သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏွိမ္နင္းမႈၾကားက ဆႏၵျပေနသူမ်ားရဲ႕ ရည္႐ြယ္ခ်က္


စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕ ဆႏၵျပပြဲ။ (ေအာက္တိုဘာ ၈၊ ၂၀၂၁) CJ

{Zawgyi/Unicode}


ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္း အုပ္ခ်ဳပ္ေနတာ ၈ လေက်ာ္လာေပမယ့္လည္း အာဏာသိမ္းတာကို လက္မခံဘူးဆိုတာျပဖို႔ ဒီေန႔အခ်ိန္ထိ ဆက္ၿပီး ဆႏၵျပကန႔္ကြက္ေနၾကတာျဖစ္တယ္လို႔ ဆႏၵျပပြဲေတြမွာ ပါဝင္ေနသူေတြကေျပာပါတယ္။ လုံၿခဳံေရးတင္းၾကပ္ထားတဲ့ၾကားကပဲ ရန္ကုန္အပါအဝင္ ၿမိဳ႕တခ်ိဳ႕မွာလွ်ပ္တပ်က္ဆႏၵျပတာအပါအဝင္ ဆႏၵျပပြဲေတြ အလ်ဥ္းသင့္သလို ဆက္လုပ္ေနၾကတဲ့ ရည္႐ြယ္ခ်က္ကို ဆက္သြယ္ေမးျမန္းၿပီး ေပးပို႔ထားတဲ့ ရန္ကုန္ကသတင္းကို မခြာညိဳကေျပာျပပါမယ္။

စစ္တပ္က အာဏာသိမ္းတာ ၈ လေက်ာ္သြားခ်ိန္အထိ ရန္ကုန္အပါအဝင္ ၿမိဳ႕တခ်ိဳ႕မွာ စစ္အာဏာသိမ္းမႈ ဆန႔္က်င္ေရး ဆႏၵျပမႈေတြ ဆက္ရွိေနဆဲျဖစ္ပါတယ္။ အာဏာသိမ္းၿပီးစ အခ်ိန္ကလို အင္အားအေျမာက္အမ်ားပါတဲ့ ဆႏၵျပပြဲေတြမဟုတ္ေပမဲ့ လုံၿခဳံေရးအေျခအေနေပၚမူတည္ၿပီး ဆက္ ဆႏၵျပေနၾကတာပါ။


ဆႏၵျပသူအေျမာက္အမ်ား ပစ္ခတ္ ၿဖိဳခြဲ ဖမ္းဆီးခံခဲ့ရသလို လက္ရွိမွာလည္း လုံၿခဳံေရးတင္းၾကပ္ေနတဲ့ၾကားက ဆက္ၿပီး ဆႏၵျပေနတဲ့ရည္႐ြယ္ခ်က္ကို ရန္ကုန္ဆႏၵျပပြဲ ဦးေဆာင္ပါဝင္သူတဦးက ဗြီအိုေအကို အခုလိုေျပာပါတယ္။

“ႏိုင္ငံေရးအပိုင္းမွာဆိုရင္ အားနည္းသြားမွာလည္း က်ေနာ္တို႔မလိုခ်င္ဘူး၊ စစ္ေရးက႑က စစ္ေရးက လုပ္ေနလိမ့္မယ္ဗ်ာ၊ သံတမန္ေရးဆိုတာလည္း ႏိုင္ငံတကာဖိအားေပးမႈေတြ၊ သံတမန္အေရးနဲ႔ ပတ္သက္တဲ့ အလုပ္ေတြ သူတို႔ဆက္လုပ္ေနတဲ့အခ်ိန္မွာ က်ေနာ္တို႔ ဒီႏိုင္ငံေရးတိုက္ပြဲျဖစ္တဲ့ ဒီလမ္းေပၚထြက္ ဆႏၵျပျခင္းေတြက ရပ္တန႔္သြားလို႔မရဘူး။ က်ေနာ္တို႔ ရပ္တန႔္သြားၿပီဆိုရင္ ဒါေသခ်ာတာက နံပါတ္ ၁ အေနနဲ႔ ဒီေကာင္ေတြရဲ႕အုပ္ခ်ဳပ္မႈစနစ္ ယႏၲရားကို က်ေနာ္တို႔က ေထာက္ခံလိုက္တဲ့ပုံစံမ်ိဳးပဲဗ်ာ၊ က်ေနာ္တို႔ ဒီေန႔ ရက္ေပါင္း ၂၇၀ အခုျပည့္တဲ့အခ်ိန္ထိေတာင္မွ က်ေနာ္တို႔ကို ဒီေကာင္ေတြ အုပ္ခ်ဳပ္လို႔ မရဘူးဆိုတဲ့ဟာကို ခ်ျပခ်င္တဲ့စိတ္တခုရယ္၊ ၿပီးရင္ လက္မခံႏိုင္ေသးဘူးဆိုတာကို (ျပဖုိ႔) က်ေနာ္တို႔ ထြက္တယ္။"

စစ္အာဏာသိမ္းၿပီးခ်ိန္ကတည္းက အခုခ်ိန္ထိ ေန႔စဥ္မျပတ္ဆိုသလို လမ္းေပၚထြက္ ဆႏၵျပတဲ့ ၿမိဳ႕ေတြထဲက မုံ႐ြာၿမိဳ႕မွာဆို ဆႏၵျပေခါင္းေဆာင္ေတြေရာ ဆႏၵျပသူေတာ္ေတာ္မ်ားမ်ားပါ ဖမ္းခံထားရပါတယ္။ ဒီလိုအေျခအေနမွာ ဒီေန႔အထိ အင္အားအသင့္အတင့္နဲ႔ စစ္အာဏာရွင္အဆုံးသတ္ေရး လမ္းေပၚထြက္ ဆႏၵျပေနၾကဆဲျဖစ္ပါတယ္။

ဒီမိုကေရစီနည္းလမ္းက် အၾကမ္းမဖက္နည္းနဲ႔ ဆက္ၿပီးေတာင္းဆိုသြားမယ္လို႔ မုံ႐ြာ ပင္မသပိတ္ေကာ္မတီအဖြဲ႔ဝင္လည္းျဖစ္၊ မုံ႐ြာတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ ဥကၠ႒လည္းျဖစ္တဲ့ ကိုသန္းေက်ာ္ဦးက ေျပာပါတယ္။

“အာဏာရွင္ကိုဆန႔္က်င္တဲ့အခါမွာ က်ေနာ္တို႔ ျပည္သူလူထုက အာဏာရွင္ကို ဆန႔္က်င္ေၾကာင္းကို ပုံရိပ္ ပုံသဏၭာန္ အမ်ိဳးမ်ိဳးနဲ႔ ခ်ျပေနရမွာျဖစ္တယ္၊ အာဏာစသိမ္းခါက လူထုေပါင္းမ်ားစြာ သန္းေပါင္းမ်ားစြာက အာဏာရွင္ကိုဆန႔္က်င္ေၾကာင္း ျမန္မာႏိုင္ငံမွာရွိတဲ့လူထု လွည္းေန ေလွေအာင္း ျမင္းေဇာင္းမက်န္ အာဏာရွင္ကို ဒီမိုကေရစီနည္းလမ္းတက်နဲ႔ အၾကမ္းမဖက္တဲ့နည္းလမ္းနဲ႔ က်ေနာ္တို႔ ေတာင္းဆိုတယ္၊ အခုေနာက္ပိုင္း အာဏာရွင္ရဲ႕ဖိႏွိပ္မႈေတြ ေတာက္ေလွ်ာက္လုပ္ေပေသာ္ျငားလည္း က်ေနာ္တို႔ လမ္းေပၚသပိတ္တိုက္ပြဲက ေပ်ာက္ဆုံးမသြားဘူးေပါ့၊ အာဏာသိမ္းစစ္ေကာင္စီရဲ႕ ဒီျပည္သူေတြအေပၚမွာ ဒီမိုကေရစီနည္းလမ္းေတြကို ဆန႔္က်င္ၿပီးေတာ့ အၾကမ္းဖက္ ရက္စက္ ယုတ္မာတာေတြကို ျပည္သူလူထု လက္မခံႏိုင္တာမို႔လို႔ က်ေနာ္တို႔ရဲ႕ အသက္ေတြ ဘဝေတြ ေပးၿပီးေတာ့ ဒီလမ္းမေပၚမွာ ထြက္ၿပီးေတာ့ပဲ ျပသေနတာေပါ့ေလ။”

မုံ႐ြာၿမိဳ႕လိုပဲ ေန႔စဥ္လို လမ္းေပၚထြက္ ဆႏၵျပမႈေတြရွိတဲ့ ကေလးၿမိဳ႕မွာလည္း စစ္အာဏာသိမ္းတာကို လက္မခံႏိုင္ဘူးဆိုတာျပဖို႔ ေန႔စဥ္မျပတ္ လမ္းေပၚထြက္ ဆႏၵျပရတာလို႔ ကေလးၿမိဳ႕က ဆႏၵျပဦးေဆာင္သူကေျပာပါတယ္။

“သူတို႔ကေတာ့ အာဏာထိန္းတာလို႔ ေျပာတာေပါ့။ အာဏာသိမ္းလိုက္တာကို တို႔က ၿငိမ္ေနလိုက္တယ္ ဆိုရင္ အလိုတူအလိုပါလို သေဘာတူသလို ျဖစ္သြားမွာေပါ့ေနာ္၊ ဒါေပမယ့္ ေၾကာက္သလိုလည္း ျဖစ္သြားႏိုင္တယ္၊ အကိုတို႔က ဒါေတြပဲ သူတို႔စစ္အာဏာရွင္ကို လက္မခံဘူးဆိုတဲ့အေၾကာင္း ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ရတဲ့နည္းနဲ႔ ျပေနရတာေပါ့၊ လူတိုင္းကေတာ့ ေၾကာက္တာေပါ့ေနာ္၊ ေၾကာက္ၿပီးမွ ေနလိုက္တယ္ဆိုရင္ စစ္အာဏာရွင္လက္ေအာက္မွာ ႏွစ္ေပါင္းမ်ားစြာေနရမွာဆိုေတာ့ ဒါေတြေၾကာင့္ လိုက္ပါတဲ့လူေတြလည္း ေတာက္ေလွ်ာက္ပဲေပါ့ေနာ္၊ အားလုံးက ယုံၾကည္ခ်က္နဲ႔ လိုက္ပါေနတာ။”

စစ္ေကာင္စီတပ္ေတြနဲ႔ လက္နက္ကိုင္ ေဒသခံကာကြယ္ေရးအဖြဲ႔ေတြ တိုက္ပြဲေတြျဖစ္ေနတဲ့ စစ္ကိုင္းတိုင္း၊ တန႔္ဆည္ၿမိဳ႕နယ္က ဆႏၵျပဦးေဆာင္သူတဦးကေတာ့ စစ္အာဏာရွင္စနစ္အျမစ္ျဖဳတ္ၿပီး ေႏြဦးေတာ္လွန္ေရးေအာင္ျမင္ဖို႔အတြက္ ဆႏၵျပပြဲေတြက အေရးႀကီးတယ္လို႔ေျပာပါတယ္။

“ဆႏၵျပတာေတြလည္း အေရးႀကီးတဲ့အပိုင္းမွာ ရွိေနတာေပါ့ဗ်၊ က်ေနာ္တို႔လုပ္ႏိုင္တဲ့ ဒီအပိုင္းကေတာ့ က်ေနာ္တို႔လုပ္ေပးလို႔ရတဲ့ ေနရာကေန ဒါထြက္တာပါ၊ က်ေနာ္တို႔ကေတာ့ ျပလို႔ရသမွ် ျပေနမွာပဲဗ်ာ၊ ဒီစစ္ေကာင္စီျပဳတ္က်ေရး၊ NUG ေထာက္ခံေရးေပ့ါဗ်ာ၊ ဒီေတာ္လွန္ေရးကို ေအာင္ျမင္ဖို႔အတြက္ က်ေနာ္တို႔က လုပ္ေနၾကတာျဖစ္ပါတယ္။”

လမ္းေပၚထြက္ ဆႏၵျပမႈေတြကို ထင္သာျမင္သာ အားေပးေထာက္ခံသူ အရင္လို အမ်ားႀကီး မရွိေတာ့ေပမဲ့ သူတို႔ေဖာ္ထုတ္ခ်င္တဲ့ဆႏၵကို ေျပာျပႏိုင္တယ္ဆိုရင္ကို စစ္အာဏာရွင္ကို ဆန႔္က်င္တယ္ဆိုတာ တနည္းတလမ္း ျပသရာေရာက္တယ္လို႔ ဆႏၵျပသူေတြက ေျပာၾကပါတယ္။

ဒီေန႔မွာေတာ့ ရန္ကုန္၊ ကေလး၊ ေလာင္းလုံ၊ ေ႐ြဘို၊ ယင္းမာပင္ စတဲ့ေနရာေတြမွာ စစ္အာဏာရွင္ ဆန႔္က်င္ေရး ဆႏၵျပပြဲေတြ လုပ္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

========

{Unicode}

နှိမ်နင်းမှုကြားက ဆန္ဒပြနေသူများရဲ့ ရည်ရွယ်ချက်


မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း အုပ်ချုပ်နေတာ ၈ လကျော်လာပေမယ့်လည်း အာဏာသိမ်းတာကို လက်မခံဘူးဆိုတာပြဖို့ ဒီနေ့အချိန်ထိ ဆက်ပြီး ဆန္ဒပြကန့်ကွက်နေကြတာဖြစ်တယ်လို့ ဆန္ဒပြပွဲတွေမှာ ပါဝင်နေသူတွေကပြောပါတယ်။ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားကပဲ ရန်ကုန်အပါအဝင် မြို့တချို့မှာလျှပ်တပျက်ဆန္ဒပြတာအပါအဝင် ဆန္ဒပြပွဲတွေ အလျဉ်းသင့်သလို ဆက်လုပ်နေကြတဲ့ ရည်ရွယ်ချက်ကို ဆက်သွယ်မေးမြန်းပြီး ပေးပို့ထားတဲ့ ရန်ကုန်ကသတင်းကို မခွာညိုကပြောပြပါမယ်။

စစ်တပ်က အာဏာသိမ်းတာ ၈ လကျော်သွားချိန်အထိ ရန်ကုန်အပါအဝင် မြို့တချို့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။ အာဏာသိမ်းပြီးစ အချိန်ကလို အင်အားအမြောက်အများပါတဲ့ ဆန္ဒပြပွဲတွေမဟုတ်ပေမဲ့ လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး ဆက် ဆန္ဒပြနေကြတာပါ။
ဆန္ဒပြသူအမြောက်အများ ပစ်ခတ် ဖြိုခွဲ ဖမ်းဆီးခံခဲ့ရသလို လက်ရှိမှာလည်း လုံခြုံရေးတင်းကြပ်နေတဲ့ကြားက ဆက်ပြီး ဆန္ဒပြနေတဲ့ရည်ရွယ်ချက်ကို ရန်ကုန်ဆန္ဒပြပွဲ ဦးဆောင်ပါဝင်သူတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“နိုင်ငံရေးအပိုင်းမှာဆိုရင် အားနည်းသွားမှာလည်း ကျနော်တို့မလိုချင်ဘူး၊ စစ်ရေးကဏ္ဍက စစ်ရေးက လုပ်နေလိမ့်မယ်ဗျာ၊ သံတမန်ရေးဆိုတာလည်း နိုင်ငံတကာဖိအားပေးမှုတွေ၊ သံတမန်အရေးနဲ့ ပတ်သက်တဲ့ အလုပ်တွေ သူတို့ဆက်လုပ်နေတဲ့အချိန်မှာ ကျနော်တို့ ဒီနိုင်ငံရေးတိုက်ပွဲဖြစ်တဲ့ ဒီလမ်းပေါ်ထွက် ဆန္ဒပြခြင်းတွေက ရပ်တန့်သွားလို့မရဘူး။ ကျနော်တို့ ရပ်တန့်သွားပြီဆိုရင် ဒါသေချာတာက နံပါတ် ၁ အနေနဲ့ ဒီကောင်တွေရဲ့အုပ်ချုပ်မှုစနစ် ယန္တရားကို ကျနော်တို့က ထောက်ခံလိုက်တဲ့ပုံစံမျိုးပဲဗျာ၊ ကျနော်တို့ ဒီနေ့ ရက်ပေါင်း ၂၇၀ အခုပြည့်တဲ့အချိန်ထိတောင်မှ ကျနော်တို့ကို ဒီကောင်တွေ အုပ်ချုပ်လို့ မရဘူးဆိုတဲ့ဟာကို ချပြချင်တဲ့စိတ်တခုရယ်၊ ပြီးရင် လက်မခံနိုင်သေးဘူးဆိုတာကို (ပြဖို့) ကျနော်တို့ ထွက်တယ်။"

စစ်အာဏာသိမ်းပြီးချိန်ကတည်းက အခုချိန်ထိ နေ့စဉ်မပြတ်ဆိုသလို လမ်းပေါ်ထွက် ဆန္ဒပြတဲ့ မြို့တွေထဲက မုံရွာမြို့မှာဆို ဆန္ဒပြခေါင်းဆောင်တွေရော ဆန္ဒပြသူတော်တော်များများပါ ဖမ်းခံထားရပါတယ်။ ဒီလိုအခြေအနေမှာ ဒီနေ့အထိ အင်အားအသင့်အတင့်နဲ့ စစ်အာဏာရှင်အဆုံးသတ်ရေး လမ်းပေါ်ထွက် ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။

ဒီမိုကရေစီနည်းလမ်းကျ အကြမ်းမဖက်နည်းနဲ့ ဆက်ပြီးတောင်းဆိုသွားမယ်လို့ မုံရွာ ပင်မသပိတ်ကော်မတီအဖွဲ့ဝင်လည်းဖြစ်၊ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ကိုသန်းကျော်ဦးက ပြောပါတယ်။

“အာဏာရှင်ကိုဆန့်ကျင်တဲ့အခါမှာ ကျနော်တို့ ပြည်သူလူထုက အာဏာရှင်ကို ဆန့်ကျင်ကြောင်းကို ပုံရိပ် ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ချပြနေရမှာဖြစ်တယ်၊ အာဏာစသိမ်းခါက လူထုပေါင်းများစွာ သန်းပေါင်းများစွာက အာဏာရှင်ကိုဆန့်ကျင်ကြောင်း မြန်မာနိုင်ငံမှာရှိတဲ့လူထု လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် အာဏာရှင်ကို ဒီမိုကရေစီနည်းလမ်းတကျနဲ့ အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ကျနော်တို့ တောင်းဆိုတယ်၊ အခုနောက်ပိုင်း အာဏာရှင်ရဲ့ဖိနှိပ်မှုတွေ တောက်လျှောက်လုပ်ပေသော်ငြားလည်း ကျနော်တို့ လမ်းပေါ်သပိတ်တိုက်ပွဲက ပျောက်ဆုံးမသွားဘူးပေါ့၊ အာဏာသိမ်းစစ်ကောင်စီရဲ့ ဒီပြည်သူတွေအပေါ်မှာ ဒီမိုကရေစီနည်းလမ်းတွေကို ဆန့်ကျင်ပြီးတော့ အကြမ်းဖက် ရက်စက် ယုတ်မာတာတွေကို ပြည်သူလူထု လက်မခံနိုင်တာမို့လို့ ကျနော်တို့ရဲ့ အသက်တွေ ဘဝတွေ ပေးပြီးတော့ ဒီလမ်းမပေါ်မှာ ထွက်ပြီးတော့ပဲ ပြသနေတာပေါ့လေ။”

မုံရွာမြို့လိုပဲ နေ့စဉ်လို လမ်းပေါ်ထွက် ဆန္ဒပြမှုတွေရှိတဲ့ ကလေးမြို့မှာလည်း စစ်အာဏာသိမ်းတာကို လက်မခံနိုင်ဘူးဆိုတာပြဖို့ နေ့စဉ်မပြတ် လမ်းပေါ်ထွက် ဆန္ဒပြရတာလို့ ကလေးမြို့က ဆန္ဒပြဦးဆောင်သူကပြောပါတယ်။

“သူတို့ကတော့ အာဏာထိန်းတာလို့ ပြောတာပေါ့။ အာဏာသိမ်းလိုက်တာကို တို့က ငြိမ်နေလိုက်တယ် ဆိုရင် အလိုတူအလိုပါလို သဘောတူသလို ဖြစ်သွားမှာပေါ့နော်၊ ဒါပေမယ့် ကြောက်သလိုလည်း ဖြစ်သွားနိုင်တယ်၊ အကိုတို့က ဒါတွေပဲ သူတို့စစ်အာဏာရှင်ကို လက်မခံဘူးဆိုတဲ့အကြောင်း ငြိမ်းငြိမ်းချမ်းချမ်း ရတဲ့နည်းနဲ့ ပြနေရတာပေါ့၊ လူတိုင်းကတော့ ကြောက်တာပေါ့နော်၊ ကြောက်ပြီးမှ နေလိုက်တယ်ဆိုရင် စစ်အာဏာရှင်လက်အောက်မှာ နှစ်ပေါင်းများစွာနေရမှာဆိုတော့ ဒါတွေကြောင့် လိုက်ပါတဲ့လူတွေလည်း တောက်လျှောက်ပဲပေါ့နော်၊ အားလုံးက ယုံကြည်ချက်နဲ့ လိုက်ပါနေတာ။”

စစ်ကောင်စီတပ်တွေနဲ့ လက်နက်ကိုင် ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က ဆန္ဒပြဦးဆောင်သူတဦးကတော့ စစ်အာဏာရှင်စနစ်အမြစ်ဖြုတ်ပြီး နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် ဆန္ဒပြပွဲတွေက အရေးကြီးတယ်လို့ပြောပါတယ်။

“ဆန္ဒပြတာတွေလည်း အရေးကြီးတဲ့အပိုင်းမှာ ရှိနေတာပေါ့ဗျ၊ ကျနော်တို့လုပ်နိုင်တဲ့ ဒီအပိုင်းကတော့ ကျနော်တို့လုပ်ပေးလို့ရတဲ့ နေရာကနေ ဒါထွက်တာပါ၊ ကျနော်တို့ကတော့ ပြလို့ရသမျှ ပြနေမှာပဲဗျာ၊ ဒီစစ်ကောင်စီပြုတ်ကျရေး၊ NUG ထောက်ခံရေးပေ့ါဗျာ၊ ဒီတော်လှန်ရေးကို အောင်မြင်ဖို့အတွက် ကျနော်တို့က လုပ်နေကြတာဖြစ်ပါတယ်။”

လမ်းပေါ်ထွက် ဆန္ဒပြမှုတွေကို ထင်သာမြင်သာ အားပေးထောက်ခံသူ အရင်လို အများကြီး မရှိတော့ပေမဲ့ သူတို့ဖော်ထုတ်ချင်တဲ့ဆန္ဒကို ပြောပြနိုင်တယ်ဆိုရင်ကို စစ်အာဏာရှင်ကို ဆန့်ကျင်တယ်ဆိုတာ တနည်းတလမ်း ပြသရာရောက်တယ်လို့ ဆန္ဒပြသူတွေက ပြောကြပါတယ်။

ဒီနေ့မှာတော့ ရန်ကုန်၊ ကလေး၊ လောင်းလုံ၊ ရွေဘို၊ ယင်းမာပင် စတဲ့နေရာတွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #MyanmarProtests #voaburmese #စစ်အာဏာသိမ်းမှု #ဆန္ဒပြပွဲ #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG