သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတပ်ချုပ် တရုတ်သမ္မတနှင့် တွေ့ဆုံ


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံစဉ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံစဉ်

တရုတ်နဲ့မြန်မာ ၂ နိုင်ငံကြား ဘုံ အကျိုးစီးပွားကို ကာကွယ်ဖို့နဲ့ ဒေသတွင်းငြိမ်း ချမ်းရေးနဲ့ တည်ငြိမ်ရေးကို အကာအကွယ်ပေးနိုင်ဖို့အတွက် ၂ နိုင်ငံ စစ်တပ်တွေ ကြား လက်တွေ့ကျတဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုတိုးမြှင့်နိုင်ဖို့မျှော်လင့်တယ်လို့ တရုတ်သမ္မတ Xi Jinping ကပြောကြားခဲ့ပါတယ်။

ဘေဂျင်းမြို့တော်မှာ ရောက်ရှိနေတဲ့ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အင်္ဂါနေ့က တွေ့ဆုံစဉ်မှာ တရုတ်သမ္မတက ခုလိုပြောကြားခဲ့ တာဖြစ်ပါတယ်။ တရုတ် မြန်မာ အပြန်အလှန်ဆက်ဆံရေးကို တိုးမြှင့်ပြီး ၂ နိုင်ငံ ပြည်သူတွေ လကေ်တွ့ အကျိုးအမြတ် ရှိအောင်လုပ်ရေးကို တရုတ်သမ္မတက ပြော ကြားခဲ့တဲ့အကြောင်း တရုတ်သတင်းတွေမှာဖော်ပြပါတယ်။

၂ နိုင်ငံနယ်စပ်ဒေသတွေရဲ့ လုံခြုံ တည်ငြိမ်ရေးဟာ အင်မတန် အရေးကြီးတယ် ဆိုတာ ကိုလည်း တရုတ်သမ္မတက ပြောကြားခဲ့ပါတယ်။ တိုင်ရင်းသား အဖွဲ့တွေ နဲ့ ပြန်လည်သင့်မြတ်ရေးရရှိပြီး အမြန်ဆုံး တနိုင်ငံလုံးအတိုင်အတာနဲ့ ငြိမ်းချမ်းရေး ရနိုင်ဖို့ တရုတ်ကမျှော်လင့်ကြောင်းကိုလည်း တရုတ်သမ္မတရှီက ကာကွယ်ရေး ဦးစီး ချုပ်ကို ပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တရုတ်က ထိရောက်တဲ့ အခန်းကနေဆက်ပါသွားဖို့ လိုလားတယ်ဆိုတာကိုလည်း အသိပေးခဲ့ပါတယ်။

တရုတ်နဲ့ ဆက်ဆံရေးကို အလေးထားတဲ့ မြန်မာနိုင်ငံအနေနဲ့လည်း ဘက်ပေါင်းစုံ ကနေ ဆက်ဆံရေးတိုးတက်ဖို့လိုလားတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြန်ပြောခဲ့ပါတယ်။ ၂ နိုင်ငံစစ်တပ်ကြား ရင်းနှီးတဲ့ဆက်ဆံရေး တိုးတက်ခိုင်မာေ ရး အတွက် မြန်မာဖက်က အဆင်သင့်ရှိနေသလို နယ်စပ်ဒေသတွေ ဆက်လက် တည်ငြိမ်ရေးအတွက်ဆောင်ရွက်သွားမယ်လို့ မြန်မာကာကွယ်ရေးဦးစီးချုပ်က တရုတ်သမ္မတကို ပြောကြားခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Xu Qiliang နဲ့လည်း အင်္ဂါနေ့ကတွေ့ ဆုံပြီး နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအပါအဝင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စတွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG