သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အားလုံးပါဝင္ ေဆြးေႏြးႏိုင္မယ့္ဝန္းက်င္ ဖန္တီးဖို႔ ကုလအတြင္းေရးမႉးခ်ဳပ္႐ုံး ထုတ္ျပန္ 


ေက်ာက္မဲၿမိဳ႕က စစ္အာဏာသိမ္းမႈဆန္႔က်င္ကန္႔ကြက္ေၾကာင္း လႈပ္ရွားမႈ (ေမလ ၂၊ ၂၀၂၁)

[[Zawgyi/Unicode]]

အားလုံးပါဝင္တဲ့ ေဆြးေႏြးပြဲျဖစ္ႏိုင္မယ့္ ပတ္ဝန္းက်င္တရပ္ ဖန္တီးေရးဟာ အေရးပါၿပီး ဘယ္‌ေျဖရွင္းပုံမ်ိဳးမွာမဆို လက္ရွိ အက်ပ္အတည္းဒဏ္ကို ခံေနၾကရသူ အားလုံးနဲ႔ ထိေတြ႔ဆက္ဆံ ဂ႐ုတစိုက္ နားေထာင္ဖို႔လိုအပ္တယ္လို႔ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္႐ုံးက ျမန္မာစစ္တပ္ရဲ႕ အာဏာသိမ္း တႏွစ္ျပည့္ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

အတြင္းေရးမႉးခ်ဳပ္ဟာ ျမန္မာျပည္သူမ်ား၊ သူတို႔ရဲ႕ ဒီမိုကေရစီရည္မွန္းခ်က္နဲ႔ ေသြးစည္းညီၫြတ္စြာ ရပ္တည္ေနပါတယ္၊ ႐ိုဟင္ဂ်ာေတြအပါအဝင္ အသိုက္အဝန္းအားလုံးကို ကာကြယ္ေရးအတြက္လည္း ရပ္တည္ေနပါတယ္လို႔ ေၾကညာခ်က္ မွာ ေျပာပါတယ္။

စစ္တပ္က ဒီမိုကေရစီနည္းလမ္းနဲ႔ ေ႐ြးေကာက္တင္ေျမႇာက္ထားတဲ့အစိုးရကို ျဖဳတ္ ခ်ခဲ့တာျဖစ္ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္ အပါအဝင္ အစိုးရအဖြဲ႔ဝင္ေတြကို တဘက္သတ္ အာဏာရွင္ဆန္ဆန္ ဖမ္းဆီးခဲ့တာ ျဖစ္တယ္လို႔လည္း ေျပာထားပါတယ္။

ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြမ်ားေနၿပီး လူ႔အခြင့္အေရးနဲ႔ လူသားခ်င္း စာနာေထာက္ထားမႈ အက်ပ္အတည္းက ပိုၿပီး နက္ရႈိင္းလာေနတယ္လို႔ ေၾကညာခ်က္ မွာ ေျပာထားပါတယ္။ ဆင္းရဲတြင္းကလည္း ျမန္ျမန္ဆန္ဆန္ႀကီး နက္သထက္ နက္လာေနတယ္လို႔ ဆိုပါတယ္။

လက္နက္ကိုင္တပ္ဖြဲ႔ေတြနဲ႔ ပတ္သက္သူေတြအားလုံးဟာ လူ႔အခြင့္အေရးနဲ႔ အေျခခံ လြတ္လပ္ခြင့္ေတြကို ေလးစားရရပါမယ္လို႔လည္း တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္



==============

[[Unicode]]

အားလုံးပါဝင် ဆွေးနွေးနိုင်မယ့်ဝန်းကျင် ဖန်တီးဖို့ ကုလအတွင်းရေးမှူးချုပ်ရုံး ထုတ်ပြန်

အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲဖြစ်နိုင်မယ့် ပတ်ဝန်းကျင်တရပ် ဖန်တီးရေးဟာ အရေးပါပြီး ဘယ်‌ဖြေရှင်းပုံမျိုးမှာမဆို လက်ရှိ အကျပ်အတည်းဒဏ်ကို ခံနေကြရသူ အားလုံးနဲ့ ထိတွေ့ဆက်ဆံ ဂရုတစိုက် နားထောင်ဖို့လိုအပ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးက မြန်မာစစ်တပ်ရဲ့ အာဏာသိမ်း တနှစ်ပြည့် ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အတွင်းရေးမှူးချုပ်ဟာ မြန်မာပြည်သူများ၊ သူတို့ရဲ့ ဒီမိုကရေစီရည်မှန်းချက်နဲ့ သွေးစည်းညီညွတ်စွာ ရပ်တည်နေပါတယ်၊ ရိုဟင်ဂျာတွေအပါအဝင် အသိုက်အဝန်းအားလုံးကို ကာကွယ်ရေးအတွက်လည်း ရပ်တည်နေပါတယ်လို့ ကြေညာချက် မှာ ပြောပါတယ်။

စစ်တပ်က ဒီမိုကရေစီနည်းလမ်းနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို ဖြုတ် ချခဲ့တာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် အစိုးရအဖွဲ့ဝင်တွေကို တဘက်သတ် အာဏာရှင်ဆန်ဆန် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့လည်း ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေများနေပြီး လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းက ပိုပြီး နက်ရှိုင်းလာနေတယ်လို့ ကြေညာချက် မှာ ပြောထားပါတယ်။ ဆင်းရဲတွင်းကလည်း မြန်မြန်ဆန်ဆန်ကြီး နက်သထက် နက်လာနေတယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်သူတွေအားလုံးဟာ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို လေးစားရရပါမယ်လို့လည်း တိုက်တွန်းထားပါတယ်။

#MyanmarMilitaryCoup #Myanamar #UNSGMyanamar #VOABurmese

#စစ်အာဏာသိမ်းနှစ်ပတ်လည် #လူသားချင်းစာနာမှု #ဒေါ်အောင်ဆန်းစုကြည် #ဗွီအိုအေ

==============

XS
SM
MD
LG