သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းတႏွစ္ျပည့္ ကန႔္ကြက္တဲ့အေနနဲ႔ ျမန္မာႏိုင္ငံတဝန္း အသံတိတ္ဆႏၵျပ 


စစ္အာဏာသိမ္းမႈဆန္႔က်င္ေၾကာင္း အသံတိတ္သပိတ္ဆင္ႏြဲေနတဲ့ ရန္ကုန္ၿမိဳ႕ျမင္ကြင္း (ေဖေဖၚဝါရီ ၁၊ ၂၀၂၂)

[[Zawgyi/Unicode]]

စစ္တပ္အာဏာသိမ္းအုပ္ခ်ဳပ္တာကို ဆႏၵျပတဲ့အေနနဲ႔ ျမန္မာႏိုင္ငံ ေနရာအႏွံ႔မွာ ဒီေန႔ အသံတိတ္ဆႏၵျပခဲ့ၾကပါတယ္။ မနက္ ၁၀ နာရီကေန ၄ နာရီအထိ ေနျပည္ေတာ္ အပါအဝင္ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ ပုံမွန္စည္ကားေနတဲ့ ေနရာေတြ လူသူရွင္းၿပီး ေျခာက္ကပ္ေနခဲ့ပါတယ္။ ညေန ၄ နာရီမွာေတာ့ ျပည္သူေတြဟာ လက္ခုပ္ေတြ၊ သံပုံးေတြတီး၊ ကားဟြန္းေတြတီးၿပီး အသံတိတ္သပိတ္ကို အဆုံးသတ္ခဲ့ၾကပါတယ္။ ဒါေပမဲ့ ပုံမွန္လို႔ သြားလာလႈပ္ရွားေနတဲ့ ေနရာတခ်ိဳ႕လည္း ရွိခဲ့တဲ့အေၾကာင္ အျပည့္အစုံ ရန္ကုန္ကလာတဲ့သတင္းကို မစုျမတ္မြန္က တင္ျပပါမယ္။

စစ္အာဏာသိမ္း ၁ ႏွစ္ျပည့္တဲ့ ဒီေန႔မွာ အာဏာသိမ္းမႈဆန႔္က်င္တဲ့ အသံတိတ္ ဆႏၵျပမႈေတြ၊ လက္ခုပ္တီး၊ ကားဟြန္းတီး ဆႏၵျပမႈေတြ လုပ္ရင္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒေတြနဲ႔ အေရးယူမယ္လို႔ စစ္ေကာင္စီက သတိေပးထားေပမဲ့ ျပည္သူေတြဟာ အသံတိတ္ မေက်နပ္မႈကို ေဖာ္ထုတ္ျပသခဲ့ၾကပါတယ္။ မနက္ ၁၀ နာရီကေန ညေန ၄ နာရီအထိ အသံတိတ္သပိတ္ဆင္ႏြဲၾကဖို႔ ဆႏၵျပ သူေတြ ေဆာ္ၾသထားၾကတဲ့အတိုင္း အမ်ားစုက အဲဒီအခ်ိန္အတြင္း အိမ္ျပင္မထြက္ဘဲ ေနခဲ့ၾကပါတယ္။ စီးပြားေရးၿမိဳ႕ေတာ္ျဖစ္တဲ့ ရန္ကုန္ၿမိဳ႕မွာ ယာဥ္အသြားအလာေတြ ရွင္းလင္းၿပီး အရင္ေန႔ေတြနဲ႔မတူေအာင္ကို တိတ္ဆိတ္ေနခဲ့တာပါ။ ရန္ကုန္ၿမိဳ႕မွာ ယာဥ္အသြားအလာ အၿမဲစည္ကားေနတဲ့ ပါရမီ ေခ်ာ္တြင္းကုန္း လမ္းမႀကီး နားေနသူတေယက္က ဒီေန႔ သိသိသာသာ တိတ္ဆိတ္ေနပုံကို ခုလိုေျပာျပပါတယ္။

“က်ေနာ္တို႔ ရပ္ကြက္ ပတ္ဝန္းက်င္မွာ ၿငိမ္သက္ေနပါတယ္။ ကားအသြားအလာေတြလည္း ကင္းရွင္းေနပါတယ္၊ အခါတိုင္းဆိုရင္ေတာ့ ဒီလိုအခ်ိန္မွာ ကားအသြားမလာေတြ မ်ားပါတယ္။ ရပ္ကြက္တြင္းမွာလည္း ျဖတ္လမ္းေတြက ကားအသြားမလာေတြရွိပါတယ္၊ အခုေတာ့ မေတြ႕ရသေလာက္ပါပဲ။ အခုဆိုလို႔ရွိရင္ အာဏာပိုင္ေတြက တားဆီးမႈေတြ သတိေပးမႈေတြရွိေနတယ္၊ လူေတြဟာ မိမိတတ္ႏိုင္တဲ့ အတိုင္းအတာအတြင္းကေနၿပီးေတာ့ အသံတိတ္သပိတ္ကို ပါဝင္ၿပီးရွိတယ္ဆိုတာကို သိသာႏိုင္ပါတယ္။ ဒါဟာ က်ေနာ္တို႔ ျပည္သူေတြအေနနဲ႔ အၾကမ္းမဖက္လမ္းစဥ္ကို အသုံးျပဳၿပီးေတာ့ အာဏာရွင္ေတြကို တိုက္ႏိုင္တဲ့ နည္းလမ္းနဲ႔ပါဝင္ၿပီးေတာ့ ဆန႔္က်င္ေနတယ္ဆိုတာကို ကမာၻကို ျပသမွာပါ။”

မႏၲေလးၿမိဳ႕မွာလည္း ျပည္သူေတြက သူတို႔ရဲ႕ဆႏၵကို ျပတ္ျပတ္သားသား ျပသခဲ့တယ္လို႔ မႏၲေလးၿမိဳ႕ခံက ခုလို ေျပာျပပါတယ္။
“လူထုပါဝင္မႈက ၿပီးခဲ့တဲ့ပြဲထက္ကို ဒီဇင္ဘာ ၁၀ ရက္ကပြဲထက္ကို မေလ်ာ့ဘဲနဲ႔ ဒီပြဲက ပိုၿပီးပူးေပါင္းပါဝင္မႈ မ်ားတယ္ဗ်။ သူတို႔ေတြကို တုံ႔ျပန္လုပ္တဲ့၊ လမ္းေပၚထြက္ဖို႔လုပ္တဲ့ ဆြဲေဆာင္မႈေတြ၊ စည္း႐ံုးမႈေတြၾကားမွာကို ျပည္သူလူထုက ျပတ္ျပတ္သားသား ရပ္တည္ေပးတာဗ်။ စက္ဘီးၿပိဳင္ပြဲမွာကိုလည္း ျပတ္ျပတ္သားသား ရပ္တည္ၿပီးေတာ့ ဘယ္သူမွ ဝင္မၿပိဳင္ဘူး။ ဖိအားဘယ္ေလာက္ေပးေပး၊ ေစ်းေတြကလည္း ေစ်းေတြအတိုင္း တာဝန္ေက်ေအာင္ လုပ္သြားတာပဲ။ ေစ်းသည္ေတြကေရာ။”

ေနျပည္ေတာ္မွာေတာ့ ပုံမွန္သြားလာေနသူေတြလည္းရွိေပမဲ့ တခ်ိဳ႕က အိမ္ျပင္မထြက္ အသံတိတ္သပိတ္မွာ ကိုယ့္နည္း ကိုယ့္ဟန္နဲ႔ ပါဝင္ခဲ့ၾကတယ္လို႔ ၿမိဳ႕ခံတေယာက္က ေျပာျပပါတယ္။

“မ်ားေသာအားျဖင့္ေတာ့ တိတ္ဆိတ္ပါတယ္။ ဥပမာ-ဆိုင္ကယ္တစီးတေလ ျဖတ္သြားတာ အဲေလာက္ပဲ။ က်န္တာကေတာ့ လူေတြက သူ႔အသိစိတ္နဲ႔သူပါဝင္ၾကတာမ်ားတယ္။ တေယာက္နဲ႔တေယာက္လည္း အသိေပးထားတာေပါ့။ အျပင္အထြက္နဲ႔၊ ခ်က္ျခင္းမဖြင့္နဲ႔၊ တိတ္တိတ္ဆိတ္ဆိတ္ေနၾက။ အဲလိုမ်ဳိး-ကိုယ့္မိသားစုထဲမွာဆိုရင္လည္း နင္တို႔ေစ်းဝယ္မွာဆိုရင္လည္းဝယ္၊ အဲဒီေန႔ အျပင္မထြက္နဲ႔။ တခါတည္းမွာထားၿပီးသား-အဲလိုမ်ဳိးေတြ ပူးေပါင္းပါဝင္ၾကတာေပါ့။”

အာဏာပိုင္ေတြရဲ႕ သတိေပးၿခိမ္းေျခာက္မႈေတြ ရွိေနတဲ့ၾကားက အသံတိတ္သပိတ္မွာ ဘာေၾကာင့္ ပါဝင္ရသလဲဆိုတာ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕က အထည္ဆိုင္ပိုင္ရွင္တေယာက္ကလည္း ခုလို ဗြီအိုေအကို ေျပာပါတယ္။

“အစ္မတို႔က စစ္အာဏာရွင္စနစ္ကို ႀကိဳက္ဘူးေပါ့ေနာ္၊ ကိုယ္က စစ္မွန္တဲ့ဒီမိုကေရစီစနစ္ကိုလည္း ရခ်င္တယ္ေပါ့၊ ေရွ႕တန္းကေနၿပီးေတာ့ လူေတြေတာ္ေတာ္မ်ားမ်ား အသက္ေတြ စြန႔္ၿပီးေတာ့ အကုန္လုံး ျမန္မာႏိုင္ငံလြတ္လပ္ေရးရဖို႔ ပါဝင္ဆင္ႏြဲေနၾကတာ အစ္မတို႔က ဒီအသံတိတ္သပိတ္မွာ အိမ္ထဲမွာပဲ ကိုယ္က ေန႐ုံေလးေနေပးရတာ ဒီေလာက္ေလးေတာင္မွ မကူညီႏိုင္ဘူးလားေပါ့ အဲလိုစိတ္နဲ႔ ကိုယ္က အိမ္ထဲမွာပဲ ေနျဖစ္တာေပါ့၊ ကိုယ္ပါဝင္ ႏိုင္သေလာက္ ပါဝင္ျဖစ္တာေပါ့။”

အသံတိတ္သပိတ္ဆင္ႏြဲဖို႔ ႀကိဳတင္ေဆာ္ၾသမႈေတြရွိသလို ေဈးဆိုင္ေတြမဖြင့္ရင္ ခ်ိတ္ပိတ္အေရးယူမယ္လို႔ အာဏာပိုင္ေတြကလည္း သတိေပးထားပါတယ္။ ဆိုင္ေတြကို အတင္းဖြင့္ခိုင္းလို႔သာ ဖြင့္ၾကေပမယ့္ ေဈးဝယ္လာသူတေယာက္မွ မရွိဘူးလို႔ ရန္ကုန္ၿမိဳ႕ ေတာင္ဥကၠလာေဈးက အထည္ဆိုင္ပိုင္ရွင္တဦးကေျပာျပပါတယ္။

“ဆိုင္မထြက္လို႔ရွိရင္ ဆိုင္က အပိတ္ခံရမယ္ေပါ့ေနာ္။ ဒီေန႔အမထြက္ရင္ သူတို႔က အဲလိုမ်ိဳးေၾကညာထားတယ္။ ေဈးေရွ႕မွာလည္း ဆိုင္ပုဒ္ေတြဘာေတြ ကပ္ထားတယ္။ လက္မွတ္ေတြဘာေတြလည္း ထိုးရတယ္။ အရင္လို ေဈးကိုေတာ့ ဘယ္သူမွမလာဘူး၊ ဆိုင္ဖြင့္ထားတဲ့ လူေတြေလာက္ပဲရွိတယ္။ တခ်ိဳ႕ ဆိုလို႔ရွိရင္လည္း လက္မွတ္ထိုးၿပီးေတာ့ ျပန္သြားၾကတဲ့သူေတြလည္းရွိတယ္။ အစ္မတို႔က နည္းနည္းေဝးေတာ့ အိမ္ကိုမျပန္ေတာ့ဘူး။ ဆိုင္မွာပဲ ေနလိုက္တယ္။”

ရန္ကုန္၊ မႏၲေလး၊ ကေလးစတဲ့ ၿမိဳ႕တခ်ိဳ႕မွာ ဒီေန႔မွာ ဆိုင္ပိတ္မယ္လို႔ ႀကိဳတင္ အသိေပးထားတဲ့ ေဈးဆိုင္ပိုင္ရွင္တခ်ိဳ႕ ဖမ္းဆီးခံရတာေတြလည္း ရွိခဲ့ပါတယ္။ ဒီေန႔ အသံတိတ္ဆႏၵျပဖို႔ သတ္မွတ္ခ်ိန္ ၄ နာရီေရာက္ခါနီးမွာေတာ့ ျပည္သူေတြဟာ သံပုံးေတြ၊ လက္ခုပ္ေတြ၊ သံပုံးေတြတီးၿပီး အသံတိတ္သပိတ္ကို ခုလို အဆုံးသတ္ခဲ့ၾကပါတယ္။

စစ္အာဏာသိမ္းခ်ိန္ကစလို႔ ဒီေန႔အထိ လမ္းေပၚထြက္ဆႏၵျပပြဲေတြ မျပတ္ရွိခဲ့တဲ့ ဖားကန႔္ၿမိဳ႕မွာလည္း ေန႔လည္ပိုင္း အသံတိတ္သပိတ္လုပ္ၾကသလို ညေနပိုင္းမွာလည္း လမ္းေပၚထြက္ ဆႏၵထုတ္ေဖာ္ပြဲေတြ လုပ္တယ္လို႔ ဖားကန႔္ၿမိဳ႕ေပၚ ေဒသခံတဦးကေျပာပါတယ္။

“ဒီေန႔လုပ္ပါတယ္။ အခုေလးနာရီေလာက္က်ေတာ့ ေဈးဆိုင္ေတြ လူေတြ ျပန္ၿပီး ျဖတ္သြားျဖတ္လာ ရွိတယ္။ ဒီမနက္ကေနၿပီးေတာ့ ေတာ္ေတ္ာေလးေတာ့ တိတ္ဆိတ္တယ္၊ လြန္ခဲ့တဲ့ ငါးမိနစ္ေလာက္က ခုနတုန္းက လူအနည္းငယ္က လမ္းေပၚထြက္ၿပီးေတာ့ ဆႏၵထုတ္ေဖာ္တာေတာ့ ရွိတယ္ေပါ့ေနာ္။”

ခုလို ျမန္မာႏိုင္ငံ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ စစ္အာဏာသိမ္းမႈ ၁ ႏွစ္ျပည့္ေန႔မွာ တတ္ႏိုင္တဲ့နည္းနဲ႔ ဆန္က်င္ေၾကာင္း ဆႏၵထုတ္ေဖာ္ခဲ့ၾကေပမဲ့ ပုံမွန္လို႔ သြားလာၾကတဲ့ ေဒသတခ်ိဳ႕လည္းရွိပါတယ္။ အဲဒီထဲမွာ ရခိုင္ျပည္နယ္ထဲက ၿမိဳ႕ေတြပါဝင္ပါတယ္။ စစ္အာဏာသိမ္းမႈ ဆန႔္က်င္ပြဲေတြ သိပ္လုပ္ေလ့မရွိတဲ့ ရခိုင္ျပည္နယ္ မွာ ရခိုင္ျပည္သူအမ်ားကရခိုင္လက္နက္ကိုင္ AA အဖြဲ႕ရဲ႕ ရကၡိဳတလမ္းစဥ္ တခုတည္းကိုသာ လက္ခံ ယုံၾကည္ထားတာေၾကာင့္ ျဖစ္တယ္လို႔လည္း ရခိုင္ ေဒသခံ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းတဦးျဖစ္တဲ့ ကိုေဇာ္ေဇာ္က သူ႔အျမင္ကို ေျပာပါတယ္။

“တကယ္ဆိုရင္ ျပည္သူေတြေထာက္ခံတဲ့ ULA/ AAကို NLDအစိုးရလက္ထက္ မွာ အၾကမ္းဖက္အဖြဲ႕အစည္းသတ္မွတ္ခဲ့တယ္။ အဲဒီအေပၚမွာလည္း ျပည္သူေတြက စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း လပိုင္းေလာက္အၾကာမွာပဲ အၾကမ္းဖက္အဖြဲ႕ကေနၿပီးေတာ့ ဖ်က္သိမ္းလိုက္တယ္၊ ခံစားခ်က္ ရွိေကာင္းရွိႏိုင္တယ္။ စစ္တပ္ကအာဏာသိမ္းၿပီး ေနာက္ပိုင္းမွပဲ ပိုၿပီးေတာ့ ပြင့္ပြင့္လင့္လင့္ျဖစ္ သြားတယ္ဆိုတာမ်ိဳးေပါ့၊ NLD အစိုးရလက္ထက္မွာေတာင္မွ ပိုၿပီးေတာ့ ႏိုပ္ကြပ္ ခံခဲ့ရတယ္ဆိုတဲ့ အျမင္မ်ိဳးေတြလည္း ရွိေကာင္းရွိႏိုင္တယ္။ ေနာက္ ရခိုင္အမ်ားစုလက္ခံထားတာက ULA/AA သြားေနတဲ့ လမ္းေၾကာင္းဟာ တျခားေတာ္လွန္ေရး အဖြဲ႕အစည္းေတြ သြားေနတဲ့လမ္းေၾကာင္းနဲ႔မတူတဲ့ သီးျခားပုံစံမ်ိဳး အမ်ားအားျဖင့္လူေတြက အဲဒါကို ယုံၾကည္ေနတယ္။ အဲဒါေၾကာင့္ တျခားမွာျဖစ္ေနတဲ့ကိစၥဟာ သူတို႔နဲ႔သိပ္မဆိုင္ဘူးဆိုၿပီးေတာ့ ခံယူထားသူေတြလည္း ေတာ္ေတာ္မ်ားတယ္။ အဲဒါေၾကာင့္ မပါဝင္လာဘူးလို႔လည္း ေျပာလို႔ရပါတယ္။”

အသံတိတ္သပိတ္လႈပ္ရွားမႈမွာ ပါဝင္သူေတြကို တည္ဆဲဥပေဒေတြနဲ႔ တရားစြဲဆိုမွာျဖစ္ၿပီး ျပစ္မႈနဲ႔သက္ဆိုင္တဲ့ ေ႐ႊ႕ေျပာင္းႏိုင္တဲ့ပစၥည္း၊ မေ႐ႊ႕ေျပာင္းႏိုင္တဲ့ ပစၥည္းေတြကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒအရ ျပစ္မႈထင္ရွားရင္ ႏိုင္ငံဘ႑ာအျဖစ္ သိမ္းဆည္းမယ္လို႔လည္း စစ္ေကာင္စီကသတိေပးထားတဲ့ၾကားကေန ျပည္သူေတြအေနနဲ႔ အာဏာရွင္ဆန႔္က်င္တဲ့ အသံတိတ္သပိတ္မွာ တႏိုင္ ငံလုံးအတိုင္းအတာနဲ႔ ပါဝင္ခဲ့ၾကတာလည္းျဖစ္ပါတယ္။ ၂၀၂၁ခုႏွစ္ မတ္လနဲ႔ ဒီဇင္ဘာလေတြတုန္းကလည္း စစ္အာဏာသိမ္းမႈ ဆန႔္က်င္တဲ့ အသံတိတ္သပိတ္ လႈပ္ရွားမႈေတြ ရွိခဲ့ၿပီး အေရးယူခံရသူ၊ ပစၥည္းအသိမ္းခံရသူေတြ ရွိခဲ့တယ္လို႔ တက္ႂကြလႈပ္ရွားသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

စစ်အာဏာသိမ်းတနှစ်ပြည့် ကန့်ကွက်တဲ့အနေနဲ့ မြန်မာနိုင်ငံတဝန်း အသံတိ
တ်ဆန္ဒပြ

စစ်တပ်အာဏာသိမ်းအုပ်ချုပ်တာကို ဆန္ဒပြတဲ့အနေနဲ့ မြန်မာနိုင်ငံ နေရာအနှံ့မှာ ဒီနေ့ အသံတိတ်ဆန္ဒပြခဲ့ကြပါတယ်။ မနက် ၁၀ နာရီကနေ ၄ နာရီအထိ နေပြည်တော် အပါအဝင် မြို့တော်တော်များများမှာ ပုံမှန်စည်ကားနေတဲ့ နေရာတွေ လူသူရှင်းပြီး ခြောက်ကပ်နေခဲ့ပါတယ်။ ညနေ ၄ နာရီမှာတော့ ပြည်သူတွေဟာ လက်ခုပ်တွေ၊ သံပုံးတွေတီး၊ ကားဟွန်းတွေတီးပြီး အသံတိတ်သပိတ်ကို အဆုံးသတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပုံမှန်လို့ သွားလာလှုပ်ရှားနေတဲ့ နေရာတချို့လည်း ရှိခဲ့တဲ့အကြောင် အပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က တင်ပြပါမယ်။

စစ်အာဏာသိမ်း ၁ နှစ်ပြည့်တဲ့ ဒီနေ့မှာ အာဏာသိမ်းမှုဆန့်ကျင်တဲ့ အသံတိတ် ဆန္ဒပြမှုတွေ၊ လက်ခုပ်တီး၊ ကားဟွန်းတီး ဆန္ဒပြမှုတွေ လုပ်ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီက သတိပေးထားပေမဲ့ ပြည်သူတွေဟာ အသံတိတ် မကျေနပ်မှုကို ဖော်ထုတ်ပြသခဲ့ကြပါတယ်။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ အသံတိတ်သပိတ်ဆင်နွဲကြဖို့ ဆန္ဒပြ သူတွေ ဆော်သြထားကြတဲ့အတိုင်း အများစုက အဲဒီအချိန်အတွင်း အိမ်ပြင်မထွက်ဘဲ နေခဲ့ကြပါတယ်။ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာ ယာဉ်အသွားအလာတွေ ရှင်းလင်းပြီး အရင်နေ့တွေနဲ့မတူအောင်ကို တိတ်ဆိတ်နေခဲ့တာပါ။ ရန်ကုန်မြို့မှာ ယာဉ်အသွားအလာ အမြဲစည်ကားနေတဲ့ ပါရမီ ချော်တွင်းကုန်း လမ်းမကြီး နားနေသူတယေက်က ဒီနေ့ သိသိသာသာ တိတ်ဆိတ်နေပုံကို ခုလိုပြောပြပါတယ်။

“ကျနော်တို့ ရပ်ကွက် ပတ်ဝန်းကျင်မှာ ငြိမ်သက်နေပါတယ်။ ကားအသွားအလာတွေလည်း ကင်းရှင်းနေပါတယ်၊ အခါတိုင်းဆိုရင်တော့ ဒီလိုအချိန်မှာ ကားအသွားမလာတွေ များပါတယ်။ ရပ်ကွက်တွင်းမှာလည်း ဖြတ်လမ်းတွေက ကားအသွားမလာတွေရှိပါတယ်၊ အခုတော့ မတွေ့ရသလောက်ပါပဲ။ အခုဆိုလို့ရှိရင် အာဏာပိုင်တွေက တားဆီးမှုတွေ သတိပေးမှုတွေရှိနေတယ်၊ လူတွေဟာ မိမိတတ်နိုင်တဲ့ အတိုင်းအတာအတွင်းကနေပြီးတော့ အသံတိတ်သပိတ်ကို ပါဝင်ပြီးရှိတယ်ဆိုတာကို သိသာနိုင်ပါတယ်။ ဒါဟာ ကျနော်တို့ ပြည်သူတွေအနေနဲ့ အကြမ်းမဖက်လမ်းစဉ်ကို အသုံးပြုပြီးတော့ အာဏာရှင်တွေကို တိုက်နိုင်တဲ့ နည်းလမ်းနဲ့ပါဝင်ပြီးတော့ ဆန့်ကျင်နေတယ်ဆိုတာကို ကမ္ဘာကို ပြသမှာပါ။”

မန္တလေးမြို့မှာလည်း ပြည်သူတွေက သူတို့ရဲ့ဆန္ဒကို ပြတ်ပြတ်သားသား ပြသခဲ့တယ်လို့ မန္တလေးမြို့ခံက ခုလို ပြောပြပါတယ်။
“လူထုပါဝင်မှုက ပြီးခဲ့တဲ့ပွဲထက်ကို ဒီဇင်ဘာ ၁၀ ရက်ကပွဲထက်ကို မလျော့ဘဲနဲ့ ဒီပွဲက ပိုပြီးပူးပေါင်းပါဝင်မှု များတယ်ဗျ။ သူတို့တွေကို တုံ့ပြန်လုပ်တဲ့၊ လမ်းပေါ်ထွက်ဖို့လုပ်တဲ့ ဆွဲဆောင်မှုတွေ၊ စည်းရုံးမှုတွေကြားမှာကို ပြည်သူလူထုက ပြတ်ပြတ်သားသား ရပ်တည်ပေးတာဗျ။ စက်ဘီးပြိုင်ပွဲမှာကိုလည်း ပြတ်ပြတ်သားသား ရပ်တည်ပြီးတော့ ဘယ်သူမှ ဝင်မပြိုင်ဘူး။ ဖိအားဘယ်လောက်ပေးပေး၊ ဈေးတွေကလည်း ဈေးတွေအတိုင်း တာဝန်ကျေအောင် လုပ်သွားတာပဲ။ ဈေးသည်တွေကရော။”

နေပြည်တော်မှာတော့ ပုံမှန်သွားလာနေသူတွေလည်းရှိပေမဲ့ တချို့က အိမ်ပြင်မထွက် အသံတိတ်သပိတ်မှာ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ပါဝင်ခဲ့ကြတယ်လို့ မြို့ခံတယောက်က ပြောပြပါတယ်။

“များသောအားဖြင့်တော့ တိတ်ဆိတ်ပါတယ်။ ဥပမာ-ဆိုင်ကယ်တစီးတလေ ဖြတ်သွားတာ အဲလောက်ပဲ။ ကျန်တာကတော့ လူတွေက သူ့အသိစိတ်နဲ့သူပါဝင်ကြတာများတယ်။ တယောက်နဲ့တယောက်လည်း အသိပေးထားတာပေါ့။ အပြင်အထွက်နဲ့၊ ချက်ခြင်းမဖွင့်နဲ့၊ တိတ်တိတ်ဆိတ်ဆိတ်နေကြ။ အဲလိုမျိုး-ကိုယ့်မိသားစုထဲမှာဆိုရင်လည်း နင်တို့ဈေးဝယ်မှာဆိုရင်လည်းဝယ်၊ အဲဒီနေ့ အပြင်မထွက်နဲ့။ တခါတည်းမှာထားပြီးသား-အဲလိုမျိုးတွေ ပူးပေါင်းပါဝင်ကြတာပေါ့။”

အာဏာပိုင်တွေရဲ့ သတိပေးခြိမ်းခြောက်မှုတွေ ရှိနေတဲ့ကြားက အသံတိတ်သပိတ်မှာ ဘာကြောင့် ပါဝင်ရသလဲဆိုတာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က အထည်ဆိုင်ပိုင်ရှင်တယောက်ကလည်း ခုလို ဗွီအိုအေကို ပြောပါတယ်။

“အစ်မတို့က စစ်အာဏာရှင်စနစ်ကို ကြိုက်ဘူးပေါ့နော်၊ ကိုယ်က စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကိုလည်း ရချင်တယ်ပေါ့၊ ရှေ့တန်းကနေပြီးတော့ လူတွေတော်တော်များများ အသက်တွေ စွန့်ပြီးတော့ အကုန်လုံး မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ ပါဝင်ဆင်နွဲနေကြတာ အစ်မတို့က ဒီအသံတိတ်သပိတ်မှာ အိမ်ထဲမှာပဲ ကိုယ်က နေရုံလေးနေပေးရတာ ဒီလောက်လေးတောင်မှ မကူညီနိုင်ဘူးလားပေါ့ အဲလိုစိတ်နဲ့ ကိုယ်က အိမ်ထဲမှာပဲ နေဖြစ်တာပေါ့၊ ကိုယ်ပါဝင် နိုင်သလောက် ပါဝင်ဖြစ်တာပေါ့။”

အသံတိတ်သပိတ်ဆင်နွဲဖို့ ကြိုတင်ဆော်သြမှုတွေရှိသလို ဈေးဆိုင်တွေမဖွင့်ရင် ချိတ်ပိတ်အရေးယူမယ်လို့ အာဏာပိုင်တွေကလည်း သတိပေးထားပါတယ်။ ဆိုင်တွေကို အတင်းဖွင့်ခိုင်းလို့သာ ဖွင့်ကြပေမယ့် ဈေးဝယ်လာသူတယောက်မှ မရှိဘူးလို့ ရန်ကုန်မြို့ တောင်ဥက္ကလာဈေးက အထည်ဆိုင်ပိုင်ရှင်တဦးကပြောပြပါတယ်။

“ဆိုင်မထွက်လို့ရှိရင် ဆိုင်က အပိတ်ခံရမယ်ပေါ့နော်။ ဒီနေ့အမထွက်ရင် သူတို့က အဲလိုမျိုးကြေညာထားတယ်။ ဈေးရှေ့မှာလည်း ဆိုင်ပုဒ်တွေဘာတွေ ကပ်ထားတယ်။ လက်မှတ်တွေဘာတွေလည်း ထိုးရတယ်။ အရင်လို ဈေးကိုတော့ ဘယ်သူမှမလာဘူး၊ ဆိုင်ဖွင့်ထားတဲ့ လူတွေလောက်ပဲရှိတယ်။ တချို့ ဆိုလို့ရှိရင်လည်း လက်မှတ်ထိုးပြီးတော့ ပြန်သွားကြတဲ့သူတွေလည်းရှိတယ်။ အစ်မတို့က နည်းနည်းဝေးတော့ အိမ်ကိုမပြန်တော့ဘူး။ ဆိုင်မှာပဲ နေလိုက်တယ်။”

ရန်ကုန်၊ မန္တလေး၊ ကလေးစတဲ့ မြို့တချို့မှာ ဒီနေ့မှာ ဆိုင်ပိတ်မယ်လို့ ကြိုတင် အသိပေးထားတဲ့ ဈေးဆိုင်ပိုင်ရှင်တချို့ ဖမ်းဆီးခံရတာတွေလည်း ရှိခဲ့ပါတယ်။ ဒီနေ့ အသံတိတ်ဆန္ဒပြဖို့ သတ်မှတ်ချိန် ၄ နာရီရောက်ခါနီးမှာတော့ ပြည်သူတွေဟာ သံပုံးတွေ၊ လက်ခုပ်တွေ၊ သံပုံးတွေတီးပြီး အသံတိတ်သပိတ်ကို ခုလို အဆုံးသတ်ခဲ့ကြပါတယ်။

စစ်အာဏာသိမ်းချိန်ကစလို့ ဒီနေ့အထိ လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေ မပြတ်ရှိခဲ့တဲ့ ဖားကန့်မြို့မှာလည်း နေ့လည်ပိုင်း အသံတိတ်သပိတ်လုပ်ကြသလို ညနေပိုင်းမှာလည်း လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ပွဲတွေ လုပ်တယ်လို့ ဖားကန့်မြို့ပေါ် ဒေသခံတဦးကပြောပါတယ်။

“ဒီနေ့လုပ်ပါတယ်။ အခုလေးနာရီလောက်ကျတော့ ဈေးဆိုင်တွေ လူတွေ ပြန်ပြီး ဖြတ်သွားဖြတ်လာ ရှိတယ်။ ဒီမနက်ကနေပြီးတော့ တော်တေ်ာလေးတော့ တိတ်ဆိတ်တယ်၊ လွန်ခဲ့တဲ့ ငါးမိနစ်လောက်က ခုနတုန်းက လူအနည်းငယ်က လမ်းပေါ်ထွက်ပြီးတော့ ဆန္ဒထုတ်ဖော်တာတော့ ရှိတယ်ပေါ့နော်။”

ခုလို မြန်မာနိုင်ငံ မြို့တော်တော်များများမှာ စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်နေ့မှာ တတ်နိုင်တဲ့နည်းနဲ့ ဆန်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပေမဲ့ ပုံမှန်လို့ သွားလာကြတဲ့ ဒေသတချို့လည်းရှိပါတယ်။ အဲဒီထဲမှာ ရခိုင်ပြည်နယ်ထဲက မြို့တွေပါဝင်ပါတယ်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ပွဲတွေ သိပ်လုပ်လေ့မရှိတဲ့ ရခိုင်ပြည်နယ် မှာ ရခိုင်ပြည်သူအများကရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ ရက္ခိုတလမ်းစဉ် တခုတည်းကိုသာ လက်ခံ ယုံကြည်ထားတာကြောင့် ဖြစ်တယ်လို့လည်း ရခိုင် ဒေသခံ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ကိုဇော်ဇော်က သူ့အမြင်ကို ပြောပါတယ်။

“တကယ်ဆိုရင် ပြည်သူတွေထောက်ခံတဲ့ ULA/ AAကို NLDအစိုးရလက်ထက် မှာ အကြမ်းဖက်အဖွဲ့အစည်းသတ်မှတ်ခဲ့တယ်။ အဲဒီအပေါ်မှာလည်း ပြည်သူတွေက စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လပိုင်းလောက်အကြာမှာပဲ အကြမ်းဖက်အဖွဲ့ကနေပြီးတော့ ဖျက်သိမ်းလိုက်တယ်၊ ခံစားချက် ရှိကောင်းရှိနိုင်တယ်။ စစ်တပ်ကအာဏာသိမ်းပြီး နောက်ပိုင်းမှပဲ ပိုပြီးတော့ ပွင့်ပွင့်လင့်လင့်ဖြစ် သွားတယ်ဆိုတာမျိုးပေါ့၊ NLD အစိုးရလက်ထက်မှာတောင်မှ ပိုပြီးတော့ နိုပ်ကွပ် ခံခဲ့ရတယ်ဆိုတဲ့ အမြင်မျိုးတွေလည်း ရှိကောင်းရှိနိုင်တယ်။ နောက် ရခိုင်အများစုလက်ခံထားတာက ULA/AA သွားနေတဲ့ လမ်းကြောင်းဟာ တခြားတော်လှန်ရေး အဖွဲ့အစည်းတွေ သွားနေတဲ့လမ်းကြောင်းနဲ့မတူတဲ့ သီးခြားပုံစံမျိုး အများအားဖြင့်လူတွေက အဲဒါကို ယုံကြည်နေတယ်။ အဲဒါကြောင့် တခြားမှာဖြစ်နေတဲ့ကိစ္စဟာ သူတို့နဲ့သိပ်မဆိုင်ဘူးဆိုပြီးတော့ ခံယူထားသူတွေလည်း တော်တော်များတယ်။ အဲဒါကြောင့် မပါဝင်လာဘူးလို့လည်း ပြောလို့ရပါတယ်။”

အသံတိတ်သပိတ်လှုပ်ရှားမှုမှာ ပါဝင်သူတွေကို တည်ဆဲဥပဒေတွေနဲ့ တရားစွဲဆိုမှာဖြစ်ပြီး ပြစ်မှုနဲ့သက်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုထင်ရှားရင် နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းမယ်လို့လည်း စစ်ကောင်စီကသတိပေးထားတဲ့ကြားကနေ ပြည်သူတွေအနေနဲ့ အာဏာရှင်ဆန့်ကျင်တဲ့ အသံတိတ်သပိတ်မှာ တနိုင် ငံလုံးအတိုင်းအတာနဲ့ ပါဝင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ ၂၀၂၁ခုနှစ် မတ်လနဲ့ ဒီဇင်ဘာလတွေတုန်းကလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ အသံတိတ်သပိတ် လှုပ်ရှားမှုတွေ ရှိခဲ့ပြီး အရေးယူခံရသူ၊ ပစ္စည်းအသိမ်းခံရသူတွေ ရှိခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

#MyanmarMilitaryCoup #MyanmarSilentStrike #VOABurmese

#စစ်အာဏာသိမ်းတနှစ်ပြည့် #အသံတိတ်သပိတ် #ဂျိုးဘိုင်ဒန် #တွမ်အင်ဒရူးစ် #ဗွီအိုအေ

=============

XS
SM
MD
LG