သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ဆႏၵျပပဲြ ေသဆံုးသူ ဆယ္ဂဏန္းရွိ


ဦးေခါင္းက်ည္ထိေသဆံုးသူတဦးရဲ႕ မိသားစုဝင္မ်ား။ (မတ္လ ၂၇၊ ၂၀၂၁)

Zawgyi/Unicode

ဖတ္ဆစ္ေတာ္လွန္ေရးေန႔အျဖစ္ စစ္အာဏာရွင္ဆန္႔က်င္ေရးဆႏၵျပလႈပ္ရွားမႈေတြကို စစ္တပ္နဲ႔ရဲက ပစ္ခတ္တာေၾကာင့္ ရန္ကုန္ၿမိဳ႕မွာလည္း ထိခိုက္ေသဆံုးမႈေတြရွိေနပါတယ္။ အင္းစိန္ၿမိဳ႕နယ္တခုတည္းမွာပဲ ၅ ဦးထက္မနည္းေသဆံုးတာပါ။ ရန္ကုန္ကရတဲ့ သတင္းကို ကိုရန္ႏိုင္ ေျပာျပပါမယ္။

ဒီကေန႔ ေတာ္လွန္ေရးေန႔မွာ ရန္ကုန္တိုင္း ေနရာအႏွံ႔ စစ္ေကာင္စီတပ္ဖြ႔ဲေတြက

လုိက္လံႏွိပ္ကြပ္ ပစ္သတ္ၿဖိဳခြင္းေနၿပီး ဆယ္ဂဏန္းအထိ ေသဆံုးမႈေတြရွိေနပါတယ္။

အင္းစိန္ၿမိဳ႕နယ္မွာေတာ့ ျပည္သူေတြဘက္က ဆႏၵျပသပိတ္အတြက္ အတားအဆီးေတြကို နံနက္ ၂ နာရီခြဲ ေလာက္ကစၿပီး ကာရံခဲ့ၾကတာပါ။ အတားအဆီးေတြ ကာရံၿပီး သိပ္မၾကာခင္မွာ ရဲနဲ႔စစ္တပ္ကေရာက္လာၿပီး ျပည္သူေတြဘက္က ျပန္လည္ခုခံခဲ့ၾကပါတယ္။ မနက္အေစာပိုင္း ၆နာရီေလာက္မွာ လႈိင္သာယာဘက္ကေန

ေရာက္လာတဲ့ ရဲနဲ႔စစ္တပ္အင္အား ၂၀၀ ဝန္းက်င္ေလာက္ရွိလို႔ ျပည္သူေတြက လူစုခြဲၿပီး လမ္းၾကားေတြထဲ ကေန ေျပာက္က်ားစနစ္နဲ႔ သပိတ္ျပန္စခဲ့ပါတယ္။

ညဥ့္သန္းေခါင္အခ်ိန္ကတည္းက ပစ္ခတ္မႈေတြရွိခဲ့တဲ့ အင္းစိန္ၿမိဳ႕နယ္မွာ ဒီကေန႔ ညေန ၅ နာရီဝန္းက်င္ အထိ ရရွိထားတဲ့စာရင္းအရ ေသဆုံးသူ ၅ဦးနဲ႔က်ည္ထိၿပီး ဒဏ္ရာျပင္းထန္သူ ၃ ဦး ရွိထားပါတယ္။ ေသဆုံးသူ ၅ ဦးဟာ အင္းစိန္ ႐ြာမဘက္က ၂ ဦး၊ ေဖာ့ကန္ဘက္က ၁ ဦးနဲ႔ အင္းစိန္ က၊ ခ ရပ္ကြက္က ၂ ဦး ျဖစ္တယ္လို႔ ေျမျပင္မွာရွိေနသူတဦးက ဗီြအိုေအကို အတည္ျပဳထားပါတယ္။

"အဲမွာ သူတို႔က လမ္းၾကားေတြထဲဝင္ၿပီးေတာ့ ရမ္းၿပီးေတာ့ ပစ္ေနတာ။ ႐ြာမဘက္ေတြဆိုရင္လည္း သပိတ္နဲ႔ ေတာင္ အေဝးႀကီးပဲ မဆိုင္ဘူး၊ အဲဒါကို လွမ္းပစ္သြားတာ။ လွမ္းပစ္ေတာ့ ကေလးေတြေရာ၊ လမ္းေဘးက လူေတြေရာ ေတာ္ေတာ္မ်ားမ်ား ထိၾကတာေပါ့။ ေလာေလာဆယ္ကေတာ့ ေဆး႐ုံမွာ ဒဏ္ရာျပင္းထန္တာက

၃ ေယာက္၊ က်ဆုံးက ၅ ေယာက္ေပါ့။ သူတို႔က ရပ္ကြက္ထဲမွာ တခ်ိဳ႕ေနရာေတြမွာ တပ္စြဲထားတဲ့ ေနရာေတြ လည္း ရွိတယ္။ ရပ္ကြက္ေတြထဲ ဝင္တယ္၊ ထြက္တယ္၊ ျပန္သြားတယ္။ ၿပီးေတာ့ ရပ္ကြက္လမ္းမတန္းႀကီးေတြ၊ လႈိင္ျမစ္လမ္းေတြ၊ ဘုရင့္ေနာင္လမ္းမႀကီးေတြကို ပတ္ေနတယ္။ ခုနကဆို ေပါက္ေတာဝမွာလည္း

ဆိုင္ကယ္ေတြ၊ ကားေတြကို မီးပြိဳင့္မွာ ရမ္းကားပစ္သြားတယ္။ ကားေပၚကေနၿပီးေတာ့ အဲဒီလိုပစ္သြားတာ ေတြလည္း ရွိတယ္ဗ်။ အဲဒါေတြကို က်ေနာ္ဓာတ္ပုံေတာ့ မ႐ိုက္ဘူး၊ ဒါေပမဲ့ ေသခ်ာတယ္ဗ်။ အခုေတာ့ လမ္းေတြေပၚမွာကားေတြ၊ ဆိုင္ကယ္ေတြလည္း သိပ္မေတြ႕ေတာ့ဘူးဗ်၊ သူတို႔ေတြပဲ ပတ္ေနတယ္။"

သဃၤန္းကၽြန္း ၁၆ ရပ္ကြက္မွာ စစ္တပ္နဲ႔ရဲတပ္ဖြဲ႕ရဲ႕ ဝင္ေရာက္ ပစ္ခတ္မႈေၾကာင့္ တစ္ဦး ေသဆံုးတယ္လို႔ မ်က္ျမင္တစ္ဦးက ဗီြအိုေအကိုေျပာၾကားခဲ့ပါတယ္။

“က်ေနာ္တို႔ သဃၤန္းကၽြန္း ၁၆ ရပ္ကြက္မွာ တစ္ေယာက္သြားၿပီး၊ သဃၤန္းကၽြန္း ၁၆ ရပ္ကြက္ ဟိုဘုရားလမ္း အေက်ာ္ ဟိုဘက္ျခမ္းေပါ့၊ ေနာက္တေယာက္ ထပ္ထိတာက်ေတာ့ ေသလား မေသလား မေျပာတတ္ႏိုင္ ေသးဘူး၊ ၿပီးေတာ့ အခု သံသုမာလမ္းမႀကီး ေတာက္ေလွ်ာက္လည္း အဲ့လိုမ်ဳိး ဟိုတင္ေတြ လုပ္ေနတယ္။ ဘိုဒိုဇာနဲ႔ အဲ့ဒီဟာေတြ လိုက္ၿဖိဳတယ္။ ရဲကားေတြ စစ္ကားေတြ ဖြက္ၿပီးေတာ့ လမ္းၾကားေတြမွာ ထား ထားတယ္ဗ်ာ။ အင္အားေတာ္ေတာ္မ်ားတယ္။”

စမ္းေခ်ာင္းၿမိဳ႕နယ္ ဗဟိုလမ္းမွာ ဆန္႔က်င္ဆႏၵျပေနလူငယ္ေတြကို အသံဗံုး၊ မ်က္ရည္ယိုဗံုးသံုး အႀကိမ္ႀကိမ္ ၿဖိဳခြင္းကာ လူေနတိုက္အထပ္အျမင့္ကို ေလာက္ခြ၊ တုတ္ေတြနဲ႔ ပစ္ေနပါတယ္။

အလားတူပဲ၊ ဒီကေန႔ ရန္ကုန္မွာ ဆန္႔က်င္ဆႏၵျပသူေတြကို လက္နက္ကိုင္ေတြဘက္က လိုက္လံႏွိပ္နင္း ပစ္ခတ္မႈေၾကာင့္ စမ္းေခ်ာင္းၿမိဳ႕နယ္ ရန္ႀကီးေအာင္လမ္းမွာတစ္ဦးနဲ႔ ရန္ကင္း ရန္ရွင္းလမ္းမွာ တစ္ဦး၊

ဒဂံုဆိပ္ကမ္း ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္မွာတစ္ဦး က်ည္ထိမွန္ေသဆံုးတယ္လို႔

ျပည္တြင္း သတင္းေတြ မွာ ေဖာ္ျပထားပါတယ္။

မေန႔ညက ဒလၿမိဳ႕နယ္မွာ ဖမ္းဆီးခံရတဲ့ အမ်ဳိးသမီး ႏွစ္ဦးကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုေနၾကတဲ့ လူထုကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႔က က်ည္အစစ္သံုး ပစ္ခတ္ၿဖိဳခြင္းမႈမွာ လူ ၈ ဦးေသဆံုး၊ ၂၂ ဦးထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ ပစ္ခတ္တဲ့အခ်ိန္ ထြက္ေျပးခဲ့ရတဲ့ တက္ႂကြလႈပ္ရွားသူတစ္ဦးက ဒီေန႔မနက္ပိုင္းမွာ ဗီြအိုေအကို ေျပာခဲ့ပါတယ္။

“လံုၿခံဳေရးတပ္ေတြပစ္တာ အရပ္သား ၈ ေယာက္က်သြားၿပီ။ ဒဏ္ရာရထားတာ ၂၂ ေယာက္။ သူတို႔ဆြဲ သြားတာကေတာ့ ၅ ေယာက္ေလာက္ရွိတယ္ဗ်။ သူတုိ႔ဆြဲသြားတာ ဆႏၵျပတဲ့အထဲ အပစ္ခံရတဲ့သူ ထိသြား တယ္။ သူသြားတဲ့လူကို ဆြဲသြားတာ၊ တခ်ဳိ႕လူက ေခါင္းဒဏ္ရာ တခ်ဳိ႕လူကေတာ့က်ေတာ့ ရင္ဘတ္ ေဖာက္ထြက္ ဒဏ္ရာေတြ။ တခ်ဳိ႕ကက်ေတာ့ ေျခေထာက္က်ဳိးသြားတာေတြ ေျခေထာက္ထိလို႔ က်ဳိးသြားတာေတြ။ အဲ့လိုမ်ဳိးေသြးထြက္ၿပီးေတာ့ ဆံုးသြားတာေတြေပါ့ အဲ့လိုဒဏ္ရာေတြ။ ေနာက္ဆီးခံု ေပါက္ထြက္ ဒဏ္ရာေတြ မ်ားတယ္ဗ် ရင္ဘတ္ဒဏ္ရာတို႔၊ ေခါင္းဒဏ္ရာတို႔ ဆီးခံုေပါက္ထြက္ ဒဏ္ရာေတြ အဲ့လိုမ်ဳိးျဖစ္တာ။ အဲ့လူေတာ္ေတာ္မ်ားမ်ားဆံုးသြားတာေပါ့ အဲ့ ၈ ေယာက္ထဲမွာ၊ ၂၀ နဲ႔ ၂ ေယာက္ကေတာ့ တင္ပါးတို႔ ေပါင္တို႔ မ်က္ႏွာတို႔ အဲ့လိုမ်ဳိးထိတာ။”

ဒလၿမိဳ႕နယ္မွာ ဖမ္းဆီးခံရတဲ့ အမ်ဳိးသမီး ႏွစ္ဦးကို ျပန္လႊတ္ေပးဖို႔ ရဲစခန္းကို ဝိုင္းၿပီးေတာင္းဆိုရာ မေန႔က ည ၁၂ နာရီေလာက္မွာ စစ္တပ္နဲ႔ ရဲေတြရဲ႕ ပစ္ခတ္မႈေၾကာင့္ အရပ္သား ၈ ဦးေသဆံုး၊ ၂၂ ဦး က်ည္ထိမွန္

ထိခိုက္ဒဏ္ရာရွိခဲ့တာပါ။ လူေသအေလာင္းနဲ႔ ဒဏ္ရာရထားသူတခ်ဳိ႕ကိုလည္း စစ္တပ္က ဆြဲယူသြားတယ္လို႔ ေျပာပါတယ္။

စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က အင္အားအလံုးအရင္းသံုးၿပီး ေသနတ္က်ည္အစစ္၊ ရာဘာက်ည္၊ အသံမိုင္းေတြနဲ႔ ေသာၾကာေန႔ ည ၁၂ နာရီေက်ာ္ကေန မနက္ ၂ နာရီအထိ ဆက္တိုက္ တရစပ္ ပစ္ခတ္ခဲ့ပါတယ္။ စစ္အာဏာသိမ္းဆန္႔က်င္လႈပ္ရွာမႈေတြကို ရန္ကုန္ အပါအဝင္ တျခား ေဒသအသီးသီးက ၿမိဳ႕နယ္၊ ရပ္ကြက္ ေက်းရြာေတြမွာ ေသနတ္က်ည္အစစ္ေတြနဲ႔ ပစ္သတ္ၿဖိဳခြင္း ႐ုိက္ႏွက္ဖမ္းဆီးမႈေတြလုပ္ေဆာင္ေနပါတယ္။ VOA က ရရွိတဲ့သတင္းေတြအရ မြန္းလြဲပိုင္းအထိကို ဒီကေန႔ တေန႔တည္း ျမန္မာႏိုင္ငံအ၀ွမ္း ေသနက္က်ည္ေၾကာင့္ ေသဆံုးသူ ၉၀ ဦးထက္ မနည္းရွိသြားပါၿပီ။

ရန္ကုန္ဆႏၵျပပဲြ ေသဆံုးသူ ဆယ္ဂဏန္းရွိ
please wait

No media source currently available

0:00 0:04:44 0:00
တိုက္႐ိုက္ လင့္ခ္


Unicode

ရန်ကုန်ဆန္ဒပြပွဲ သေဆုံးသူ ဆယ်ဂဏန်းရှိ

ဖတ်ဆစ်တော်လှန်ရေးနေ့အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်တာကြောင့် ရန်ကုန်မြို့မှာလည်း ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။ အင်းစိန်မြို့နယ်တခုတည်းမှာပဲ ၅ ဦးထက်မနည်းသေဆုံးတာပါ။ ရန်ကုန်ကရတဲ့ သတင်းကို ကိုရန်နိုင် ပြောပြပါမယ်။

ဒီကနေ့ တော်လှန်ရေးနေ့မှာ ရန်ကုန်တိုင်း နေရာအနှံ့ စစ်ကောင်စီတပ်ဖွ့ဲတွေက

လိုက်လံနှိပ်ကွပ် ပစ်သတ်ဖြိုခွင်းနေပြီး ဆယ်ဂဏန်းအထိ သေဆုံးမှုတွေရှိနေပါတယ်။

အင်းစိန်မြို့နယ်မှာတော့ ပြည်သူတွေဘက်က ဆန္ဒပြသပိတ်အတွက် အတားအဆီးတွေကို နံနက် ၂ နာရီခွဲ လောက်ကစပြီး ကာရံခဲ့ကြတာပါ။ အတားအဆီးတွေ ကာရံပြီး သိပ်မကြာခင်မှာ ရဲနဲ့စစ်တပ်ကရောက်လာပြီး ပြည်သူတွေဘက်က ပြန်လည်ခုခံခဲ့ကြပါတယ်။ မနက်အစောပိုင်း ၆နာရီလောက်မှာ လှိုင်သာယာဘက်ကနေ

ရောက်လာတဲ့ ရဲနဲ့စစ်တပ်အင်အား ၂၀၀ ဝန်းကျင်လောက်ရှိလို့ ပြည်သူတွေက လူစုခွဲပြီး လမ်းကြားတွေထဲ ကနေ ပြောက်ကျားစနစ်နဲ့ သပိတ်ပြန်စခဲ့ပါတယ်။

ညဉ့်သန်းခေါင်အချိန်ကတည်းက ပစ်ခတ်မှုတွေရှိခဲ့တဲ့ အင်းစိန်မြို့နယ်မှာ ဒီကနေ့ ညနေ ၅ နာရီဝန်းကျင် အထိ ရရှိထားတဲ့စာရင်းအရ သေဆုံးသူ ၅ဦးနဲ့ကျည်ထိပြီး ဒဏ်ရာပြင်းထန်သူ ၃ ဦး ရှိထားပါတယ်။ သေဆုံးသူ ၅ ဦးဟာ အင်းစိန် ရွာမဘက်က ၂ ဦး၊ ဖော့ကန်ဘက်က ၁ ဦးနဲ့ အင်းစိန် က၊ ခ ရပ်ကွက်က ၂ ဦး ဖြစ်တယ်လို့ မြေပြင်မှာရှိနေသူတဦးက ဗွီအိုအေကို အတည်ပြုထားပါတယ်။

"အဲမှာ သူတို့က လမ်းကြားတွေထဲဝင်ပြီးတော့ ရမ်းပြီးတော့ ပစ်နေတာ။ ရွာမဘက်တွေဆိုရင်လည်း သပိတ်နဲ့ တောင် အဝေးကြီးပဲ မဆိုင်ဘူး၊ အဲဒါကို လှမ်းပစ်သွားတာ။ လှမ်းပစ်တော့ ကလေးတွေရော၊ လမ်းဘေးက လူတွေရော တော်တော်များများ ထိကြတာပေါ့။ လောလောဆယ်ကတော့ ဆေးရုံမှာ ဒဏ်ရာပြင်းထန်တာက

၃ ယောက်၊ ကျဆုံးက ၅ ယောက်ပေါ့။ သူတို့က ရပ်ကွက်ထဲမှာ တချို့နေရာတွေမှာ တပ်စွဲထားတဲ့ နေရာတွေ လည်း ရှိတယ်။ ရပ်ကွက်တွေထဲ ဝင်တယ်၊ ထွက်တယ်၊ ပြန်သွားတယ်။ ပြီးတော့ ရပ်ကွက်လမ်းမတန်းကြီးတွေ၊ လှိုင်မြစ်လမ်းတွေ၊ ဘုရင့်နောင်လမ်းမကြီးတွေကို ပတ်နေတယ်။ ခုနကဆို ပေါက်တောဝမှာလည်း

ဆိုင်ကယ်တွေ၊ ကားတွေကို မီးပွိုင့်မှာ ရမ်းကားပစ်သွားတယ်။ ကားပေါ်ကနေပြီးတော့ အဲဒီလိုပစ်သွားတာ တွေလည်း ရှိတယ်ဗျ။ အဲဒါတွေကို ကျနော်ဓာတ်ပုံတော့ မရိုက်ဘူး၊ ဒါပေမဲ့ သေချာတယ်ဗျ။ အခုတော့ လမ်းတွေပေါ်မှာကားတွေ၊ ဆိုင်ကယ်တွေလည်း သိပ်မတွေ့တော့ဘူးဗျ၊ သူတို့တွေပဲ ပတ်နေတယ်။"

သင်္ဃန်းကျွန်း ၁၆ ရပ်ကွက်မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ ဝင်ရောက် ပစ်ခတ်မှုကြောင့် တစ်ဦး သေဆုံးတယ်လို့ မျက်မြင်တစ်ဦးက ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ သင်္ဃန်းကျွန်း ၁၆ ရပ်ကွက်မှာ တစ်ယောက်သွားပြီး၊ သင်္ဃန်းကျွန်း ၁၆ ရပ်ကွက် ဟိုဘုရားလမ်း အကျော် ဟိုဘက်ခြမ်းပေါ့၊ နောက်တယောက် ထပ်ထိတာကျတော့ သေလား မသေလား မပြောတတ်နိုင် သေးဘူး၊ ပြီးတော့ အခု သံသုမာလမ်းမကြီး တောက်လျှောက်လည်း အဲ့လိုမျိုး ဟိုတင်တွေ လုပ်နေတယ်။ ဘိုဒိုဇာနဲ့ အဲ့ဒီဟာတွေ လိုက်ဖြိုတယ်။ ရဲကားတွေ စစ်ကားတွေ ဖွက်ပြီးတော့ လမ်းကြားတွေမှာ ထား ထားတယ်ဗျာ။ အင်အားတော်တော်များတယ်။”

စမ်းချောင်းမြို့နယ် ဗဟိုလမ်းမှာ ဆန့်ကျင်ဆန္ဒပြနေလူငယ်တွေကို အသံဗုံး၊ မျက်ရည်ယိုဗုံးသုံး အကြိမ်ကြိမ် ဖြိုခွင်းကာ လူနေတိုက်အထပ်အမြင့်ကို လောက်ခွ၊ တုတ်တွေနဲ့ ပစ်နေပါတယ်။

အလားတူပဲ၊ ဒီကနေ့ ရန်ကုန်မှာ ဆန့်ကျင်ဆန္ဒပြသူတွေကို လက်နက်ကိုင်တွေဘက်က လိုက်လံနှိပ်နင်း ပစ်ခတ်မှုကြောင့် စမ်းချောင်းမြို့နယ် ရန်ကြီးအောင်လမ်းမှာတစ်ဦးနဲ့ ရန်ကင်း ရန်ရှင်းလမ်းမှာ တစ်ဦး၊

ဒဂုံဆိပ်ကမ်း ယုဇနဥယျာဉ်မြို့တော်မှာတစ်ဦး ကျည်ထိမှန်သေဆုံးတယ်လို့

ပြည်တွင်း သတင်းတွေ မှာ ဖော်ပြထားပါတယ်။

မနေ့ညက ဒလမြို့နယ်မှာ ဖမ်းဆီးခံရတဲ့ အမျိုးသမီး နှစ်ဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြတဲ့ လူထုကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကျည်အစစ်သုံး ပစ်ခတ်ဖြိုခွင်းမှုမှာ လူ ၈ ဦးသေဆုံး၊ ၂၂ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပစ်ခတ်တဲ့အချိန် ထွက်ပြေးခဲ့ရတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးက ဒီနေ့မနက်ပိုင်းမှာ ဗွီအိုအေကို ပြောခဲ့ပါတယ်။

“လုံခြုံရေးတပ်တွေပစ်တာ အရပ်သား ၈ ယောက်ကျသွားပြီ။ ဒဏ်ရာရထားတာ ၂၂ ယောက်။ သူတို့ဆွဲ သွားတာကတော့ ၅ ယောက်လောက်ရှိတယ်ဗျ။ သူတို့ဆွဲသွားတာ ဆန္ဒပြတဲ့အထဲ အပစ်ခံရတဲ့သူ ထိသွား တယ်။ သူသွားတဲ့လူကို ဆွဲသွားတာ၊ တချို့လူက ခေါင်းဒဏ်ရာ တချို့လူကတော့ကျတော့ ရင်ဘတ် ဖောက်ထွက် ဒဏ်ရာတွေ။ တချို့ကကျတော့ ခြေထောက်ကျိုးသွားတာတွေ ခြေထောက်ထိလို့ ကျိုးသွားတာတွေ။ အဲ့လိုမျိုးသွေးထွက်ပြီးတော့ ဆုံးသွားတာတွေပေါ့ အဲ့လိုဒဏ်ရာတွေ။ နောက်ဆီးခုံ ပေါက်ထွက် ဒဏ်ရာတွေ များတယ်ဗျ ရင်ဘတ်ဒဏ်ရာတို့၊ ခေါင်းဒဏ်ရာတို့ ဆီးခုံပေါက်ထွက် ဒဏ်ရာတွေ အဲ့လိုမျိုးဖြစ်တာ။ အဲ့လူတော်တော်များများဆုံးသွားတာပေါ့ အဲ့ ၈ ယောက်ထဲမှာ၊ ၂၀ နဲ့ ၂ ယောက်ကတော့ တင်ပါးတို့ ပေါင်တို့ မျက်နှာတို့ အဲ့လိုမျိုးထိတာ။”

ဒလမြို့နယ်မှာ ဖမ်းဆီးခံရတဲ့ အမျိုးသမီး နှစ်ဦးကို ပြန်လွှတ်ပေးဖို့ ရဲစခန်းကို ဝိုင်းပြီးတောင်းဆိုရာ မနေ့က ည ၁၂ နာရီလောက်မှာ စစ်တပ်နဲ့ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၈ ဦးသေဆုံး၊ ၂၂ ဦး ကျည်ထိမှန်

ထိခိုက်ဒဏ်ရာရှိခဲ့တာပါ။ လူသေအလောင်းနဲ့ ဒဏ်ရာရထားသူတချို့ကိုလည်း စစ်တပ်က ဆွဲယူသွားတယ်လို့ ပြောပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းသုံးပြီး သေနတ်ကျည်အစစ်၊ ရာဘာကျည်၊ အသံမိုင်းတွေနဲ့ သောကြာနေ့ ည ၁၂ နာရီကျော်ကနေ မနက် ၂ နာရီအထိ ဆက်တိုက် တရစပ် ပစ်ခတ်ခဲ့ပါတယ်။ စစ်အာဏာသိမ်းဆန့်ကျင်လှုပ်ရှာမှုတွေကို ရန်ကုန် အပါအဝင် တခြား ဒေသအသီးသီးက မြို့နယ်၊ ရပ်ကွက် ကျေးရွာတွေမှာ သေနတ်ကျည်အစစ်တွေနဲ့ ပစ်သတ်ဖြိုခွင်း ရိုက်နှက်ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပါတယ်။ VOA က ရရှိတဲ့သတင်းတွေအရ မွန်းလွဲပိုင်းအထိကို ဒီကနေ့ တနေ့တည်း မြန်မာနိုင်ငံအဝှမ်း သေနက်ကျည်ကြောင့် သေဆုံးသူ ၉၀ ဦးထက် မနည်းရှိသွားပါပြီ။

#MyanmarMilitaryCoup #MyanmarProtest #WhatIsHappeningInMyanamr #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG