သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီက ေရြးေကာက္ပြဲရလဒ္ ပယ္ဖ်က္တဲ့အေပၚ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြ ေဝဖန္


NCA အပစ္ရပ္လက္မွတ္ထိုးအဖြဲ႔ေတြရဲ႕ ၂ ရက္ၾကာ အြန္လိုင္းအစည္းအေဝး

Zawgyi/unicode

စစ္ေကာင္စီဘက္က ၂၀၂၀ ေရြးေကာက္ပြဲရလဒ္ပ်က္ျပယ္ေၾကာင္း ေၾကညာခ်က္ ဟာ တိုင္းျပည္ရဲ႕ ဒီမိုကေရစီအသြင္ကူးေျပာင္းမႈျဖစ္စဥ္ကို ေနာက္ျပန္ဆုတ္ေစတဲ့ မသင့္ေလ်ာ္တဲ့လုပ္ရပ္ျဖစ္ေၾကာင္း တႏိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းေတြက ထုတ္ျပန္ေျပာဆိုလိုက္ပါတယ္။ ႏိုင္ငံတကာရဲ႕ ၾကားဝင္ေစ့စပ္မႈနဲ႔ အာဆီယံရဲ႕ အထူူးသံတမန္ခန္႔အပ္မႈကို ႀကိဳဆိုေၾကာင္းလည္း NCAလက္နက္ကိုင္အဖြဲ႔ေတြရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႔ PPST ရဲ႕ အစည္းအေဝးအၿပီး အခုလိုသေဘာထားထုတ္ျပန္လိုက္တာပါ။ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ အထိန္းသိမ္းခံႏိုင္ငံေရးအက်ဥ္းသားအားလံုး ႁခြင္းခ်က္မရွိျပန္လႊတ္ေပးဖို႔ပါ ေတာင္းဆိုလိုက္တဲ့အေၾကာင္း ဆက္သြယ္ေမးျမန္းထားတဲ့ မဆုမြန္ တင္ျပေပးပါမယ္။

တႏိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းေတြရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႔ PPST အဖြဲ႔ဝင္ေတြစုေဝးၿပီး ၂၀၂၁ခုႏွစ္ ၾသဂုတ္လ (၄) ရက္နဲ႔ (၅) ရက္ေန႔ ႏွစ္ရက္ဆက္ စည္းေဝးက်င္းပခဲ့ၾကၿပီး ႏိုင္ငံမွာ လက္ရွိရင္ဆိုင္ေနရတဲ့ ႏိုင္ငံေရး၊ လူမႈေရး အေထြအေထြအက်ပ္အတည္းေတြနဲ႔ပတ္သက္လို႔ ဒီကေန႔ ၾသဂုတ္လ (၅) ရက္ေန႔မွာ သေဘာထားသံုးရပ္ ထုတ္ျပန္လိုက္ပါတယ္။ အဓိက ၂၀၂၀ ေရြးေကာက္ပြဲရလဒ္ပ်က္ျပယ္ေၾကာင္း စစ္ေကာင္စီဘက္က ဖ်က္သိမ္းေၾကာင္း ေၾကညာခ်က္ဟာ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးကို ေနာက္ျပန္ဆုတ္ေစတဲ့လုပ္ရပ္ျဖစ္ၿပီး ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းလမ္းနဲ႔ေျဖရွင္းဖို႔ NCA လက္မွတ္ထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြဘက္က တိုက္တြန္းလိုက္တဲ့အေၾကာင္း PNLO ရဲ႕ဒုဥကၠ႒ ဦးခြန္ျမင့္ထြန္းကေျပာပါတယ္။

“၂၀၂၀ေရြးေကာက္ပြဲရလဒ္ကို ပ်က္ျပယ္ေၾကာင္း ေၾကညာတယ္။ ပယ္ဖ်က္ပစ္တာေပါ့ေလ စစ္ေကာင္စီကေနၿပီး။ က်ေနာ္တို႔အေနနဲ႔ ဒါဟာ မသင့္ေတာ္တဲ့လုပ္ရပ္ျဖစ္ေၾကာင္း ဒါကို က်ေနာ္တို႔က ထုတ္ျပန္ေၾကညာတာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္တို႔တိုင္းျပည္ရဲ႕ တိုးတက္မႈျဖစ္စဥ္ ဒီမိုကေရစီအသြင္ ကူးေျပာင္းတဲ့ တိုးတက္မႈျဖစ္စဥ္အေနနဲ႔ ၂၀၂၀ ေရြးေကာက္ပြဲကို က်ေနာ္တို႔ ရႈျမင္ခဲ့ၾကတယ္။ ၿပီးေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔အေနနဲ႔ ၂၀၂၀ ေရြးေကာက္ပြဲရလဒ္ကို အသိအမွတ္ျပဳတဲ့အေၾကာင္း အဲ့တာကိုလည္း က်ေနာ္တို႔အေနနဲ႔ ထုတ္ျပန္ေၾကညာခဲ့ၿပီးျဖစ္ပါတယ္။ က်ေနာ္တို႔က ၂၀၂၀ ျပည့္ႏွစ္ေရြးေကာက္ပြဲရလဒ္ကို အသိအမွတ္ျပဳခဲ့တဲ့အတြက္ ၂၀၂၀ ေရြးေကာက္ပြဲရလဒ္ကို ပယ္ဖ်က္တဲ့လုပ္ရပ္ကိုက်ေနာ္တို႔က ကန္႔ကြက္တာျဖစ္ပါတယ္။ ေနာက္တခုက ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းနဲ႔ေျဖရွင္းဖို႔ ႀကီးစြာေသာ အဟန္႔အတားျဖစ္တယ္ တနည္းအားျဖင့္ ေျပာရရင္ ႏိုင္ငံေရးေဘာင္ကို က်ဥ္းသထက္ က်ဥ္းသြားၿပီးေတာ့ စစ္ေရးေဘာင္ေတြကို က်ယ္သထက္ က်ယ္လာမွာကို က်ေနာ္တို႔ စိုးရိမ္တဲ့အတြက္ ဒါကို ထုတ္ျပန္တာျဖစ္ပါတယ္။”

စစ္အာဏာသိမ္းလိုက္ခ်ိန္ကစလို႔ အဖမ္းဆီးထိန္းသိမ္းခံရၿပီး ဥပေဒပုဒ္မမ်ိဳးစုံနဲ႔တရားစြဲဆိုခံေနရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ သမၼတဦးဝင္းျမင့္နဲ႔ CDM ဝန္ထမ္းေတြအပါအဝင္ အထိန္းသိမ္းခံျပည္သူေတြအားလံုးကို ႁခြင္းခ်က္မရွိျပန္လႊတ္ေပးဖို႔ကိုလည္း NCA လက္မွတ္ထိုးထားတဲ့အဖြဲ႔ေတြပူးေပါင္းထားတဲ့ PPST အဖြဲ႔က ေတာင္းဆိုတဲ့အေၾကာင္းလည္း ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ပူးတြဲေကာ္မတီ UPDJC အတြင္းေရးမွဴးအဖြဲ႔ဝင္လည္းျဖစ္တဲ့ ဦးခြန္ျမင့္ထြန္းကေျပာပါတယ္။

“အထူးအားျဖင့္ေတာ့ အခု ဖမ္းဆီးထိန္းသိမ္းထားတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတႀကီးဦးဝင္းျမင့္နဲ႔တကြ ဖမ္းဆီးထိန္းသိမ္းထားတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြ ခ်က္ျခင္းလႊတ္ဖို႔ပါတယ္။ အဲ့ဒီ့လို လႊတ္ျခင္းအပါအဝင္ ဖမ္းဆီးထိန္းသိမ္းထားတဲ့ CDM ဝန္ထမ္းေတြ ဒီေႏြဦးေတာ္လွန္ေရးကာလတေလ်ာက္လံုး ဖမ္းဆီးထိန္းသိမ္းထားသူေတြ က်န္းမာေရးဝန္ထမ္းေတြအပါအဝင္ က်ေနာ္တို႔တိုင္းျပည္မွာရွိတဲ့ ဒီမိုကေရစီအင္အားစုေတြ အကုန္လံုးကို အျမန္ဆံုးလႊတ္ေပးဖို႔လိုတယ္။ ၿပီးရင္ ဒီေန႔ျဖစ္ေနတဲ့ စစ္ေရး ႏိုင္ငံေရးအက်ပ္အတည္းေတြကို စစ္ေကာင္စီအေနနဲ႔ကေတာ့ ႏိုင္ငံေရးျပႆနာေတြကို ႏိုင္ငံေရးနည္းလမ္းနဲ႔ မေျဖရွင္းပဲနဲ႔ ဒီလိုနည္းမ်ိဳးေတြနဲ႔ အင္အားသံုးေျဖရွင္းခဲ့တယ္ ထပ္မံၿပီးေတာ့မွ ဒီလိုနည္းလမ္းေတြနဲ႔ ထပ္သြားမယ္ဆိုရင္ က်ေနာ္တို႔ တိုင္းျပည္ဟာ အင္မတန္စိုးရိမ္စရာအေျခအေနပါ”

ျမန္မာႏိုင္ငံရဲ႕ လက္ရွိႏိုင္ငံေရးအက်ပ္အတည္းကို ေျဖရွင္းႏိုင္ေရး အာဆီယံရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာအထူးထိပ္သီးအစည္းအေဝး ဘံုသေဘာတူညီခ်က္(၅)ခ်က္ပါ အခ်က္ထဲက တခုျဖစ္တဲ့ အာဆီယံရဲ႕အထူးသံတမန္အျဖစ္ ဘ႐ူႏိုင္းႏိုင္ငံ ဒုႏိုင္ငံျခားေရးဝန္ႀကီးကို ခန္႔အပ္တဲ့အေပၚႀကိဳဆိုေၾကာင္းနဲ႔ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးစိန္ေခၚမႈေတြကို ႏိုင္ငံတကာရဲ႕ ၾကားဝင္ေစ့စပ္မႈကို NCA လက္နက္ကိုင္အဖြဲ႔ေတြဘက္က သေဘာထားထုတ္ျပန္ပါတယ္။

“ႏိုင္ငံတကာရဲ႕ ၾကားဝင္ေစ့စပ္မႈေတြနဲ႔ပတ္သက္ၿပီး က်ေနာ္တို႔ေၾကညာခ်က္မွာ အထူးျပဳၿပီး ေဖာ္ျပတာကႏိုင္ငံတကာရဲ႕ၾကားဝင္ေစ့စပ္မႈေတြကို က်ေနာ္တို႔တိုင္းျပည္ရဲ႕ လက္ေတြ႕အေျခအေနေတြနဲ႔ လိုက္ေလ်ာညီေထြေအာင္ ႀကိဳးပမ္းေဆာင္ရြက္ေပးသြားပါလို႔ က်ေနာ္တို႔ တိ္ုက္တြန္းေျပာဆိုထားတာရွိပါတယ္။ ဒီ အာဆီယံ အထူးကိုယ္စားလွယ္အေနနဲ႔ က်ေနာ္တို႔တိုင္းျပည္ရဲ႕ျပႆနာကို ဒီလိုၾကားဝင္ေစ့စပ္ေပးတာကို က်ေနာ္တို႔ႀကိဳဆိုတယ္။ သို႔ေသာ္လည္းပဲ အာဆီယံရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ႏိုင္ငံေရးအက်ဥ္းသားေတြ လႊတ္ေပးေရး ကိစၥမပါဝင္ခဲ့ဘူး။ အဲ့တာေၾကာင့္ လက္ေတြ႕က်တဲ့ႏိုင္ငံေရးအေျပာင္းအလဲေတြျဖစ္ဖို႔ ႀကိဳးပမ္းေဆာင္ရြက္သြားမယ္လို႔ က်ေနာ္တို႔ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။”

ျမန္မာႏိုင္ငံမွာ လက္တေလာရင္ဆိုင္ေနရတဲ့ ကိုဗစ္၁၉ တတိယလိႈင္းတေက်ာ့ျပန္ျပင္းျပင္းထန္ထန္ျဖစ္ပြားေနခ်ိန္ ႏိုင္ငံေရးအျမတ္ထုတ္မႈေတြမပါပဲ ျပည္သူလူထုရဲ႕အက်ိဳးစီးပြားကို ေရွးရႈ႕ၿပီး ကပ္ေရာဂါထိန္းခ်ဳပ္ ကာကြယ္ကုသေရးဆိုင္ရာ အေထာက္အကူအျပဳပစၥည္းေတြနဲ႔ ကာကြယ္ေဆးေတြ တိုင္းရင္းသားျပည္သူေတြလက္ထဲ အျမန္ဆံုးေရာက္ေစဖို႔ နယ္စပ္ျဖတ္ေက်ာ္သယ္ေဆာင္ႏိုင္ေရးအပါအဝင္ ႏိုင္ငံတကာအကူအညီေတြ အျမန္ဆံုးရႏိုင္ေရး အပစ္ရပ္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြဘက္က နည္းလမ္းေပါင္းစုံနဲ႔ ႀကိဳးပမ္းေဆာင္ရြက္သြားမယ္လို႔လည္း ဒီကေန႔ ေၾကညာခ်က္သေဘာထားထုတ္ျပန္လိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


