RCSS/SSA က ၁၂ ဦး၊ ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP/SSA က ၅ ဦး နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ၁၁ ဦးပါဝင်တယ်လို့ စစ်တပ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က ဖမ်းဆီးထားတဲ့ တပ်မတော်သား စစ်သုံ့ပန်းတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ပြန်လွတ်ပေးတာလည်းရှိခဲ့သလို တပ်မတော်ဘက်ကလည်း AA အဖွဲ့နဲ့ ဆက်စပ်သူတွေကို မကြာခဏဆိုသလို ပြန်လွှတ်ပေးတာတွေရှိနေတာပါ။

AA အဖွဲ့ဝင်တွေ တရားစွဲခံနေရတဲ့ အမှုတွေအပေါ် စစ်တပ်က ပိတ်သိမ်းပေးလိုက်တာနဲ့ပတ်သက်လို့ AA ဘက်က သဘောထားတစုံတရာ တုံ့ပြန်ခြင်း မရှိသေးပါဘူး။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #EAO #voaburmese #စစ်အာဏာသိမ်းမှု #ငြိမ်းချမ်းရေး #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG