သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကာ/လုံေခၚယူၿပီး ႏိုင္ငံတဝွမ္း အေရးေပၚအေျခအေန သက္တမ္း ၆ လတိုး


၂၀၂၁၊ မတ္လ ၁၇ ရက္က စစ္အာဏာသိမ္းမႈဆန္႔က်င္ကန႔္ကြက္သူေတြကို အၾကမ္းဖက္ၿဖိဳခြဲစဥ္။ (ယခင္ပံုေဟာင္း)

[[Zawgyi/Unicode]]

ၿပီးခဲ့တဲ့ႏွစ္ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က တႏွစ္ၾကာ ႏိုင္ငံတဝွမ္းအေရးေပၚအေျခအေနေၾကညာခဲ့တဲ့အမိန႔္ကို ေနာက္ထပ္ ၆ လသက္တမ္းတိုးတဲ့အေၾကာင္း စစ္ေကာင္စီက ေၾကညာပါတယ္။

ယာယီသမၼတ ဦးျမင့္ေဆြပါဝင္တဲ့ အမ်ိဳးသားကာကြယ္ေရးနဲ႔လုံၿခဳံေရးေကာင္စီကို ေခၚယူၿပီး ဖြဲ႔စည္းပုံအေျခခံဥပေဒ ပုဒ္မ ၄၂၅ နဲ႔အညီ သက္တမ္းတိုးဖို႔ ဆုံးျဖတ္ခဲ့ၾကတာလို႔ ေဖာ္ျပပါတယ္။ အစည္းအေဝးကိုေတာ့ ယာယီသမၼတ ဦးျမင့္ေဆြ၊ စစ္ေကာင္စီဥကၠ႒နဲ႔ ဝန္ႀကီးေတြအျပင္ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္လည္း တက္ရာက္ခဲ့ပါတယ္။

ဒုသမၼတ ဦးဟင္နရီဗန္ထီးယူကေတာ့ က်န္းမာေရးအရ မတက္ေရာက္ႏိုင္ေၾကာင္း ခြင့္ပန္ၾကားတယ္လို႔ စစ္ေကာင္စီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။ အစည္းအေဝးအတြင္းမွာေတာ့ အာဏာမသိမ္းမီ NLD အစိုးရနဲ႔ ေဆြးေႏြးညႇိႏိႈင္းဖို႔ ႀကိဳးစားခဲ့တာေတြကို ျပန္လည္ေဖာ္ျပၿပီး မဲစာရင္းအမွားအယြင္းေတြကို မရွင္းလင္းဘဲ လႊတ္ေတာ္သစ္ေခၚယူဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ NLD အစိုးရကို အျပစ္တင္ထားပါတယ္။

ဒါ့အျပင္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း တႏွစ္တာအေျခအေနကိုလည္း အမ်ိဳးသားကာကြယ္ေရးနဲ႔လုံၿခဳံေရးေကာင္စီကို တင္ျပခဲ့တယ္လို႔ စစ္ေကာင္စီက ေဖာ္ျပပါတယ္။ NLD အစိုးရ လက္ထက္မွာတုန္းက အမ်ိဳးသားကာကြယ္ေရးနဲ႔လုံၿခဳံေရးေကာင္စီကို တႀကိမ္တခါမွ ေခၚယူျခင္းမရွိခဲ့သလို စစ္ေကာင္စီလက္ထက္မွာေတာ့ ဒါဟာ ပထမဆုံးအႀကိမ္ေခၚယူမႈျဖစ္ပါတယ္။

လက္ရွိ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒအရ အမ်ိဳးသားကာကြယ္ေရးနဲ႔လုံၿခဳံေရးေကာင္စီဟာ လုပ္ပိုင္ခြင့္အႀကီးဆုံး အဖြဲ႔အစည္းျဖစ္တယ္လို႔ ေလ့လာသူေတြက ယူဆထားပါတယ္။ စစ္အာဏာသိမ္းမႈကိုဆန႔္က်င္တဲ့ ဒီမိုကေရစီအင္အားစုေတြကေတာ့ ဒီ ၂၀၀၈ ဖြဲ႔စည္းပုံကို လုံးဝလက္မခံၾကေတာ့ဘဲ ဖြဲ႔စည္းပုံသစ္အတြက္ ဖယ္ဒရယ္ပဋိဉာဏ္တရပ္ကို ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ျပဳစုအတည္ျပဳခဲ့ၾကပါတယ္။

=============

[[Zawgyi/Unicode]]

ကာ/လုံခေါ်ယူပြီး နိုင်ငံတဝှမ်း အရေးပေါ်အခြေအနေ သက်တမ်း ၆ လတိုး

ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့က တနှစ်ကြာ နိုင်ငံတဝှမ်းအရေးပေါ်အခြေအနေကြေညာခဲ့တဲ့အမိန့်ကို နောက်ထပ် ၆ လသက်တမ်းတိုးတဲ့အကြောင်း စစ်ကောင်စီက ကြေညာပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေပါဝင်တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကို ခေါ်ယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ နဲ့အညီ သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ ဖော်ပြပါတယ်။ အစည်းအဝေးကိုတော့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ စစ်ကောင်စီဥက္ကဋ္ဌနဲ့ ဝန်ကြီးတွေအပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်လည်း တက်ရာက်ခဲ့ပါတယ်။

ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကတော့ ကျန်းမာရေးအရ မတက်ရောက်နိုင်ကြောင်း ခွင့်ပန်ကြားတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အစည်းအဝေးအတွင်းမှာတော့ အာဏာမသိမ်းမီ NLD အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ကြိုးစားခဲ့တာတွေကို ပြန်လည်ဖော်ပြပြီး မဲစာရင်းအမှားအယွင်းတွေကို မရှင်းလင်းဘဲ လွှတ်တော်သစ်ခေါ်ယူဖို့ ကြိုးပမ်းခဲ့တယ်လို့ NLD အစိုးရကို အပြစ်တင်ထားပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနှစ်တာအခြေအနေကိုလည်း အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကို တင်ပြခဲ့တယ်လို့ စစ်ကောင်စီက ဖော်ပြပါတယ်။ NLD အစိုးရ လက်ထက်မှာတုန်းက အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကို တကြိမ်တခါမှ ခေါ်ယူခြင်းမရှိခဲ့သလို စစ်ကောင်စီလက်ထက်မှာတော့ ဒါဟာ ပထမဆုံးအကြိမ်ခေါ်ယူမှုဖြစ်ပါတယ်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဟာ လုပ်ပိုင်ခွင့်အကြီးဆုံး အဖွဲ့အစည်းဖြစ်တယ်လို့ လေ့လာသူတွေက ယူဆထားပါတယ်။ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဒီမိုကရေစီအင်အားစုတွေကတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို လုံးဝလက်မခံကြတော့ဘဲ ဖွဲ့စည်းပုံသစ်အတွက် ဖယ်ဒရယ်ပဋိဉာဏ်တရပ်ကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြုစုအတည်ပြုခဲ့ကြပါတယ်။

#MyanmarMilitaryCoup #MyanmarPolitics #VOABurmese #အရေးပေါ်အခြေအနေသက်တမ်းတိုး #စစ်ကောင်စီ #ယာယီသမ္မတဦးမြင့်ဆွေ #တီခွန်မြတ် #ဗွီအိုအေ

=============

XS
SM
MD
LG