သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်ထောက်ခံပွဲများ မြို့တချို့မှာကျင်းပ


တပ်မတော်ကို ထောက်ခံဆန္ဒပြသူများ။ (ယခင် ပုံဟောင်း)
တပ်မတော်ကို ထောက်ခံဆန္ဒပြသူများ။ (ယခင် ပုံဟောင်း)

{{ Zawgyi/Unicode}}}


မြန်မာ့တပ်မတော်ကိုကြိုဆိုထောက်ခံကြောင်းပြသတဲ့ တပ်မတော်ထောက်ခံပွဲတွေကို နိုင်ငံတွင်း မြို့တချို့မှာ ဒီကနေ့ပြုလုပ်ခဲ့ကြပါတယ်။

စစ်တပ်နယ်မြေလို့ လူသိများတဲ့ ပြင်ဦးလွင်၊ မိတ္တီလာ၊ နေပြည်တော်၊ မတ္တရာမြို့တွေမှာ တူညီဝတ်စုံဝတ်ဆင်ထားသူတွေအပြင် စစ်မှုထမ်းဟောင်းတချို့နဲ့ အမျိုးသားရေးထောက်ခံသူတွေ ရာနဲ့ချီ ချီတက်လမ်းလျှောက်ကြပြီး တိုင်းပြည်အာဏာရယူထားတဲ့ မြန်မာစစ်တပ်ကိုထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

ထောက်ခံပွဲမှာပါဝင်သူတွေက အမျိုးဘာသာသာသနာကို စောင့်ရှောက်သည့်တပ်မတော်ကို ထောက်ခံကြောင်းစာသားတွေကိုင်ဆောင်ထားတာအပါအဝင် အိမ်စောင့်အစိုးရနဲ့ တပ်မတော်ကို ကြိုဆိုထောက်ခံကြောင်းနဲ့ NUG, CRPH အဖွဲ့တွေကို ဆန့်ကျင်ရှုတ်ချကြောင်း ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

မြစ်ကြီးနားမြို့က တပ်မတော်ကိုထောက်ခံပွဲမှာ လူပေါင်း ထောင်ဂဏန်းပါဝင်ခဲ့ကြပါတယ်။

ဒါ့အပြင် မော်လမြိုင်မြို့ သံလွင်ဥယျာဉ်အတွင်းမှာလည်း အမျိုးသားရေးလှုပ်ရှားတဲ့ သံဃာတော်တွေဦးဆောင်ပြီး လူရာနဲ့ချီ တပ်မတော်ထောက်ခံပွဲပြုလုပ်ခဲ့ပါတယ်။ ထောက်ခံပွဲတွေမှာ စစ်တပ်နဲ့ ရဲကလုံခြုံရေးယူထားတာတွေ တွေ့မြင်ရကြောင်း ဒေသခံတွေကပြောပါတယ်။

မိတ္ထီလာမြို့မှာတော့ မနက်ပိုင်း တပ်ထောက်ခံပွဲကျင်းပပြီးတဲ့နောက်မှာ၊ ကင်းလှည့်လုံခြုံရေးယူထားတဲ့ ရဲကားတစင်းပေါ် ပေါက်ကွဲမှုဖြစ်လို့ ရဲလုံခြုံရေးတချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့သိရပါတယ်။

တချိန်တည်းမှာပဲ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပျောက်ကြားသပိတ်တွေလည်း နေရာတချို့မှာ ဆက်ရှိနေပါတယ်။ ရန်ကုန်မြို့ မြောက်ဒဂုံ၊ လှိုင်သာယာ၊ မုံရွာ၊ ရွှေဘို၊ ဆားလင်းကြီးမြို့, မြစ်ကြီးနား၊ ထားဝယ်၊ လောင်းလုံမြို့တွေမှာ စစ်အာဏာရှင်ပြုတ်ကျရေး ပျောက်ကြားသပိတ်တွေ ပြုလုပ်ခဲ့ကြတာပါ။

ကိုဗစ်ကပ်ရောဂါကြောင့် မြို့နယ်အတော်များများမှာ မလိုအပ်ပဲအပြင်မထွက်ဖို့ stay at home အမိန့်ကို စစ်ကောင်စီ ကျန်းမာရေးဌာနက ဆက်လက်ပြဌာန်းထားသလို တချို့မြို့နယ်တွေမှာ ငါးဦးထက်ပိုမစုဖို့ ဒေသန္တရအမိန့်တွေထုတ်ပြန်ထားတာလည်းရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


==========

တပျမတောျထောကျခံပှဲမြား မွို့တခြို့မှာကငြျးပ

{{Unicode}}}










#MyanmarMilitaryCoup #MyanmarProtest #MyanmarMilitary #VOABurmese
#တပျမတောျထောကျခံပှဲ#မွဈကွီးနား#မောျလမွိုငျ#ကိုဗဈ#မိတ်ထီလာ

==========

XS
SM
MD
LG