သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အိႏိၵယႏိုင္ငံျခားေရးအတြင္းဝန္ စစ္ေကာင္စီေခါင္းေဆာင္နဲ႔ေတြ႔ဆံု


ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္နဲ႔ အိႏၵိယႏုိင္ငံျခားေရးအတြင္းဝန္ Harsh Vardhan Shringla တို႔ ဒီဇင္ဘာလ ၂၃ ရက္ေန႔ ေတြ႔ဆံုစဥ္။

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံကို ႏွစ္ရက္တာခရီးစဥ္အျဖစ္ ေရာက္ရွိေနတဲ့ အိႏၵိယ ႏိုင္ငံျခားေရးအတြင္းဝန္ Harsh Vardhan Shringla ဟာ စစ္ေကာင္စီအႀကီးအကဲနဲ႔ဒီကေန႔ ရန္ကုန္မွာေတြ႔ဆုံၿပီး ႏွစ္ႏိုင္ငံနယ္စပ္တေလွ်ာက္က လုံၿခဳံေရးကိစၥအပါအဝင္ ကုန္သြယ္ေရးဆိုင္ရာကိစၥတခ်ိဳ႕ကိုလည္း ေဆြးေႏြးခဲ့ပါတယ္။ ႏိုင္ငံျခားေရးအတြင္းဝန္ဟာ ႏုိင္ငံေရးပါတီတခ်ဳိ႕၊ အရပ္ဘက္အဖဲြ႔အစည္းတခ်ဳိ႕နဲ႔လည္း ဒီေန႔ ေတြ႔ဆံုခဲ့ပါတယ္။ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို မျမသဇင္ေအာင္က တင္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာေရာက္ေနတဲ့ အိႏၵိယႏိုင္ငံျခားေရးအတြင္းဝန္ Harsh Vardhan Shringla နဲ႔ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္တို႔ ဒီေန႔ ဒီဇင္ဘာလ ၂၃ ရက္မနက္ ပိုင္း ရန္ကုန္ၿမိဳ႕မွာ ေတ႔ြဆံုခဲ့ၾကပါတယ္။ ႏွစ္ႏိုင္ငံနယ္စပ္လုံၿခဳံေရးကိစၥေတြ အဓိကေဆြးေႏြးခဲ့တယ္လို႔ စစ္ေကာင္စီရဲ႕ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔ ဒီမနက္ပိုင္းကေတြ႕တယ္၊ ဒီမနက္ပိုင္းရန္ကုန္မွာ အိႏၵိယႏိုင္ငံျခားေရး အတြင္းဝန္ နဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီးနဲ႔ က်ေနာ္တို႔ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႔ဆုံခဲ့တာရွိတယ္။ အဓိကေတာ့ ႏွစ္ႏိုင္ငံနယ္စပ္ေဒသလုံၿခဳံေရး ေဆြးေႏြးတယ္။ ယခင္ကက်ေနာ္ေျပာခဲ့သလိုပဲ ျမန္မာႏိုင္ငံထဲက အိႏၵိယကိုဆန႔္က်င္ေနတဲ့ အဖြဲ႕အစည္းေတြကို ျမန္မာႏိုင္ငံထဲမွာ လက္မခံဘူး၊ အိႏၵိယကလည္း ျမန္မာကိုဆန႔္က်င္ေနတဲ့ အိႏၵိယႏိုင္ငံထဲမွာ လာအေျချပဳေနတဲ့ အဖြဲ႔အစည္းကို လက္မခံဘူးဆိုတဲ့ ေဆြးေႏြးခ်က္ကို က်ေနာ္တို႔ က်ယ္က်ယ္ျပန႔္ျပန႔္ေဆြးေႏြးခဲ့တယ္။”

စစ္အာဏာသိမ္းၿပီးေနာက္ လံုၿခံဳေရးအေျခအေနေၾကာင့္ အိႏိၵယ ျမန္မာနယ္စပ္တေလွ်ာက္က အိႏၵိယၿမိဳ႕ေတြဘက္ ထြက္ေျပးခိုလႈံသူ ေသာင္းနဲ႔ခ်ီ႐ွိေနပါတယ္။ အိႏၵိယႏိုင္ငံအေ႐ွ႕ေျမာက္ ဘက္ ျမန္မာႏိုင္ငံနဲ႔ နယ္စပ္နားမွာ အိႏၵိယအစိုးရကို ေတာ္လွန္ တုိက္ခိုက္ေနတဲ့ သူပုန္အဖဲြ႔ေတြ ႐ွိပါတယ္။ ဒီဇင္ဘာ ဒုတိယအပတ္ကပဲ ျမန္မာဘက္ကဖမ္းမိတဲ့ သူပုန္တခ်ဳိ႕ကိုလည္း အိႏၵိယအစိုးရဘက္ လႊဲေျပာင္းေပးအပ္ခဲ့ပါတယ္။

အခု ျမန္မာႏိုင္ငံေရာက္ေနတဲ့ အိႏၵိယ ႏိုင္ငံျခားေရးအတြင္းဝန္နဲ႔ လံုၿခံဳေရးကိစၥေတြသာမက ျမန္မာ အိႏၵိယကုန္သြယ္ေရးကိစၥေတြကိုလည္း ေဆြးေႏြးခဲ့ၾကတယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“အိႏၵိယနဲ႔ျမန္မာမွာ ကုန္သြယ္ေရးကို က်ေနာ္တို႔ တ႐ုတ္နဲ႔လုပ္သလိုပဲ ယြမ္နဲ႔၊ က်ပ္နဲ႔ယြမ္နဲ႔ တိုက္႐ိုက္လဲသလိုပဲ အိႏၵိယ႐ူးပီးနဲ႔ ျမန္မာက်ပ္ကိုလည္း တိုက္႐ိုက္လဲတဲ့လုပ္ငန္း က်ေနာ္တို႔ မၾကာခင္စတင္မယ္။”

အိႏၵိယႏိုင္ငံထုတ္ ကိုဗစ္ကာကြယ္ေဆး ၁ သန္းကိုလည္း Mr. Harsh Vardhan Shringla ရဲ႕ ခရီးစဥ္အစမွာ ျမန္မာႏိုင္ငံကို လႉဒါန္းခဲ့ၿပီး မၾကာခင္လည္း ေနာက္ထပ္ ၂ သန္းထပ္လႉသြားမယ္လို႔ ကတိျပဳခဲ့တဲ့အေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

အိႏၵိယႏိုင္ငံျခားေရးအတြင္းဝန္ဟာ ဒီေန႔မွာ အရပ္ဘက္အဖဲြ႔အစည္းတခ်ဳိ႕က ေခါင္းေဆာင္ေတြနဲ႔လည္း ရန္ကုန္ၿမိဳ႕မွာ ေတြ႔ဆံုခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီျပန္လည္ေဖာ္ေဆာင္ဖုိ႔၊ ဖမ္းဆီးထားတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြ ျပန္လႊတ္ေပးဖို႔၊ စစ္တပ္အေနနဲ႔ အၾကမ္းဖက္လုပ္ရပ္ေတြရပ္တံ့ဖို႔ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ကို ေျပာခဲ့ေၾကာင္း အိႏၵိယ ႏိုင္ငံျခားေရးအတြင္းဝန္က ျပန္ေျပာျပတယ္လို႔ အမည္မေဖာ္လိုတဲ့ အရပ္ဘက္အဖဲြ႔ေခါင္းေဆာင္တေယာက္က ေျပာျပပါတယ္။

သူ႔ခရီးစဥ္အတြင္း ႏိုင္ငံေရးပါတီေတြနဲ႔လည္း ေတြ႔ဆံုခဲ့ၿပီး အဲဒီထဲမွာ NLD ပါတီပါ ပါတယ္လုိ႔ အိႏိၵယႏိုင္ငံျခားေရးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါေပမယ့္လည္း NLD ပါတီရဲ႕ ထိပ္ပိုင္းေခါင္းေဆာင္အမ်ားအျပားကို စစ္ေကာင္စီက ဖမ္းဆီးထားခ်ိန္မွာ NLD ပါတီကို ကိုယ္စားျပဳၿပီး ဘယ္သူနဲ႔ေတြ႔ခဲ့တယ္ဆိုတာ အတိအက်သိရဖို႔ ဗီြအိုေအက ႀကိဳးစားေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် စစ်ကောင်စီခေါင်းဆောင်နဲ့တွေ့ဆုံ

မြန်မာနိုင်ငံကို နှစ်ရက်တာခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla ဟာ စစ်ကောင်စီအကြီးအကဲနဲ့ဒီကနေ့ ရန်ကုန်မှာတွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်တလျှောက်က လုံခြုံရေးကိစ္စအပါအဝင် ကုန်သွယ်ရေးဆိုင်ရာကိစ္စတချို့ကိုလည်း ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံခြားရေးအတွင်းဝန်ဟာ နိုင်ငံရေးပါတီတချို့၊ အရပ်ဘက်အဖွဲ့အစည်းတချို့နဲ့လည်း ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို မမြသဇင်အောင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာရောက်နေတဲ့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla နဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဒီနေ့ ဒီဇင်ဘာလ ၂၃ ရက်မနက် ပိုင်း ရန်ကုန်မြို့မှာ တေ့ွဆုံခဲ့ကြပါတယ်။ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးကိစ္စတွေ အဓိကဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ဒီမနက်ပိုင်းကတွေ့တယ်၊ ဒီမနက်ပိုင်းရန်ကုန်မှာ အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် နဲ့ ဗိုလ်ချုပ်မှူးကြီးနဲ့ ကျနော်တို့ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့တာရှိတယ်။ အဓိကတော့ နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေး ဆွေးနွေးတယ်။ ယခင်ကကျနော်ပြောခဲ့သလိုပဲ မြန်မာနိုင်ငံထဲက အိန္ဒိယကိုဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေကို မြန်မာနိုင်ငံထဲမှာ လက်မခံဘူး၊ အိန္ဒိယကလည်း မြန်မာကိုဆန့်ကျင်နေတဲ့ အိန္ဒိယနိုင်ငံထဲမှာ လာအခြေပြုနေတဲ့ အဖွဲ့အစည်းကို လက်မခံဘူးဆိုတဲ့ ဆွေးနွေးချက်ကို ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့တယ်။”

စစ်အာဏာသိမ်းပြီးနောက် လုံခြုံရေးအခြေအနေကြောင့် အိန္ဒိယ မြန်မာနယ်စပ်တလျှောက်က အိန္ဒိယမြို့တွေဘက် ထွက်ပြေးခိုလှုံသူ သောင်းနဲ့ချီရှိနေပါတယ်။ အိန္ဒိယနိုင်ငံအရှေ့မြောက် ဘက် မြန်မာနိုင်ငံနဲ့ နယ်စပ်နားမှာ အိန္ဒိယအစိုးရကို တော်လှန် တိုက်ခိုက်နေတဲ့ သူပုန်အဖွဲ့တွေ ရှိပါတယ်။ ဒီဇင်ဘာ ဒုတိယအပတ်ကပဲ မြန်မာဘက်ကဖမ်းမိတဲ့ သူပုန်တချို့ကိုလည်း အိန္ဒိယအစိုးရဘက် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

အခု မြန်မာနိုင်ငံရောက်နေတဲ့ အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန်နဲ့ လုံခြုံရေးကိစ္စတွေသာမက မြန်မာ အိန္ဒိယကုန်သွယ်ရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ပြောပါတယ်။

“အိန္ဒိယနဲ့မြန်မာမှာ ကုန်သွယ်ရေးကို ကျနော်တို့ တရုတ်နဲ့လုပ်သလိုပဲ ယွမ်နဲ့၊ ကျပ်နဲ့ယွမ်နဲ့ တိုက်ရိုက်လဲသလိုပဲ အိန္ဒိယရူးပီးနဲ့ မြန်မာကျပ်ကိုလည်း တိုက်ရိုက်လဲတဲ့လုပ်ငန်း ကျနော်တို့ မကြာခင်စတင်မယ်။”

အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ၁ သန်းကိုလည်း Mr. Harsh Vardhan Shringla ရဲ့ ခရီးစဉ်အစမှာ မြန်မာနိုင်ငံကို လှူဒါန်းခဲ့ပြီး မကြာခင်လည်း နောက်ထပ် ၂ သန်းထပ်လှူသွားမယ်လို့ ကတိပြုခဲ့တဲ့အကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ဟာ ဒီနေ့မှာ အရပ်ဘက်အဖွဲ့အစည်းတချို့က ခေါင်းဆောင်တွေနဲ့လည်း ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ဖို့၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့၊ စစ်တပ်အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေရပ်တံ့ဖို့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန်က ပြန်ပြောပြတယ်လို့ အမည်မဖော်လိုတဲ့ အရပ်ဘက်အဖွဲ့ခေါင်းဆောင်တယောက်က ပြောပြပါတယ်။

သူ့ခရီးစဉ်အတွင်း နိုင်ငံရေးပါတီတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး အဲဒီထဲမှာ NLD ပါတီပါ ပါတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်အများအပြားကို စစ်ကောင်စီက ဖမ်းဆီးထားချိန်မှာ NLD ပါတီကို ကိုယ်စားပြုပြီး ဘယ်သူနဲ့တွေ့ခဲ့တယ်ဆိုတာ အတိအကျသိရဖို့ ဗွီအိုအေက ကြိုးစားနေပါတယ်။

#IndiaMyanmar #MyanmarMilitaryCoup #voaburmese #အိန္ဒိယ-မြန်မာ #ဗွီအိုအေမြန်မာပိုင်း

==============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG