သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၾသစေၾတးလ် Darling ျမစ္ထဲမွာ ငါးေတြ သန္းနဲ႔ခ်ီ ေသဆုံး


This image grab from a video taken March 17, 2023, courtesy of Graeme McCrabb shows dead fish clogging a river near the town of Menindee in New South Wales, Australia.

ၾသစေၾတးလ်ႏိုင္ငံရဲ ႔ ဒုတိယ အ႐ွည္ဆံုးျမစ္ျဖစ္တဲ့ Darling ျမစ္ရဲ႕ ေဝးလံေခါင္ဖ်ားတဲ့အပိုင္းမွာ ငါးေတြ သန္းနဲ႔ခ်ီ ေသေနတာကို ဒီကေန႔ ေတြ႔ခဲ့ရပါတယ္။ New South Wales ျပည္နယ္ ေဝးလံေခါင္ဖ်ားတဲ့အပိုင္းမွာ ျပင္းထန္တဲ့ အပူလိႈင္းႀကဳံေနရခ်ိန္ ေဒသတြင္း ဆစၵနီၿမိဳ႕ အေနာက္ဘက္ မိုင္ ၆၂၀ ေဝးတဲ့ Menindee ၿမိဳနားက Darling ျမစ္ထဲမွာ သန္းနဲ႔ခ်ီတဲ့ ငါးေတြ ေသၿပီး၊ ပုပ္ေနတာကို ေဒသခံေတြက ေတြ႔ခဲ့ရတာပါ။

အခုလို ေသေနတာမ်ိဳး ၂၀၁၈ နဲ႔ ၂၀၁၉ ခုႏွစ္ေတြကလည္း ႀကဳံခဲ့ရဖူးၿပီး အခုက တတိယႀကိမ္ ျဖစ္တယ္လို႔ ၾသစေၾတးလ် အရာ႐ွိေတြက ေျပာပါတယ္။ ငါးေတြ အခုလိုေသရတာဟာ ျမစ္ထဲမွာ ေအာက္ဆီဂ်င္ ပမာဏ က်ဆင္းလာတာေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ New South Wales ျပည္နယ္ စီမံကိန္းနဲ႔ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဌာနလက္ေအာက္ ေရဌာနခြဲရဲ႕ Twitter အင္တာနက္စာမ်က္ႏွာမွာ ထုတ္ျပန္ထားပါတယ္။

ငါးေတြ အခုေလာက္ သန္းနဲ႔ခ်ီ အစုလိုက္ ေသဆုံးရတဲ့အထိ ျဖစ္ရတဲ့ အေျခအေန အေသးစိတ္ အတည္ျပဳႏိုင္ဖို႔ကိုေတာ့ ငါးဖမ္းလုပ္ငန္းဆိုင္ရာ အရာ႐ွိေတြကို ေစလႊတ္ထားဆဲ ျဖစ္တဲ့အေၾကာင္း ၾသစေၾတးလ် ABC သတင္းဌာနက ဒီေန႔ ထုတ္လႊင့္ခဲ့ပါတယ္။
ေဒသတြင္း အပူလိႈင္းဒဏ္ ခံေနရခ်ိန္မွာ ေနာက္ထပ္ ငါးေတြ ထပ္ေသႏိုင္ေသးတဲ့ စိုးရမ္ခ်က္ေတြလည္း ႐ွိေနပါတယ္။ ေ႐ွ႕သီတင္းပတ္ေလာက္က်ရင္ေတာ့ ရာသီဥတု ျပန္ေအးလာဖို႔ ေဒသခံေတြနဲ႔ အစိုးရ တာဝန္႐ွိသူေတြ ေမွ်ာ္လင့္ေနၾကပါတယ္။

==== Unicode =====

သြစတြေးလျနိုင်ငံရဲ့ ဒုတိယ အရှည်ဆုံးမြစ်ဖြစ်တဲ့ Darling မြစ်ရဲ့ ဝေးလံခေါင်ဖျားတဲ့အပိုင်းမှာ ငါးတွေ သန်းနဲ့ချီ သေနေတာကို ဒီကနေ့ တွေ့ခဲ့ရပါတယ်။ New South Wales ပြည်နယ် ဝေးလံခေါင်ဖျားတဲ့အပိုင်းမှာ ပြင်းထန်တဲ့ အပူလှိုင်းကြုံနေရချိန် ဒေသတွင်း ဆစ္ဒနီမြို့ အနောက်ဘက် မိုင် ၆၂၀ ဝေးတဲ့ Menindee မြိုနားက Darling မြစ်ထဲမှာ သန်းနဲ့ချီတဲ့ ငါးတွေ သေပြီး၊ ပုပ်နေတာကို ဒေသခံတွေက တွေ့ခဲ့ရတာပါ။

အခုလို သေနေတာမျိုး ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေကလည်း ကြုံခဲ့ရဖူးပြီး အခုက တတိယကြိမ် ဖြစ်တယ်လို့ သြစတြေးလျ အရာရှိတွေက ပြောပါတယ်။ ငါးတွေ အခုလိုသေရတာဟာ မြစ်ထဲမှာ အောက်ဆီဂျင် ပမာဏ ကျဆင်းလာတာကြောင့် ဖြစ်နိုင်တယ်လို့ New South Wales ပြည်နယ် စီမံကိန်းနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနလက်အောက် ရေဌာနခွဲရဲ့ Twitter အင်တာနက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

ငါးတွေ အခုလောက် သန်းနဲ့ချီ အစုလိုက် သေဆုံးရတဲ့အထိ ဖြစ်ရတဲ့ အခြေအနေ အသေးစိတ် အတည်ပြုနိုင်ဖို့ကိုတော့ ငါးဖမ်းလုပ်ငန်းဆိုင်ရာ အရာရှိတွေကို စေလွှတ်ထားဆဲ ဖြစ်တဲ့အကြောင်း သြစတြေးလျ ABC သတင်းဌာနက ဒီနေ့ ထုတ်လွှင့်ခဲ့ပါတယ်။
ဒေသတွင်း အပူလှိုင်းဒဏ် ခံနေရချိန်မှာ နောက်ထပ် ငါးတွေ ထပ်သေနိုင်သေးတဲ့ စိုးရမ်ချက်တွေလည်း ရှိနေပါတယ်။ ရှေ့သီတင်းပတ်လောက်ကျရင်တော့ ရာသီဥတု ပြန်အေးလာဖို့ ဒေသခံတွေနဲ့ အစိုးရ တာဝန်ရှိသူတွေ မျှော်လင့်နေကြပါတယ်။

XS
SM
MD
LG