သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းတႏွစ္ျပည့္ေပမယ့္ ျပည္တြင္းျပည္ပဖိအားေတြရွိေနဆဲ


စစ္ကိုင္းတုိင္း၊ မံုရြာၿမိဳ႕က စစ္အာဏာသိမ္းမႈဆန္႔က်င္ေရးလႈပ္ရွားမႈျမင္ကြင္း။ ( မတ္လ ၂၉ ၊ ၂၀၂၁)

[[Zawgyi/Unicode]]

စစ္တပ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာ တႏွစ္ၾကာျမင့္လာခ်ိန္ထိ စစ္တပ္က အာဏာကို ဆက္လက္ ဆုပ္ကိုင္ထားဆဲျဖစ္သလို ေ႐ြးေကာက္တင္ေျမႇာက္ခံထားရတဲ့ ေခါင္းေဆာင္ေတြကိုလည္း ႏွစ္ရွည္ေထာင္ဒဏ္ေတြခ်မွတ္ေနပါတယ္။ တဘက္မွာ အာဏာသိမ္းမႈကိုဆန႔္က်င္တဲ့ ျပည္သူေတြဟာ စစ္ေကာင္စီ အုပ္ခ်ဳပ္ လို႔မရေအာင္ ဆက္ၿပီး ခုခံဆန႔္က်င္ေနၾကဆဲျဖစ္ေၾကာင္း ဗြီအိုေအ ကုလသမဂၢသတင္းေထာက္ Margaret Besheer ရဲ႕ သတင္းလႊာကို မအင္ၾကင္းႏိုင္က တင္ျပေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ ၂၀၂ဝ ျပည့္ ႏိုဝင္ဘာေ႐ြးေကာက္ပြဲရလဒ္ကို စစ္တပ္ကပယ္ခ်ၿပီး ၂၀၂၁၊ ေဖေဖၚဝါရီလ ၁ ရက္မွာ အရပ္သားအစိုးရကိုျဖဳတ္ခ် အာဏာသိမ္းၿပီးကတည္းက တိုင္းျပည္ဟာ ပရမ္းပတာနဲ႔ အၾကမ္းဖက္မႈမ်ားေအာက္ နစ္မြန္းခဲ့ရပါတယ္။

အာဏာသိမ္းမႈကိုဆန႔္က်င္တဲ့ ႏိုင္ငံအႏွံ႔ဆႏၵျပပြဲေတြကို စစ္တပ္က ၿဖိဳခြင္းရာမွာ ဒါဇင္နဲ႔ခ်ီတဲ့ ကေလးငယ္အေရအတြက္အပါအဝင္ အရပ္သားေပါင္း ၁,၅၀၀ ေလာက္ ေသဆုံးခဲ့ၿပီး လူေပါင္း ေထာင္နဲ႔ခ်ီ ဖမ္းဆီးခံထားရေၾကာင္း လူ႔အခြင့္အေရးအဖြဲ႕ေတြက သတင္းထုတ္ျပန္ထားပါတယ္။

အာဏာသိမ္းစစ္ေကာင္စီက အၾကမ္းဖက္ဖိႏွိပ္ေနေပမဲ့လည္း ဒီမိုကေရစီႏိုင္ငံကို ျပန္လည္ထူေထာင္ဖို႔ ေတာင္းဆိုလႈပ္ရွားေနတဲ့ ျမန္မာျပည္သူေတြရဲ႕ စိတ္ဆႏၵေတြဟာ ေလ်ာ့ပါးသြားျခင္းမရွိပါဘူး။ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢလူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews ကလည္း ျမန္မာျပည္သူေတြရဲ႕ စစ္အာဏာရွင္ဆန႔္က်င္ေရးလႈပ္ရွားမႈသႏၷိဌာန္ခိုင္မာပုံကို သူက အခုလိုေျပာပါတယ္။

“က်ေနာ့္အေနနဲ႔ ျမန္မာျပည္သူေတြကို တကယ္ပဲအံ့ၾသအထင္ႀကီးေလးစားမိပါတယ္။ အခုလို ျပည္သူေတြရဲ႕ ဆန႔္က်င္လႈပ္ရွားမႈဟာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ စစ္ေကာင္စီကို အံ့အားသင့္ေစခဲ့မွာ ေသခ်ာပါတယ္။ သူတို႔အေနနဲ႔ အလြယ္တကူႏွိမ္နင္းႏိုင္မယ္လို႔ ထင္ခဲ့ၾကပုံရပါတယ္။ အခု ျမန္မာျပည္သူေတြရဲ႕ တိုင္းျပည္ ကို ကယ္တင္ဖို႔ဆိုတဲ့ သႏၷိဌာန္ခိုင္မာမႈကို အေလွ်ာ့အတင္းအေပးအယူ လုပ္လို႔ မရဘူးဆိုတာ သူတို႔ ေတြ႕ေနရပါၿပီ။”

စစ္တပ္ဟာ NLD အစိုးရေခါင္းေဆာင္ျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္နဲ႔ အျခား ပါတီေခါင္းေဆာင္ေတြကို ဖမ္းဆီးၿပီး ႏွစ္ရွည္ေထာင္ဒဏ္ေတြခ်မွတ္ဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။

စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဟာ ၿပီးခဲ့တဲ့ႏွစ္ ဧၿပီလက အင္ဒိုနီးရွားႏိုင္ငံကို သြားၿပီး ျမန္မာ့အေရး အာဆီယံအထူးအစည္းအေဝးကို တက္ေရာက္ခဲ့ခ်ိန္မွာ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြ အဆုံးသတ္ေရး၊ သက္ဆိုင္သူအားလုံးပါဝင္တဲ့ ေဆြးေႏြးပြဲေတြစတင္ဖို႔ အပါအဝင္ အခ်က္ ၅ ခ်က္ပါ အစီအစဥ္ကို အေကာင္အထည္ေဖၚေရး သေဘာတူခဲ့ပါတယ္။ ဒါေပမယ့္ လည္း လိုက္နာပါမယ္ဆိုတဲ့ ကတိကို ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ခ်ိဳးေဖာက္ခဲ့ပါတယ္။

ကုလသမဂၢလုံၿခဳံေရးေကာင္စီမွာေတာ့ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ အေရးယူေဆာင္႐ြက္မႈေတြ အားနည္းခဲ့ပါတယ္။ ဗီတိုအာဏာရွိေနတဲ့ တ႐ုတ္နဲ႔ ႐ုရွားႏိုင္ငံေတြက ျမန္မာစစ္တပ္အေပၚ ပိတ္ဆို႔အေရးယူမႈေတြ ဒါမွမဟုတ္ လက္နက္ေရာင္းခ်မႈေတြပိတ္ပင္မွာကို လိုလားမႈမရွိၾကပါဘူး။ ဒါအျပင္ လက္ရွိ လုံၿခဳံေရးေကာင္စီတြင္း သေဘာထားကြဲလြဲမႈေတြရွိေနတဲ့ၾကားက ျမန္မာနဲ႔ ပတ္သက္လို႔ သူတို႔အဖြဲ႕ဝင္ေတြၾကား အေျခအေနေတြပိုၿပီး ဆိုး႐ြားလာေစမယ္ဆိုတဲ့ စိုးရိမ္စိတ္ေတြေၾကာင့္လည္း ျမန္မာ့အေရး ထိထိေရာက္ေရာက္ အေရးယူကိုင္တြယ္တာမ်ိဳး မလုပ္ခဲ့ၾကပါဘူး။ ဒီအေျခအေနေတြနဲ႔ပတ္သက္လို႔ နယူးေရာက္အေျခစိုက္ HRW လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕ရဲ႕ ကုလသမဂၢဆိုင္ရာၫြန္ၾကားေရးမႉး Louis Charbonneau ေျပာျပတာကေတာ့-

"ပြင့္ပြင့္လင္းလင္းေျပာရရင္ ျမန္မာစစ္တပ္အေနနဲ႔ လုံၿခဳံေရးေကာင္စီကေန ခြင့္ျပဳခ်က္ရလိုက္သလိုျဖစ္ခဲ့ပါတယ္။ အဖြဲ႕ဝင္ႏိုင္ငံေတြက မႀကိဳးစားေတာ့အတြက္ သူတို႔အေပၚမွာ အေရးယူဖို႔ မရွိဘူးဆိုတာ ျမန္မာစစ္တပ္က သိေနတယ္။ လုံၿခဳံေရးေကာင္စီက လက္ေလွ်ာ့လိုက္တယ္လို႔ ေျပာရမွာပါ။”

လုံၿခဳံေရးေကာင္စီဘက္က အေရးယူေဆာင္႐ြက္ခဲ့တာမ်ိဳးမရွိခဲ့ေပမယ့္ ဇြန္လ ၁၈ ရက္မွာေတာ့ ကုလသမဂၢအေထြေထြညီလာခံမွာ ျမန္မာႏိုင္ငံအေပၚ လက္နက္ေရာင္းခ်မႈတားျမစ္ေရး အဓိကတိုက္တြန္းထားတဲ့ ဆုံးျဖတ္ခ်က္ တရပ္ကို အတည္ျပဳခဲ့ပါတယ္။ ဒါေပမဲ့ ဒီဆုံးျဖတ္ခ်က္ကို မျဖစ္မေန လိုက္နာရမယ္ဆိုတာမ်ိဳး စည္းေႏွာင္ထားမႈမရွိပါဘူး။

ဒါေၾကာင့္လည္း စစ္အာဏာသိမ္းမႈကို ျပန္႐ုပ္သိမ္းေရး ႏိုင္ငံတကာအသိုင္းဝိုင္းဘက္ ျမန္မာစစ္တပ္အေပၚမွာ လုံေလာက္တဲ့ ဖိအားေပးမႈ မလုပ္ႏိုင္ဘူးလို႔ သည္ International Crisis Group ရဲ႕ ကုလသမဂၢဆိုင္ရာ ၫြန္ၾကားေရးမႉး Richard Gowan ကဆိုပါတယ္။

"ျမန္မာ့အေရးနဲ႔ပတ္သက္လို႔ အာဆီယံနဲ႔ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာအဖြဲ႕ အစည္းေတြအေနနဲ႔ လမ္းေတြပိတ္ေနတယ္လို႔ က်ေနာ္ထင္ပါတယ္။ စစ္ဏာသိမ္းမႈကေန ေနာက္ေၾကာင္းျပန္လွည့္ဖို႔ ျမန္မာစစ္တပ္အေပၚ လုံၿခဳံေရးေကာင္စီ ဒါမွမဟုတ္ အျခား ႏိုင္ငံတကာအဖြဲ႕အစည္း တခုခု လုံေလာက္တဲ့ ဖိအားေပးဖို႔ လမ္းေၾကာင္း မရွိတာ ထင္ရွားပါတယ္။”

ႏိုင္ငံတကာအေနနဲ႔ ျမန္မာအေပၚထိထိေရာက္ေရာက္ ဖိအားေပးမႈ ထိထိေရာက္မလုပ္ႏိုင္ခ်ိန္မွာပဲ၊ျမန္မာျပည္သူေတြကေတာ့ စစ္ေကာင္စီကို လက္နက္စြဲကိုင္ ေတာ္လွန္တိုက္ခိုက္လာၾကပါတယ္။

NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္က ျမန္မာျပည္သူေတြ လက္နက္ကိုင္ေတာ္လွန္ေနတဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ အခုလိုေျပာပါတယ္။

"လူေတြဟာ စစ္အာဏာရွင္စနစ္ကို ေခ်မႈန္းဖို႔ တတ္ႏိုင္သမွ် နည္းမ်ိဳးစုံနဲ႔ တြန္းလွန္ေနၾကပါတယ္။လက္နက္ကိုင္တိုက္ပြဲဟာ ဒီနည္းလမ္းမ်ားစြာေတြထဲက တခုပဲျဖစ္တယ္။”

စစ္တပ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြၾကား တိုက္ခိုက္မႈေတြ၊ အသစ္ဖြဲ႕စည္းလာတဲ့ PDF ျပည္သူ႔ကာကြယ္ေရးတပ္ေတြကေန စစ္တပ္ကိုေတာ္လွန္တိုက္ခိုက္မႈေတြေၾကာင့္ ႏိုင္ငံအႏွံ႔အျပားမွာ အၾကမ္းဖက္မႈေတြ ႀကီးထြားလာေနၿပီး လူေပါင္း ရာနဲ႔ခ်ီ ေနရပ္စြန႔္ခြာထြက္ေျပးခဲ့ၾကရပါတယ္။ ျမန္မာစစ္တပ္အေနနဲ႔ သူ႔ရဲ႕ ျပည္သူေတြအေပၚ စစ္ေၾကညာ တိုက္ခိုက္မႈေတြေၾကာင့္ အေျခအေနေတြ ဒီထက္မက ပိုဆိုးလာေနေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢလူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews ကသုံးသပ္ပါတယ္။

“ျမန္မာစစ္ေကာင္စီဟာ ျပည္သူေတြကို စစ္ေၾကညာခဲ့တာပါ။ ေက်း႐ြာေတြမွာ ေနထိုင္သူေတြကို ရန္သူေတြအျဖစ္ သတ္မွတ္ၿပီးေတာ့ တိုက္ခိုက္၊ သတ္ျဖတ္၊ ညႇဥ္းပန္းႏွိပ္စက္ဖို႔ လိုင္စင္ရွိထားသူေတြအျဖစ္ စစ္တပ္က ခံယူထားပုံရပါတယ္။ ဒါေၾကာင့္ သူတို႔ရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈအတိုင္းအတာက ေၾကာက္စရာေကာင္းပါတယ္။ ေနာက္ၿပီး အေျခအေနေတြ ပိုဆိုးလာမွာကို က်ေနာ္စိုးရိမ္မိပါတယ္။”

ျမန္မာ့အေရးသုံးသပ္သူေတြကေတာ့ အက်ပ္အတည္းကို အျမန္ေျဖရွင္းႏိုင္ဖို႔ အလားအလာ မရွိဘူးလို႔ ျမင္ၾကပါတယ္။ International Crisis Group ရဲ႕ ကုလသမဂၢဆိုင္ရာ ၫြန္ၾကားေရးမႉး Richard Gowan ကလည္း သူ႔အျမင္ကို အခုလို ေျပာျပခဲ့ပါတယ္။

"ေလာေလာဆယ္ လက္ရွိအခ်ိန္မွာ အၾကမ္းဖက္မႈေတြ တဟုန္းဟုန္း ေတာက္ေလာင္ေနမယ္ဆိုတာကိုပဲ ျမင္ရမယ္လို႔ က်ေနာ္တို႔ စိတ္မေကာင္းစြာနဲ႔ခံစားမိပါတယ္။ ဒီအၾကမ္းဖက္မႈေတြကို ထိန္းထားႏိုင္ရင္ေတာင္မွ ႏိုင္ငံေရးအရ ေျပလည္ဖို႔ အခြင့္အလမ္းနည္းပါးတယ္လို႔ က်ေနာ္ထင္ပါတယ္။”

International Crisis Group ရဲ႕ ကုလသမဂၢဆိုင္ရာ ၫြန္ၾကားေရးမႉး Richard Gowan ကလည္း သူ႔အျမင္ကို ေျပာျပခဲ့တာျဖစ္ပါတယ္။

အာဏာသိမ္းမႈ တႏွစ္ျပည့္၊ ျပည္တြင္းျပည္ပ ဖိအားေတြဆက္ရွိေန
please wait

No media source currently available

0:00 0:06:11 0:00

===========

[[Unicode]]

စစ်အာဏာသိမ်းတနှစ်ပြည့်ပေမယ့် ပြည်တွင်းပြည်ပဖိအားတွေရှိနေဆဲ

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ တနှစ်ကြာမြင့်လာချိန်ထိ စစ်တပ်က အာဏာကို ဆက်လက် ဆုပ်ကိုင်ထားဆဲဖြစ်သလို ရွေးကောက်တင်မြှောက်ခံထားရတဲ့ ခေါင်းဆောင်တွေကိုလည်း နှစ်ရှည်ထောင်ဒဏ်တွေချမှတ်နေပါတယ်။ တဘက်မှာ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ပြည်သူတွေဟာ စစ်ကောင်စီ အုပ်ချုပ် လို့မရအောင် ဆက်ပြီး ခုခံဆန့်ကျင်နေကြဆဲဖြစ်ကြောင်း ဗွီအိုအေ ကုလသမဂ္ဂသတင်းထောက် Margaret Besheer ရဲ့ သတင်းလွှာကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂ဝ ပြည့် နိုဝင်ဘာရွေးကောက်ပွဲရလဒ်ကို စစ်တပ်ကပယ်ချပြီး ၂၀၂၁၊ ဖေဖေါ်ဝါရီလ ၁ ရက်မှာ အရပ်သားအစိုးရကိုဖြုတ်ချ အာဏာသိမ်းပြီးကတည်းက တိုင်းပြည်ဟာ ပရမ်းပတာနဲ့ အကြမ်းဖက်မှုများအောက် နစ်မွန်းခဲ့ရပါတယ်။

အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ နိုင်ငံအနှံ့ဆန္ဒပြပွဲတွေကို စစ်တပ်က ဖြိုခွင်းရာမှာ ဒါဇင်နဲ့ချီတဲ့ ကလေးငယ်အရေအတွက်အပါအဝင် အရပ်သားပေါင်း ၁,၅၀၀ လောက် သေဆုံးခဲ့ပြီး လူပေါင်း ထောင်နဲ့ချီ ဖမ်းဆီးခံထားရကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်ဖိနှိပ်နေပေမဲ့လည်း ဒီမိုကရေစီနိုင်ငံကို ပြန်လည်ထူထောင်ဖို့ တောင်းဆိုလှုပ်ရှားနေတဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ဆန္ဒတွေဟာ လျော့ပါးသွားခြင်းမရှိပါဘူး။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကလည်း မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုသန္နိဌာန်ခိုင်မာပုံကို သူက အခုလိုပြောပါတယ်။

“ကျနော့်အနေနဲ့ မြန်မာပြည်သူတွေကို တကယ်ပဲအံ့သြအထင်ကြီးလေးစားမိပါတယ်။ အခုလို ပြည်သူတွေရဲ့ ဆန့်ကျင်လှုပ်ရှားမှုဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီကို အံ့အားသင့်စေခဲ့မှာ သေချာပါတယ်။ သူတို့အနေနဲ့ အလွယ်တကူနှိမ်နင်းနိုင်မယ်လို့ ထင်ခဲ့ကြပုံရပါတယ်။ အခု မြန်မာပြည်သူတွေရဲ့ တိုင်းပြည် ကို ကယ်တင်ဖို့ဆိုတဲ့ သန္နိဌာန်ခိုင်မာမှုကို အလျှော့အတင်းအပေးအယူ လုပ်လို့ မရဘူးဆိုတာ သူတို့ တွေ့နေရပါပြီ။”

စစ်တပ်ဟာ NLD အစိုးရခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ အခြား ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလက အင်ဒိုနီးရှားနိုင်ငံကို သွားပြီး မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေးကို တက်ရောက်ခဲ့ချိန်မှာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေစတင်ဖို့ အပါအဝင် အချက် ၅ ချက်ပါ အစီအစဉ်ကို အကောင်အထည်ဖေါ်ရေး သဘောတူခဲ့ပါတယ်။ ဒါပေမယ့် လည်း လိုက်နာပါမယ်ဆိုတဲ့ ကတိကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ချိုးဖောက်ခဲ့ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်မှုတွေ အားနည်းခဲ့ပါတယ်။ ဗီတိုအာဏာရှိနေတဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတွေက မြန်မာစစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုတွေ ဒါမှမဟုတ် လက်နက်ရောင်းချမှုတွေပိတ်ပင်မှာကို လိုလားမှုမရှိကြပါဘူး။ ဒါအပြင် လက်ရှိ လုံခြုံရေးကောင်စီတွင်း သဘောထားကွဲလွဲမှုတွေရှိနေတဲ့ကြားက မြန်မာနဲ့ ပတ်သက်လို့ သူတို့အဖွဲ့ဝင်တွေကြား အခြေအနေတွေပိုပြီး ဆိုးရွားလာစေမယ်ဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့်လည်း မြန်မာ့အရေး ထိထိရောက်ရောက် အရေးယူကိုင်တွယ်တာမျိုး မလုပ်ခဲ့ကြပါဘူး။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ ကုလသမဂ္ဂဆိုင်ရာညွန်ကြားရေးမှူး Louis Charbonneau ပြောပြတာကတော့-

"ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာစစ်တပ်အနေနဲ့ လုံခြုံရေးကောင်စီကနေ ခွင့်ပြုချက်ရလိုက်သလိုဖြစ်ခဲ့ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေက မကြိုးစားတော့အတွက် သူတို့အပေါ်မှာ အရေးယူဖို့ မရှိဘူးဆိုတာ မြန်မာစစ်တပ်က သိနေတယ်။ လုံခြုံရေးကောင်စီက လက်လျှော့လိုက်တယ်လို့ ပြောရမှာပါ။”

လုံခြုံရေးကောင်စီဘက်က အရေးယူဆောင်ရွက်ခဲ့တာမျိုးမရှိခဲ့ပေမယ့် ဇွန်လ ၁၈ ရက်မှာတော့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှုတားမြစ်ရေး အဓိကတိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက် တရပ်ကို အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို မဖြစ်မနေ လိုက်နာရမယ်ဆိုတာမျိုး စည်းနှောင်ထားမှုမရှိပါဘူး။

ဒါကြောင့်လည်း စစ်အာဏာသိမ်းမှုကို ပြန်ရုပ်သိမ်းရေး နိုင်ငံတကာအသိုင်းဝိုင်းဘက် မြန်မာစစ်တပ်အပေါ်မှာ လုံလောက်တဲ့ ဖိအားပေးမှု မလုပ်နိုင်ဘူးလို့ သည် International Crisis Group ရဲ့ ကုလသမဂ္ဂဆိုင်ရာ ညွန်ကြားရေးမှူး Richard Gowan ကဆိုပါတယ်။

"မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံနဲ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းတွေအနေနဲ့ လမ်းတွေပိတ်နေတယ်လို့ ကျနော်ထင်ပါတယ်။ စစ်ဏာသိမ်းမှုကနေ နောက်ကြောင်းပြန်လှည့်ဖို့ မြန်မာစစ်တပ်အပေါ် လုံခြုံရေးကောင်စီ ဒါမှမဟုတ် အခြား နိုင်ငံတကာအဖွဲ့အစည်း တခုခု လုံလောက်တဲ့ ဖိအားပေးဖို့ လမ်းကြောင်း မရှိတာ ထင်ရှားပါတယ်။”

နိုင်ငံတကာအနေနဲ့ မြန်မာအပေါ်ထိထိရောက်ရောက် ဖိအားပေးမှု ထိထိရောက်မလုပ်နိုင်ချိန်မှာပဲ၊မြန်မာပြည်သူတွေကတော့ စစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်လာကြပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာပြည်သူတွေ လက်နက်ကိုင်တော်လှန်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။

"လူတွေဟာ စစ်အာဏာရှင်စနစ်ကို ချေမှုန်းဖို့ တတ်နိုင်သမျှ နည်းမျိုးစုံနဲ့ တွန်းလှန်နေကြပါတယ်။လက်နက်ကိုင်တိုက်ပွဲဟာ ဒီနည်းလမ်းများစွာတွေထဲက တခုပဲဖြစ်တယ်။”

စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ခိုက်မှုတွေ၊ အသစ်ဖွဲ့စည်းလာတဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကနေ စစ်တပ်ကိုတော်လှန်တိုက်ခိုက်မှုတွေကြောင့် နိုင်ငံအနှံ့အပြားမှာ အကြမ်းဖက်မှုတွေ ကြီးထွားလာနေပြီး လူပေါင်း ရာနဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ မြန်မာစစ်တပ်အနေနဲ့ သူ့ရဲ့ ပြည်သူတွေအပေါ် စစ်ကြေညာ တိုက်ခိုက်မှုတွေကြောင့် အခြေအနေတွေ ဒီထက်မက ပိုဆိုးလာနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကသုံးသပ်ပါတယ်။

“မြန်မာစစ်ကောင်စီဟာ ပြည်သူတွေကို စစ်ကြေညာခဲ့တာပါ။ ကျေးရွာတွေမှာ နေထိုင်သူတွေကို ရန်သူတွေအဖြစ် သတ်မှတ်ပြီးတော့ တိုက်ခိုက်၊ သတ်ဖြတ်၊ ညှဉ်းပန်းနှိပ်စက်ဖို့ လိုင်စင်ရှိထားသူတွေအဖြစ် စစ်တပ်က ခံယူထားပုံရပါတယ်။ ဒါကြောင့် သူတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအတိုင်းအတာက ကြောက်စရာကောင်းပါတယ်။ နောက်ပြီး အခြေအနေတွေ ပိုဆိုးလာမှာကို ကျနော်စိုးရိမ်မိပါတယ်။”

မြန်မာ့အရေးသုံးသပ်သူတွေကတော့ အကျပ်အတည်းကို အမြန်ဖြေရှင်းနိုင်ဖို့ အလားအလာ မရှိဘူးလို့ မြင်ကြပါတယ်။ International Crisis Group ရဲ့ ကုလသမဂ္ဂဆိုင်ရာ ညွန်ကြားရေးမှူး Richard Gowan ကလည်း သူ့အမြင်ကို အခုလို ပြောပြခဲ့ပါတယ်။

"လောလောဆယ် လက်ရှိအချိန်မှာ အကြမ်းဖက်မှုတွေ တဟုန်းဟုန်း တောက်လောင်နေမယ်ဆိုတာကိုပဲ မြင်ရမယ်လို့ ကျနော်တို့ စိတ်မကောင်းစွာနဲ့ခံစားမိပါတယ်။ ဒီအကြမ်းဖက်မှုတွေကို ထိန်းထားနိုင်ရင်တောင်မှ နိုင်ငံရေးအရ ပြေလည်ဖို့ အခွင့်အလမ်းနည်းပါးတယ်လို့ ကျနော်ထင်ပါတယ်။”

International Crisis Group ရဲ့ ကုလသမဂ္ဂဆိုင်ရာ ညွန်ကြားရေးမှူး Richard Gowan ကလည်း သူ့အမြင်ကို ပြောပြခဲ့တာဖြစ်ပါတယ်။

#MyanmarMilitaryCoup #MyanmarProtest #MyanmarInternationalPressure #VOABurmese #RichardGowan #TomAndrews #MargaretBesheer #စစ်အာဏာသိမ်း #ဗွီအိုအေ

============

XS
SM
MD
LG