=====

unicode

စစ်ကောင်စီက ရွေးကောက်ပွဲရလဒ် ပယ်ဖျက်တဲ့အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဝေဖန်

စစ်ကောင်စီဘက်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ပျက်ပြယ်ကြောင်း ကြေညာချက် ဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ကို နောက်ပြန်ဆုတ်စေတဲ့ မသင့်လျော်တဲ့လုပ်ရပ်ဖြစ်ကြောင်း တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ နိုင်ငံတကာရဲ့ ကြားဝင်စေ့စပ်မှုနဲ့ အာဆီယံရဲ့ အထူူးသံတမန်ခန့်အပ်မှုကို ကြိုဆိုကြောင်းလည်း NCAလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ရဲ့ အစည်းအဝေးအပြီး အခုလိုသဘောထားထုတ်ပြန်လိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အထိန်းသိမ်းခံနိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ပါ တောင်းဆိုလိုက်တဲ့အကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် တင်ပြပေးပါမယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင်တွေစုဝေးပြီး ၂၀၂၁ခုနှစ် သြဂုတ်လ (၄) ရက်နဲ့ (၅) ရက်နေ့ နှစ်ရက်ဆက် စည်းဝေးကျင်းပခဲ့ကြပြီး နိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ လူမှုရေး အထွေအထွေအကျပ်အတည်းတွေနဲ့ပတ်သက်လို့ ဒီကနေ့ သြဂုတ်လ (၅) ရက်နေ့မှာ သဘောထားသုံးရပ် ထုတ်ပြန်လိုက်ပါတယ်။ အဓိက ၂၀၂၀ ရွေးကောက်ပွဲရလဒ်ပျက်ပြယ်ကြောင်း စစ်ကောင်စီဘက်က ဖျက်သိမ်းကြောင်း ကြေညာချက်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို နောက်ပြန်ဆုတ်စေတဲ့လုပ်ရပ်ဖြစ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က တိုက်တွန်းလိုက်တဲ့အကြောင်း PNLO ရဲ့ဒုဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းကပြောပါတယ်။

“၂၀၂၀ရွေးကောက်ပွဲရလဒ်ကို ပျက်ပြယ်ကြောင်း ကြေညာတယ်။ ပယ်ဖျက်ပစ်တာပေါ့လေ စစ်ကောင်စီကနေပြီး။ ကျနော်တို့အနေနဲ့ ဒါဟာ မသင့်တော်တဲ့လုပ်ရပ်ဖြစ်ကြောင်း ဒါကို ကျနော်တို့က ထုတ်ပြန်ကြေညာတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့တိုင်းပြည်ရဲ့ တိုးတက်မှုဖြစ်စဉ် ဒီမိုကရေစီအသွင် ကူးပြောင်းတဲ့ တိုးတက်မှုဖြစ်စဉ်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကို ကျနော်တို့ ရှုမြင်ခဲ့ကြတယ်။ ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုတဲ့အကြောင်း အဲ့တာကိုလည်း ကျနော်တို့အနေနဲ့ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ကျနော်တို့က ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုခဲ့တဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်တဲ့လုပ်ရပ်ကိုကျနော်တို့က ကန့်ကွက်တာဖြစ်ပါတယ်။ နောက်တခုက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ကြီးစွာသော အဟန့်အတားဖြစ်တယ် တနည်းအားဖြင့် ပြောရရင် နိုင်ငံရေးဘောင်ကို ကျဉ်းသထက် ကျဉ်းသွားပြီးတော့ စစ်ရေးဘောင်တွေကို ကျယ်သထက် ကျယ်လာမှာကို ကျနော်တို့ စိုးရိမ်တဲ့အတွက် ဒါကို ထုတ်ပြန်တာဖြစ်ပါတယ်။”

စစ်အာဏာသိမ်းလိုက်ချိန်ကစလို့ အဖမ်းဆီးထိန်းသိမ်းခံရပြီး ဥပဒေပုဒ်မမျိုးစုံနဲ့တရားစွဲဆိုခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သမ္မတဦးဝင်းမြင့်နဲ့ CDM ဝန်ထမ်းတွေအပါအဝင် အထိန်းသိမ်းခံပြည်သူတွေအားလုံးကို ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ကိုလည်း NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေပူးပေါင်းထားတဲ့ PPST အဖွဲ့က တောင်းဆိုတဲ့အကြောင်းလည်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးခွန်မြင့်ထွန်းကပြောပါတယ်။

“အထူးအားဖြင့်တော့ အခု ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နဲ့တကွ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ချက်ခြင်းလွှတ်ဖို့ပါတယ်။ အဲ့ဒီ့လို လွှတ်ခြင်းအပါအဝင် ဖမ်းဆီးထိန်းသိမ်းထားတဲ့ CDM ဝန်ထမ်းတွေ ဒီနွေဦးတော်လှန်ရေးကာလတလျောက်လုံး ဖမ်းဆီးထိန်းသိမ်းထားသူတွေ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် ကျနော်တို့တိုင်းပြည်မှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေ အကုန်လုံးကို အမြန်ဆုံးလွှတ်ပေးဖို့လိုတယ်။ ပြီးရင် ဒီနေ့ဖြစ်နေတဲ့ စစ်ရေး နိုင်ငံရေးအကျပ်အတည်းတွေကို စစ်ကောင်စီအနေနဲ့ကတော့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းပဲနဲ့ ဒီလိုနည်းမျိုးတွေနဲ့ အင်အားသုံးဖြေရှင်းခဲ့တယ် ထပ်မံပြီးတော့မှ ဒီလိုနည်းလမ်းတွေနဲ့ ထပ်သွားမယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ဟာ အင်မတန်စိုးရိမ်စရာအခြေအနေပါ”

မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေး အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးထိပ်သီးအစည်းအဝေး ဘုံသဘောတူညီချက်(၅)ချက်ပါ အချက်ထဲက တခုဖြစ်တဲ့ အာဆီယံရဲ့အထူးသံတမန်အဖြစ် ဘရူနိုင်းနိုင်ငံ ဒုနိုင်ငံခြားရေးဝန်ကြီးကို ခန့်အပ်တဲ့အပေါ်ကြိုဆိုကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစိန်ခေါ်မှုတွေကို နိုင်ငံတကာရဲ့ ကြားဝင်စေ့စပ်မှုကို NCA လက်နက်ကိုင်အဖွဲ့တွေဘက်က သဘောထားထုတ်ပြန်ပါတယ်။

“နိုင်ငံတကာရဲ့ ကြားဝင်စေ့စပ်မှုတွေနဲ့ပတ်သက်ပြီး ကျနော်တို့ကြေညာချက်မှာ အထူးပြုပြီး ဖော်ပြတာကနိုင်ငံတကာရဲ့ကြားဝင်စေ့စပ်မှုတွေကို ကျနော်တို့တိုင်းပြည်ရဲ့ လက်တွေ့အခြေအနေတွေနဲ့ လိုက်လျောညီထွေအောင် ကြိုးပမ်းဆောင်ရွက်ပေးသွားပါလို့ ကျနော်တို့ တိုက်တွန်းပြောဆိုထားတာရှိပါတယ်။ ဒီ အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ ကျနော်တို့တိုင်းပြည်ရဲ့ပြဿနာကို ဒီလိုကြားဝင်စေ့စပ်ပေးတာကို ကျနော်တို့ကြိုဆိုတယ်။ သို့သော်လည်းပဲ အာဆီယံရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စမပါဝင်ခဲ့ဘူး။ အဲ့တာကြောင့် လက်တွေ့ကျတဲ့နိုင်ငံရေးအပြောင်းအလဲတွေဖြစ်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကျနော်တို့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ လက်တလောရင်ဆိုင်နေရတဲ့ ကိုဗစ်၁၉ တတိယလှိုင်းတကျော့ပြန်ပြင်းပြင်းထန်ထန်ဖြစ်ပွားနေချိန် နိုင်ငံရေးအမြတ်ထုတ်မှုတွေမပါပဲ ပြည်သူလူထုရဲ့အကျိုးစီးပွားကို ရှေးရှု့ပြီး ကပ်ရောဂါထိန်းချုပ် ကာကွယ်ကုသရေးဆိုင်ရာ အထောက်အကူအပြုပစ္စည်းတွေနဲ့ ကာကွယ်ဆေးတွေ တိုင်းရင်းသားပြည်သူတွေလက်ထဲ အမြန်ဆုံးရောက်စေဖို့ နယ်စပ်ဖြတ်ကျော်သယ်ဆောင်နိုင်ရေးအပါအဝင် နိုင်ငံတကာအကူအညီတွေ အမြန်ဆုံးရနိုင်ရေး အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ဒီကနေ့ ကြေညာချက်သဘောထားထုတ်ပြန်လိုက်ပါတယ်။

#KunMyintHtun#MyanmarMilitaryCoup#NCA#SuuKyi#WinMyint#VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG