သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရပ္/ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႔မ်ား ဖြဲ႔ႏိုင္ဖို႔ စစ္တပ္က ႀကိဳးပမ္းေန


လံုၿခံဳေရးတပ္ဖြဲ႔ဝင္တဦး စစ္အာဏာသိမ္းမႈဆန္႔က်င္သူေတြကို ခ်ိန္ရြယ္ထားစဥ္။ (မတ္လ ၇၊ ၂၀၂၁)

တႏိုင္ငံလုံးက ဆႏၵျပျပည္သူေတြကို အၾကမ္းဖက္တဲ့နည္းနဲ႔ ပစ္ခတ္ၿဖိဳခြဲေနတဲ့ စစ္အုပ္ခ်ဳပ္ေရးေကာင္စီဟာ ရပ္ကြက္နဲ႔ေက်း႐ြာ အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြကို ဒီရက္ပိုင္းမွာ အျမန္ဆုံးဖြဲ႔စည္းႏိုင္ဖို႔ စိုင္းျပင္းေနပါတယ္။ ရန္ကုန္ကရတဲ့သတင္းကို က်ေနာ္သားၫြန႔္ဦး ေျပာျပပါမယ္။

အၾကမ္းဖက္ႏွိမ္နင္းမႈေတြေၾကာင့္ ေသဆုံးမႈေတြရွိလာၿပီးေနာက္မွာ အုပ္ခ်ဳပ္ေရးယႏၲရားခိုင္မာဖို႔အတြက္ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ေအာက္ေျခပိုင္းမွာ အုပ္ခ်ဳပ္ေရးအဖြဲ႔အဆင့္ဆင့္ ဖြဲ႔ႏိုင္ဖို႔ႀကိဳးပမ္းလာတာပါ။

ဒါဟာ စစ္ေကာင္စီဘက္က သူတို႔ရဲ႕ယိုယြင္းေနတဲ့ အုပ္ခ်ဳပ္ေရးကို ခိုင္မာေအာင္လုပ္ဖို႔ ႀကိဳးစားေနတာျဖစ္ၿပီး ဒါကို အခ်ိန္မီ မတားဆီးႏိုင္ရင္ CDM လုပ္ေနတဲ့ဝန္ထမ္းေတြ လုံၿခဳံေရး စိုးရိမ္ရတာ၊ ရပ္႐ြာတည္ၿငိမ္တာကို ပ်က္စီးႏိုင္တဲ့ ဧည့္စာရင္းစစ္တာအပါအဝင္ အမႈဆင္ၿပီး ေထာင္သြင္း အက်ဥ္းခ်တာေတြအထိ ျဖစ္လာႏိုင္ေၾကာင္း ရန္ကုန္တိုင္းလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ ေျပာခြင့္ရ ဦးဘိုဘိုဦးက ဗြီအိုေအကို ေျပာပါတယ္။

“ရပ္ကြက္ အုပ္ခ်ဳပ္ေရးေတြ အစားထိုးတယ္ဆိုတာက သူတို႔အုပ္ခ်ဳပ္ေရးကို ခိုင္ေအာင္လုပ္ဖို႔ လုပ္တာေပါ့။ တကယ္ေတာ့ သူတို႔ အုပ္ခ်ဳပ္ေရးက ဒီတႏွစ္လုံး ပ်က္ေနတာေလ။ ေသနတ္နဲ႔ ေရရွည္အုပ္ထားလို႔ ျဖစ္တဲ့ကိစၥမွမဟုတ္တာဗ်ေနာ္။ ခုနကေျပာသလို အုပ္ခ်ဳပ္ကို စၿပီးတည္ေဆာက္ဖို႔ လုပ္လာတာ၊ ဒီဥစၥာကို က်ေနာ္တို႔ လက္ခံလို႔ မရပါဘူး။ ဒါေၾကာင့္ က်ေနာ္တို႔ (ပရဖ) ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ေတြ ဖြဲ႔စည္းထားတာလည္း ရွိတယ္။ ပရဖေတြက ဒီကိစၥကို တာဝန္ယူၿပီး ေျဖရွင္းသြားမွာ ျဖစ္ပါတယ္။”

ဖိအားေပး ဖြဲ႔စည္းေနတာက လူေနနည္းတဲ့ေနရာေတြမွာ ျဖစ္ႏိုင္ေပမဲ့ လူသိပ္သည္းတဲ့ ေက်း႐ြာ၊ ရပ္ကြက္ေတြမွာေတာ့ စစ္ေကာင္စီရဲ႕ အုပ္ခ်ဳပ္ေရးဟာ အရာေရာက္မွာမဟုတ္ေၾကာင္း သူကေျပာပါတယ္။

စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ရပ္ကြက္၊ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးေတြကို တာဝန္ထမ္းေဆာင္တဲ့ကာလျပည့္သြားၿပီဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ေဖေဖာ္ဝါရီလထဲမွာ ေၾကညာခ်က္ေတြထုတ္ျပန္ၿပီး တာဝန္က ရပ္နားလိုက္ပါတယ္။ လစ္လပ္သြားတဲ့ေနရာေတြမွာ အစားထိုးလိုက္တဲ့ သူေတြကိုလည္း ခ်က္ခ်င္း ထုတ္ျပန္ခဲ့တာပါ။ စစ္ေကာင္စီဘက္က ေ႐ြးခ်ယ္ထားတဲ့ အုပ္ခ်ဳပ္ေရးမႉးေတြကို အလိုမရွိေၾကာင္း ထုတ္ေဖာ္တဲ့ ဆႏၵျပပြဲေတြလည္း ေနရာအႏွံ႔မွာ ျဖစ္ခဲ့တာပါ။

ဆႏၵျပပြဲေတြကို ၿဖိဳခြဲေနတဲ့ လုံၿခဳံေရးတပ္ဖြဲ႔တခ်ိဳ႕ဟာ ဒီရက္ပိုင္းမွာ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံး အစည္းအေဝးေတြအတြက္ လုံၿခဳံေရးယူေပးေနပါတယ္။

လႈိင္သာယာ ၂ ရပ္ကြက္ ေအာင္ေျမ ပရဟိတအသင္းဥကၠ႒ ဦးမင္းမႏိုင္က သူ႔ပတ္ဝန္းက်င္ရဲ႕အေျခအေနကို အခုလိုေျပာျပပါတယ္။

“မေန႔က က်ေနာ္တို႔ ၁ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ အစည္းအေဝးလုပ္ေနတယ္။သူတို႔တပ္က၊ အခုလက္ရွိ က်ေနာ္ ျဖတ္လာတဲ့အခ်ိန္မွာ ႐ုံးထဲမွာ သူတို႔ meeting ထိုင္ေနတယ္၊ လမ္းေပၚမွာ ကင္းေတြခ်ထားတယ္၊ က်ေနာ္ေစာနက အဲနားက ျဖတ္တာလာ။ အခုလက္ရွိ အုပ္ခ်ဳပ္ေရးမႉးကို သေဘာက်လား၊ က်တယ္ဆိုဆက္လုပ္၊ မက်ဘူးဆိုရင္ ရာအိမ္ပိုင္ တပိုင္ကို အေယာက္အစိတ္ ထြက္ၿပီးေတာ့ သူတို႔ကို ေထာက္ခံေပါ့ဗ်ာ။ ေထာက္ခံသူကို တပ္က တင္မယ္ေပါ့။ ( အုပ္ခ်ဳပ္ေရးမႉး) ႐ုံးေတြ အျမန္ဆုံး ျပန္ဖြင့္ႏိုင္ဖို႔ လုပ္မယ္လို႔ ေျပာတာပဲ။ အေဟာင္းေတြ ျပန္လုပ္မယ္ ဆိုရင္ေတာ့ က်ေနာ္ထင္တယ္ ျပႆနာေတာ့ ထပ္တက္ဦးမယ္ ထင္တာပဲ လက္ရွိကေတာ့။”

စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ေ႐ြးခ်ယ္ထားတဲ့ အုပ္ခ်ဳပ္ေရးမႉးတခ်ိဳ႕ မတ္လ ၁၉ ရက္က ျမဝတီခ႐ိုင္၊ ဇရပ္ျဖဴကုန္း ေက်း႐ြာအုပ္စုမွာ အစည္းအေဝး က်င္းပေနတုန္း အမည္မသိတဲ့ လက္နက္ကိုင္လူတခ်ိဳ႕က ေသနတ္နဲ႔ ပစ္သတ္ခဲ့ပါတယ္။

ရန္ကုန္တိုင္းမွာေတာ့ ၿမိဳ႕နယ္ ၆ ခုဟာ စစ္အုပ္ခ်ဳပ္ေရးဥပေဒ ေအာက္မွာရွိေနသလို စားဝတ္ေနေရးနဲ႔ လုံၿခဳံေရးအတြက္ စိုးရိမ္စရာ အေျခအေနမွာ ရွိေနေၾကာင္းလည္း ႏိုင္ငံတကာ အဖြဲ႕အစည္းေတြက ဒီရက္ပိုင္းမွာ ေၾကညာခ်က္ေတြ ထုတ္ျပန္ထားၿပီးလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


Unicode

ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့နိုင်ဖို့ စစ်တပ်က ကြိုးပမ်းနေ

တနိုင်ငံလုံးက ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်တဲ့နည်းနဲ့ ပစ်ခတ်ဖြိုခွဲနေတဲ့ စစ်အုပ်ချုပ်ရေးကောင်စီဟာ ရပ်ကွက်နဲ့ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေကို ဒီရက်ပိုင်းမှာ အမြန်ဆုံးဖွဲ့စည်းနိုင်ဖို့ စိုင်းပြင်းနေပါတယ်။ ရန်ကုန်ကရတဲ့သတင်းကို ကျနော်သားညွန့်ဦး ပြောပြပါမယ်။

အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် သေဆုံးမှုတွေရှိလာပြီးနောက်မှာ အုပ်ချုပ်ရေးယန္တရားခိုင်မာဖို့အတွက် စစ်အုပ်ချုပ်ရေးကောင်စီက အောက်ခြေပိုင်းမှာ အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့် ဖွဲ့နိုင်ဖို့ကြိုးပမ်းလာတာပါ။

ဒါဟာ စစ်ကောင်စီဘက်က သူတို့ရဲ့ယိုယွင်းနေတဲ့ အုပ်ချုပ်ရေးကို ခိုင်မာအောင်လုပ်ဖို့ ကြိုးစားနေတာဖြစ်ပြီး ဒါကို အချိန်မီ မတားဆီးနိုင်ရင် CDM လုပ်နေတဲ့ဝန်ထမ်းတွေ လုံခြုံရေး စိုးရိမ်ရတာ၊ ရပ်ရွာတည်ငြိမ်တာကို ပျက်စီးနိုင်တဲ့ ဧည့်စာရင်းစစ်တာအပါအဝင် အမှုဆင်ပြီး ထောင်သွင်း အကျဉ်းချတာတွေအထိ ဖြစ်လာနိုင်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ ပြောခွင့်ရ ဦးဘိုဘိုဦးက ဗွီအိုအေကို ပြောပါတယ်။

“ရပ်ကွက် အုပ်ချုပ်ရေးတွေ အစားထိုးတယ်ဆိုတာက သူတို့အုပ်ချုပ်ရေးကို ခိုင်အောင်လုပ်ဖို့ လုပ်တာပေါ့။ တကယ်တော့ သူတို့ အုပ်ချုပ်ရေးက ဒီတနှစ်လုံး ပျက်နေတာလေ။ သေနတ်နဲ့ ရေရှည်အုပ်ထားလို့ ဖြစ်တဲ့ကိစ္စမှမဟုတ်တာဗျနော်။ ခုနကပြောသလို အုပ်ချုပ်ကို စပြီးတည်ဆောက်ဖို့ လုပ်လာတာ၊ ဒီဥစ္စာကို ကျနော်တို့ လက်ခံလို့ မရပါဘူး။ ဒါကြောင့် ကျနော်တို့ ပရဖ ( ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားတာလည်း ရှိတယ်။ ပရဖတွေက ဒီကိစ္စကို တာဝန်ယူပြီး ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။”

ဖိအားပေး ဖွဲ့စည်းနေတာက လူနေနည်းတဲ့နေရာတွေမှာ ဖြစ်နိုင်ပေမဲ့ လူသိပ်သည်းတဲ့ ကျေးရွာ၊ ရပ်ကွက်တွေမှာတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးဟာ အရာရောက်မှာမဟုတ်ကြောင်း သူကပြောပါတယ်။

စစ်အုပ်ချုပ်ရေးကောင်စီက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို တာဝန်ထမ်းဆောင်တဲ့ကာလပြည့်သွားပြီဆိုတဲ့ အကြောင်းပြချက်နဲ့ ဖေဖော်ဝါရီလထဲမှာ ကြေညာချက်တွေထုတ်ပြန်ပြီး တာဝန်က ရပ်နားလိုက်ပါတယ်။ လစ်လပ်သွားတဲ့နေရာတွေမှာ အစားထိုးလိုက်တဲ့ သူတွေကိုလည်း ချက်ချင်း ထုတ်ပြန်ခဲ့တာပါ။ စစ်ကောင်စီဘက်က ရွေးချယ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို အလိုမရှိကြောင်း ထုတ်ဖော်တဲ့ ဆန္ဒပြပွဲတွေလည်း နေရာအနှံ့မှာ ဖြစ်ခဲ့တာပါ။

ဆန္ဒပြပွဲတွေကို ဖြိုခွဲနေတဲ့ လုံခြုံရေးတပ်ဖွဲ့တချို့ဟာ ဒီရက်ပိုင်းမှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးတွေအတွက် လုံခြုံရေးယူပေးနေပါတယ်။

လှိုင်သာယာ ၂ ရပ်ကွက် အောင်မြေ ပရဟိတအသင်းဥက္ကဋ္ဌ ဦးမင်းမနိုင်က သူ့ပတ်ဝန်းကျင်ရဲ့အခြေအနေကို အခုလိုပြောပြပါတယ်။

“မနေ့က ကျနော်တို့ ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ အစည်းအဝေးလုပ်နေတယ်။သူတို့တပ်က၊ အခုလက်ရှိ ကျနော် ဖြတ်လာတဲ့အချိန်မှာ ရုံးထဲမှာ သူတို့ meeting ထိုင်နေတယ်၊ လမ်းပေါ်မှာ ကင်းတွေချထားတယ်၊ ကျနော်စောနက အဲနားက ဖြတ်တာလာ။ အခုလက်ရှိ အုပ်ချုပ်ရေးမှူးကို သဘောကျလား၊ ကျတယ်ဆိုဆက်လုပ်၊ မကျဘူးဆိုရင် ရာအိမ်ပိုင် တပိုင်ကို အယောက်အစိတ် ထွက်ပြီးတော့ သူတို့ကို ထောက်ခံပေါ့ဗျာ။ ထောက်ခံသူကို တပ်က တင်မယ်ပေါ့။ ( အုပ်ချုပ်ရေးမှူး) ရုံးတွေ အမြန်ဆုံး ပြန်ဖွင့်နိုင်ဖို့ လုပ်မယ်လို့ ပြောတာပဲ။ အဟောင်းတွေ ပြန်လုပ်မယ် ဆိုရင်တော့ ကျနော်ထင်တယ် ပြဿနာတော့ ထပ်တက်ဦးမယ် ထင်တာပဲ လက်ရှိကတော့။”

စစ်အုပ်ချုပ်ရေးကောင်စီက ရွေးချယ်ထားတဲ့ အုပ်ချုပ်ရေးမှူးတချို့ မတ်လ ၁၉ ရက်က မြဝတီခရိုင်၊ ဇရပ်ဖြူကုန်း ကျေးရွာအုပ်စုမှာ အစည်းအဝေး ကျင်းပနေတုန်း အမည်မသိတဲ့ လက်နက်ကိုင်လူတချို့က သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းမှာတော့ မြို့နယ် ၆ ခုဟာ စစ်အုပ်ချုပ်ရေးဥပဒေ အောက်မှာရှိနေသလို စားဝတ်နေရေးနဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ အခြေအနေမှာ ရှိနေကြောင်းလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေက ဒီရက်ပိုင်းမှာ ကြေညာချက်တွေ ထုတ်ပြန်ထားပြီးလည်း ဖြစ်ပါတယ်။

#MyanmarMilitaryCoup #MyanamrProtest #WhatIsHappeningInMyanmar #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG