သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ် Guterres မြန်မာတပ်ချုုပ်ကို ဝေဖန်


António Guterres
António Guterres

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မတ်လ ၁၉ ရက်တနင်္လာနေ့က ကချင်ပြည်နယ် ပူတာအို တပ်နယ်ရှိ အရာရှိ စစ်သည် မိသားစုတွေနဲ့ တွေ့ဆုံစဉ်ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ နိုင်ငံရေး အခြေနေ အမျိုးမျိုးကြောင့် မြန်မာစစ်တပ်အပေါ် မုန်းတီးမှု ဖြစ်အောင် ဆောင်ရွက်မှုတွေ ရှိနေတယ်လို့ ပြောကြားခဲ့တာပါ။ နိုင်ငံရေးတည်ငြိမ်မှုရှိအောင် ဆောင်ရွက်နေချိန်မှာ တိုင်းရင်းသား ပဋိပက္ခတွေ ချုပ်ငြိမ်းအောင် ကြိုးပမ်းနေသလို၊ ဒီမိုကရေစီလျှောက်လှန်းနေချိန်မှာ လက်နက်ကိုင်ဖြေရှင်းလို့ မရနိုင်ကြောင်းနဲ့ တပ်မတော်သားတွေ အနေနဲ့ မိမိတို့ရဲ့ နိုင်ငံကိုကာကွယ်နိုင်ဖို့နဲ့ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ မိန့်ခွန်း အဆုံးမှာ ရခိုင်ပြည်နယ်ရှိ နိုင်ငံတကာက ရိုဟင်ဂျာလို့ခေါ်တဲ့ ဘင်္ဂလီတွေနဲ့ ပတ်သက်လို့ သူတို့တွေဟာ မြန်မာတိုင်းရင်းသား တွေနဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်ချင်း မတူတဲ့အကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ တင်းမာမှု ဖြစ်ပွါးရခြင်းဟာ သူတို့တွေရဲ့ နိုင်ငံသားတောင်းဆိုမှု ကြောင့်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်က ဖြစ်ရပ်မှန်ကို နိုင်ငံတကာလူ့အဖွဲ့အစည်းက တကယ်မသိပဲ မြန်မာစစ်တပ်ကို စွပ်စွဲမှုတွေ ပြုလုပ်နေကြောင်း အပြင် ဘင်္ဂလီတွေအပေါ် မြန်မာစစ်တပ်က ဥပဒေနဲ့ အညီအရေးယူ ဆောင်ရွက်နေပါကြောင်း ပြောခဲ့တာပါ။

အခုလို ပြောကြားချက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonito Guterees က မြန်မာစစ်ခေါင်းဆောင်ကို ပြစ်တင်ဝေဖန်လိုက်တယ်လို့ အတွင်းရေးမှုးချုပ်ရဲ့ တွဲဘက်ပြောခွင့်ရ Faran Haq က ခုလိုပြောပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ပြီးခဲ့တဲ့ သြဂုတ်လက ထွက်ပြေးခိုလှုံကြတဲ့ ရိုဟင်ဂျာ ၆ သိန်းကျော်ရဲ့ လုံခြုံရေးနဲ့ လိုအပ်တဲ့အထောက်အကူ တွေကို မြန်မာအစိုးရအနေဲ့ တာဝန်ယူဖို့ အတွင်းရေးမှုးချုပ်က ပြောဆိုခဲ့တဲ့အပြင် အကြမ်းဖက်မှု ဖြစ်ပွါးရတဲ့ အကြောင်းရင်းတွေကို ဖြေရှင်းပေးဖို့လည်း တိုက်တွန်းခဲ့သလို ရိုဟင်ဂျာတွေ ဌာနေကို မိမိတို့ ဆန္ဒအလျှောက် လုံခြုံစွာနဲ့ သိက္ခာရှိရှိ ပြန်နိုင်စေမယ့် အခြေနေတွေ ဖန်တီးပေးဖို့ အရေးကြီးကြောင်းလည်း မြန်မာ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

မြန်မာအစိုးရ အနေနဲ့ ဒုက္ခသည်တွေ ပြန်ဖို့နိုင်ရေး ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေ ပေမယ့်လည်း အခုချိန်ထိတော့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံအများစုကတော့ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ရပ်ဟာ လူမျိုးစုလိုက် သုတ်သင်ဖယ်ရှားမှု လုပ်ရာရောက်တယ်လို့ စွပ်စွဲပြောကြားခဲ့ပြီး တာဝန်ရှိသူတွေကို ထိရောက်စွာအရေးယူဖို့ တိုက်တွန်းခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG