သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလးပစ္ခတ္ခံရမႈ ေသဆံုးသူႏွစ္ဦးအေၾကာင္း ဆရာဝန္နဲ႔ေမးျမန္းခ်က္


မႏၱေလးမွာ အၾကမ္းဖက္ၿဖိဳခြဲမႈကို ကာကြယ္ေနၾကတဲ့ ဆႏၵျပ ျပည္သူမ်ား။ (ဓာတ္ပံု-ထက္ေအာင္ခန္႔/ ေဖေဖၚဝါရီ ၂၈၊ ၂၀၂၁)

ZawGyi/Unicode

မႏၱေလးၿမိဳ႕မွာ ေသနတ္ဒဏ္ရာနဲ႔ ေသဆံုးခဲ့သူ အမ်ဳိးသား ၂ ေယာက္မွာ ၁ ေယာက္က ဦးေခါင္းမွာ ထိမွန္ခဲ့တာျဖစ္ၿပီး ေနာက္ ၁ ေယာက္က ရင္ဘတ္ကို ထိမွန္ခဲ့တာလို႔ သူတို႔ကို ကိုယ္တုိင္ စမ္းသပ္ေပးခဲ့တဲ့ ဆရာဝန္ကေျပာပါတယ္။ မစုျမတ္မြန္က ဆက္သြယ္ေမးထားပါတယ္။

ေျဖ။။ က်ေနာ္တို႔ မႏၱေလးမွာ အေရးေပၚလူနာေတြေရာက္လာရင္ကုႏိုင္ဖို႔ ဖြင့္ထားတဲ့ေနရာေလး ရွိပါတယ္ဗ်။ အဲဒီေနရာကို ေခၚလာတဲ့ထဲက ေသဆံုးၿပီးသူက ႏွစ္ေယာက္ေပါ့။

ေမး။။ ဘယ္လိုဒဏ္ရာေတြနဲ႔ ေသဆံုးသြားတယ္ဆိုတာ ေျပာလို႔ရလားဆရာ။

ေျဖ။။ တေယာက္ကေတာ့ ဦးေခါင္းဒဏ္ရာေပါ့ေနာ္၊ ဦးေခါင္းခြံညာဘက္ျခမ္းမွာ က်ေနာ္တို႔အေခၚ Brain Exopse ေပါ့ေလ။ ဦးေႏွာက္ေပၚေနတယ္ေပါ့။ ေပၚၿပီးထိထားတဲ့ ေခါင္းဒဏ္ရာေပါ့။ ေနာက္တေယာက္ကေတာ့ ညာဘက္ရင္အံုအေရွ႕ဘက္ျခမ္းမွာ ဒဏ္ရာေတြ႔တယ္ေပါ့ေနာ္။ အဲဒါ ႏွစ္ခုနဲ႔ပဲ...

ေမး။။ ...ဆိုေတာ့ ဘယ္လိုက်ည္နဲ႔ပစ္တယ္လို႔ေရာ ဆရာတို႔ ေျပာလို႔ရပါလားရွင့္။

ေျဖ။။ အဲလိုေတာ့ အတိအက်ေျပာလို႔မရဘူးဗ်။ ဦးေခါင္းခြံပြင့္တယ္ေပါ့ေနာ္။ ဘာေၾကာင့္ ဘယ္လိုျဖစ္တယ္ဆိုတာေတာ့ ဥပေဒအရ...က႑ကေတာ့ ၿပီးမွပဲ Postmortem Examanation လုပ္ၿပီးမွပဲ သူတို႔က က်ေနာ္တို႔ထက္ ကၽြမ္းက်င္ပညာရွင္ျဖစ္မွာေပါ့။ အဲလိုပဲေျပာလို႔ရမယ္။

ေမး။။ အတည္ျပဳႏုိင္တဲ့အသက္အရြယ္ေတြ ကေရာ ဘယ္အရြယ္ေတြလဲဆိုတာေရာ ဆရာေျပာလို႔ရပါလား။

ေျဖ။။ ႏွစ္ေယာက္စလံုးကေတာ့ေလ-ခန္႔မွန္းပဲေျပာလို႔ရမယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ရဲ႕ေဆြမ်ဳိးသားခ်င္းအရင္းေတြက က်ေနာ္တို႔ေရာက္တဲ့အခ်ိန္မွာ မပါဘူးေပါ့ေနာ္။ သူငယ္ခ်င္းေတြပါလာတဲ့ တေယာက္ကေတာ့ ခန္႔မွန္းေျခ ၃၇ ေလာက္လို႔ ေျပာတယ္။ ေနာက္ကေလးကလည္း ....အဖြဲ႔က ေခၚလာခဲ့တယ္ေပါ့။ သူကလည္း ခန္႔မွန္းေျခ ၂၀ ဝန္းက်င္ေလာက္ေပါ့ေနာ္။ အဲလိုပဲေတာ့ ေျပာလို႔ရပါတယ္။ ေခါင္းခိုက္မိတဲ့အမ်ဳိးသားက အသက္ႀကီးတယ္၊ ၃၇ ေလာက္လို႔ သူတို႔ေျပာတယ္ေပါ့ေနာ္။ ေနာက္ ညာဘက္ရင္ဘတ္ထိတဲ့ကေလးကေတာ့ က်ေနာ္တို႔မွန္းထားတာ ၂၀၊ ၂၂ ေလာက္ပဲရွိတယ္ဗ်။

ေမး။။ တခ်ဳိ႕က သံုးေယာက္လို႔ေျပာေနလို႔၊ သံုးေယာက္ဆိုတာကိုေရာ ဆရာသိပါသလား။

ေျဖ။။ သံုးေယာက္ဆိုတာေတာ့ က်ေနာ္တို႔ဆီေတာ့ မေရာက္လာဘူး။ က်ေနာ္လည္းသတင္းေတြေတာ့ၾကားတယ္။ အမ်ဳိးသမီးတေယာက္ ထပ္ရွိတယ္လုိ႔ေတာ့ က်ေနာ္တို႔လည္းၾကားတယ္။ အဲဒါေတာ့ က်ေနာ္တို႔ဌာနကိုေတာ့ မေရာက္ဘူးေပါ့ေနာ္။ မႏၱေလးေဆး႐ံုႀကီးကို တုိက္႐ိုက္ေရာက္သြားတယ္လို႔ေတာ့ ၾကားတယ္။ ကိုယ္တုိင္ confirm ေပးႏုိင္တာကေတာ့ ႏွစ္ေယာက္ပဲရွိတယ္။ က်ေနာ္တို႔ဆီမွာေတာ့ အမ်ဳိးသားႏွစ္ေယာက္ေပါ့ေနာ္။ အမ်ုိးသမီးတေယာက္လည္း ပါတယ္လို႔ေတာ့ ေျပာတယ္။ အဲဒါကေတာ့ က်ေနာ္တို႔ မေျပာႏိုင္ဘူး။ က်ေနာ့္ဘက္ကေလ။

တိုက္႐ိုက္ လင့္ခ္


Unicode

မန္တလေးပစ်ခတ်ခံရမှု သေဆုံးသူနှစ်ဦးအကြောင်း ဆရာဝန်နဲ့မေးမြန်းချက်

မန္တလေးမြို့မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့သူ အမျိုးသား ၂ ယောက်မှာ ၁ ယောက်က ဦးခေါင်းမှာ ထိမှန်ခဲ့တာဖြစ်ပြီး နောက် ၁ ယောက်က ရင်ဘတ်ကို ထိမှန်ခဲ့တာလို့ သူတို့ကို ကိုယ်တိုင် စမ်းသပ်ပေးခဲ့တဲ့ ဆရာဝန်ကပြောပါတယ်။ မစုမြတ်မွန်က ဆက်သွယ်မေးထားပါတယ်။

ဖြေ။။ ကျနော်တို့ မန္တလေးမှာ အရေးပေါ်လူနာတွေရောက်လာရင်ကုနိုင်ဖို့ ဖွင့်ထားတဲ့နေရာလေး ရှိပါတယ်ဗျ။ အဲဒီနေရာကို ခေါ်လာတဲ့ထဲက သေဆုံးပြီးသူက နှစ်ယောက်ပေါ့။

မေး။။ ဘယ်လိုဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်ဆိုတာ ပြောလို့ရလားဆရာ။

ဖြေ။။ တယောက်ကတော့ ဦးခေါင်းဒဏ်ရာပေါ့နော်၊ ဦးခေါင်းခွံညာဘက်ခြမ်းမှာ ကျနော်တို့အခေါ် Brain Exoprse ပေါ့လေ။ ဦးနှောက်ပေါ်နေတယ်ပေါ့။ ပေါ်ပြီးထိထားတဲ့ ခေါင်းဒဏ်ရာပေါ့။ နောက်တယောက်ကတော့ ညာဘက်ရင်အုံအရှေ့ဘက်ခြမ်းမှာ ဒဏ်ရာတွေ့တယ်ပေါ့နော်။ အဲဒါ နှစ်ခုနဲ့ပဲ...

မေး။။ ...ဆိုတော့ ဘယ်လိုကျည်နဲ့ပစ်တယ်လို့ရော ဆရာတို့ ပြောလို့ရပါလားရှင့်။

ဖြေ။။ အဲလိုတော့ အတိအကျပြောလို့မရဘူးဗျ။ ဦးခေါင်းခွံပွင့်တယ်ပေါ့နော်။ ဘာကြောင့် ဘယ်လိုဖြစ်တယ်ဆိုတာတော့ ဥပဒေအရ...ကဏ္ဍကတော့ ပြီးမှပဲ Postmortem Examanation လုပ်ပြီးမှပဲ သူတို့က ကျနော်တို့ထက် ကျွမ်းကျင်ပညာရှင်ဖြစ်မှာပေါ့။ အဲလိုပဲပြောလို့ရမယ်။

မေး။။ အတည်ပြုနိုင်တဲ့အသက်အရွယ်တွေ ကရော ဘယ်အရွယ်တွေလဲဆိုတာရော ဆရာပြောလို့ရပါလား။

ဖြေ။။ နှစ်ယောက်စလုံးကတော့လေ-ခန့်မှန်းပဲပြောလို့ရမယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ဆွေမျိုးသားချင်းအရင်းတွေက ကျနော်တို့ရောက်တဲ့အချိန်မှာ မပါဘူးပေါ့နော်။ သူငယ်ချင်းတွေပါလာတဲ့ တယောက်ကတော့ ခန့်မှန်းခြေ ၃၇ လောက်လို့ ပြောတယ်။ နောက်ကလေးကလည်း ....အဖွဲ့က ခေါ်လာခဲ့တယ်ပေါ့။ သူကလည်း ခန့်မှန်းခြေ ၂၀ ဝန်းကျင်လောက်ပေါ့နော်။ အဲလိုပဲတော့ ပြောလို့ရပါတယ်။ ခေါင်းခိုက်မိတဲ့အမျိုးသားက အသက်ကြီးတယ်၊ ၃၇ လောက်လို့ သူတို့ပြောတယ်ပေါ့နော်။ နောက် ညာဘက်ရင်ဘတ်ထိတဲ့ကလေးကတော့ ကျနော်တို့မှန်းထားတာ ၂၀၊ ၂၂ လောက်ပဲရှိတယ်ဗျ။

မေး။။ တချို့က သုံးယောက်လို့ပြောနေလို့၊ သုံးယောက်ဆိုတာကိုရော ဆရာသိပါသလား။

ဖြေ။။ သုံးယောက်ဆိုတာတော့ ကျနော်တို့ဆီတော့ မရောက်လာဘူး။ ကျနော်လည်းသတင်းတွေတော့ကြားတယ်။ အမျိုးသမီးတယောက် ထပ်ရှိတယ်လို့တော့ ကျနော်တို့လည်းကြားတယ်။ အဲဒါတော့ ကျနော်တို့ဌာနကိုတော့ မရောက်ဘူးပေါ့နော်။ မန္တလေးဆေးရုံကြီးကို တိုက်ရိုက်ရောက်သွားတယ်လို့တော့ ကြားတယ်။ ကိုယ်တိုင် confirm ပေးနိုင်တာကတော့ နှစ်ယောက်ပဲရှိတယ်။ ကျနော်တို့ဆီမှာတော့ အမျိုးသားနှစ်ယောက်ပေါ့နော်။ အမျိုးသမီးတယောက်လည်း ပါတယ်လို့တော့ ပြောတယ်။ အဲဒါကတော့ ကျနော်တို့ မပြောနိုင်ဘူး။ ကျနော့်ဘက်ကလေ။

#MyanmarMilitaryCoup #MyanamrProtest #WhatIsHappeningInMyanmar #VOABurmese #MandalayProtest

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG