သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္အထူးသံ ျမန္မာစစ္ေခါင္းေဆာင္ကို တ႐ုတ္-အာဆီယံထိပ္သီးမဖိတ္တဲ့ သတင္းစကားပါးခဲ့ပံုရလို႔ ကၽြမ္းက်င္သူေတြသံုးသပ္


Sun Guoxiang

{{Zawgyi/Unicode}}

အာရွေရးရာ တ႐ုတ္အထူးကိုယ္စားလွယ္ျမန္မာစစ္ေကာင္စီေခါင္းေဆာင္ကို ေတြ႕ဆုံခဲ့တာဟာ အရင္တစ္ေခါက္နဲ႔မတူဘဲ တ႐ုတ္-အာဆီယံထိပ္သီအစည္းအေဝးပြဲအတြက္ အဓိက သတင္းစကားပါးခ်င္ပုံရတယ္လို႔ ကြၽမ္းက်င္သူေတြက သုံးသပ္လိုက္ပါတယ္။

လာမယ့္သီတင္းပတ္၊ တ႐ုတ္ႏိုင္ငံကလက္ခံက်င္းပမယ့္ ဒီထိပ္သီးစည္းေဝးပြဲမွာ ျမန္မာစစ္ေခါင္းေဆာင္မတက္ဖို႔ အာဆီယံႏိုင္ငံတခ်ိဳ႕က. လိုလားတာကို တ႐ုတ္ႏိုင္ငံ အထူးကိုယ္စားလွယ္ Sun Guoxiang က အားနာစြာနဲ႔ အသိေပးခဲ့ပုံရတယ္လို႔၊ တ႐ုတ္-ျမန္မာ-အာဆီယံအေရးကြၽမ္းက်င္သူေတြကဆိုပါတယ္။ ေဒသတြင္းႏိုင္ငံေတြအေနနဲ႔ ျမန္မာ့အက်ပ္အတည္း ဘယ္လိုနည္းလမ္းရွာေျဖရွင္းၾကမလဲ ဆိုတဲ့ နည္းလမ္းေတြနဲ႔ ပတ္သက္လို႔ ထိုင္းဝန္ႀကီးခ်ဳပ္အႀကံေပး Panitan Wattanayagorn နဲ႔ အေမရိကန္အေျခစိုက္ Stimson Center က တ႐ုတ္ဌာန ၫႊန္ၾကားေရးမူး Yun Sun တို႔ကို ကိုဝင္းမင္းက ေမးထားပါတယ္။

ဒီတေခါက္ တ႐ုတ္အထူးကိုယ္စားလွယ္ခရီးက ၾသဂုတ္လခရီးစဥ္နဲ႔အဓိကကြာပံုကို ဝါရွင္တန္အေျခစိုက္ Stimson Center က အေရွ႕အာရွဆုိင္ရာ ပူးတြဲညႊန္ၾကားေရးမႉးလည္းျဖစ္တဲ့ Yun Sun က အခုလို စရွင္းျပပါတယ္။

“ဒီတေခါက္ တရုတ္ရဲ့ အဓိက မွာၾကားခ်က္ေခါင္းစဥ္က အရင္တစ္ေခါက္နဲ႔အရမ္းကို ကြာပါတယ္။ၿပီးခဲ့တဲ့ခရီးစဥ္တံုးကေတာ့ သက္ဆိုင္ရာအဖြဲ႔ ႏိုင္ငံေရးပါတီေတြအၾကား ေဆြးေႏြးညိႈႏိႈင္းအေပးအယူလုပ္ဖို႔ အေနအထား ရွိမလားဆိုတာကို သြားေဆြးေႏြးတီးေခါက္ၾကည့္တာပါ။ဒီတစ္ေခါက္ခရီးစဥ္ကေတာ့ အာဆီယံကျပန္ေျပာလိုက္တဲ့ သတင္းစကားကို သြားပါးဖို႔ ျဖစ္ပံုရပါတယ္။ဒီစကားကေတာ့ တရုတ္အတြက္ မေျပာခ်င္ေပမဲ့လို႔အခုတရုတ္အာဆီယံထိပ္သီးမွာ ျမန္မာစစ္ေခါင္းေဆာင္ကို ေပးမတက္ဖို႔ အာဆီယံဘက္ကဆံုးျဖတ္ထားတာကို တရုတ္ဘက္က လိုက္လုပ္ေပးရမဲ့သေဘာသက္ေရာက္တဲ့ သတင္းစကားမ်ိဳးျဖစ္ေနပါတယ္။”

အဲဒီေတာ့ ဘာေၾကာင့္ တ႐ုတ္ဘက္က အခုလို မေျပာခ်င္ခဲ့ရတာပါလဲလို႔ ေမးရာမွာ တ႐ုတ္ေခါင္းေဆာင္ေတြနဲ႔လည္း နီးစပ္တဲ့ Yun Sun က အခုလို ဆက္ေျပာပါတယ္။

“ဒီႏွစ္မွာ စစ္အာဏာမသိမ္းခဲ့ရင္ ျမန္မာအစိုးရအေနနဲ႔ တရုတ္-အာဆီယံၾကား ဆက္ဆံေရးနဲ႔ ကိစၥရပ္ေတြညိႈႏိႈင္းေရးအကုန္လံုးမွာ အထူးအဓိကက်တဲ့ အခန္းက႑ကေန လုပ္ေဆာင္ေပးဖို႔၊ တရုတ္အာဆီယံအၾကား ေပါင္းစပ္ညိႏိႈင္းေပးေရး တာဝန္ကိုယူခဲ့ရတာပါ။ ဒီအခန္းက႑ကို မလုပ္ႏိုင္ေတာ့တာအျပင္ အခုလာမယ့္ထိပ္သီးပြဲမွာပါ မတက္ရဖို႔ မ်ားေနပါတယ္။ အဓိက ဖိအားကေတာ့ အာဆီယံ ၄ ႏိုင္ငံကပါ၊ ဒီအထဲမွာ တရုတ္အထူးသံ ျမန္မာကိုမလာခင္ သြားေရာက္ေဆြးေႏြးခဲ့တဲ့ ဘရူႏိုင္းနဲ႔စကၤာပူလဲပါပါတယ္။”

ေနာက္ထပ္ ဖိအားေပးတဲ့ႏွစ္ႏိုင္ငံကေတာ့ အင္ဒိုနီးရွားနဲ႔ မေလးရွားတို႔ပါလို႔ သံတမန္အသိုင္းအဝုိင္းက ေျပာေနခ်ိန္မွာ ထိုင္းဝန္ႀကီးခ်ဳပ္ ပရာရြတ္ ခ်န္အိုခ်ာရဲ႕လံုၿခံဳေရးအႀကံေပးေကာ္မတီဥကၠ႒ ပန္နိတန္ ကေတာ့ အခု ျမန္မာကိစၥ တရားဝင္ဆံုးျဖတ္ခ်က္ရဖို႔အခ်ိန္ရွိေသးတယ္လုိ႔ဆုိပါတယ္။

“တရုတ္အေနနဲ႔ အာဆီယံအဖြဲ႔ဝင္အားလံုးနဲ႔ ေဆြးေႏြးၿပီး ေနာက္ဆံုးလုပ္မဲ့ ပံုစံကို လူသိရွင္ၾကား ထုတ္မေျပာေသးပါဘူး။အခုက ျမန္မာကို ဒီထိပ္သီးပြဲဖိတ္ႏိုင္ေရး အာဆီယံအဖြဲ႔ဝင္ႏိုင္ငံေတြ သြားစည္းရံုးခဲ့တဲ့ အေျခအေနကို ေခါင္းေဆာင္ေတြအၾကား ေျပာခဲ့တာသာ ရွိပါေသးတယ္။ဒါက တရုတ္နဲ႔အာဆီယံ ၂ ဘက္အၾကား ထိပ္သီးပြဲအတြက္ျဖစ္တာမို႔ အလြန္ကို အေရးပါတယ္လို႔ျမင္ပါတယ္။ ဒီ ၂ ဘက္လံုးအေနနဲ႔ ေအာင္ျမင္တဲ့ထိပ္သီးပြဲျဖစ္လာဖို႔ သတ္မွတ္ခ်က္အေနအထားေတြ အရင္သေဘာတူဖို႔လိုပါတယ္။ မတူတဲ့အာဆီယံႏိုင္ငံေတြအၾကား ကြဲျပားတဲ့ရပ္ တည္ခ်က္ေတြရွိေနတာမို႔ တရုတ္နဲ႔ အားလံုးဝိုင္းၿပီး ဒီကိစၥ ညွိဖို႔လိုပါတယ္။ ေနာက္ဆံုး ဘယ္လိုျဖစ္လာမွာကို ဆံုးျဖတ္ႏိုင္ဖို႔က ေရွ႕သီတင္းပတ္မတိုင္ခင္ အခ်ိန္က်န္ေနပါေသးတယ္။”

ဒီေတာ့ လက္ရွိ အခုလိုျဖစ္ေနတာရဲ႕ အဓိကျပႆနာကိုေမးရာမွာ တ႐ုတ္-အေမရိကန္ ဆက္ဆံေရးလည္း ကၽြမ္းက်င္တဲ့ Yun Sun က အခုလို ရွင္းျပပါတယ္။

“လက္ရွိျပႆနာက စစ္ေကာင္စီရဲ့ တရားဝင္မႈကို ျပည္တြင္းမွာေရာ ႏိုင္ငံတာကာမွာပါ အခုျမန္မာ အဖြဲ႔ဝင္ျဖစ္ေနတဲ့ ဒီေဒသတြင္းအဖြဲ႔ေတြမွာလည္း လက္ေတြ႔ အသိအမွတ္မျပဳႏုိင္ၾကေသးတာပါ။ဒါက စစ္ေကာင္စီအေနနဲ႔ သူ႔ကိုယ္သူတရားဝင္ႏိုင္တဲ့ အာဏာရယူထားတယ္လို႔ ထင္ျမင္ယူဆႏိုင္ေပမယ့္ ဒီတရားဝင္မူကို ႏိုင္ငံတကာမွာရႏိုင္ဖို႔က လက္ေတြ႔ႏိုင္ငံေရး အေျခအေနမွာ မျဖစ္ႏိုင္ပါဘူး။ဒီအေျခအေနမွာ စစ္ေကာင္စီနဲ႔ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္အေနနဲ႔ ဘာေၾကာင့္ ေရွ႕ဆက္တိုးဖို႔ မျဖစ္ႏုိင္ဘူးဆို တာနဲ႔ လိုခ်င္တဲ့အေနအထားေရာက္ႏိုင္ မႏိုင္ကို ျပန္စဥ္းစားႏိုင္ဖို႔ ဖိအားေပးခ်က္ျဖစ္လာႏိုင္ပါတယ္။”

ဒီျပႆနာကို ဘယ္လို ေျဖရွင္းသင့္ပါသလဲလို႔ဆက္ေမးရာမွာ အရင္ အရင္ထုိင္းဝန္ႀကီးခ်ဳပ္ ခ်ူအင္လိပုိင္ရဲ႕ ေျပာခြင့္ရျဖစ္ခဲ့ၿပီး လက္ရွိ ခ်ဴလာေလာင္ကြန္းတကၠသိုလ္ ႏုိင္ငံေရးသိပၸံ ပါေမာကၡလည္းျဖစ္တဲ့ ေဒါက္တာပန္နိတန္က အခုလို ေျပာပါတယ္။

“အိမ္နီးခ်င္းေကာင္းအျဖစ္ ကၽြန္ေတာ္လည္းပါတဲ့ ထိုင္းျပည္သူေတြအေနနဲ႔ အခုအေျခအေနကို အထူးစိုးရိမ္ပါတယ္။ ျမန္မာႏိုင္ငံတြင္းက မတူညီတဲ့အဖြဲ႔ေတြေရာ၊ အခုေဒသတြင္းက ကြဲျပားေနတဲ့အဖြဲ႔ေတြအားလံုးပါ အားလံုးအတြက္ေကာင္းတဲ့ အေျဖတခုေပၚလာဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔ သက္ဆိုင္တဲ့ အဖြဲ႔ေတြအားလံုး ဝိုင္းညိႈေပးၾကဖို႔လိုပါတယ္။ဒါမွမဟုတ္ရင္ေတာ့ အခုလာမဲ့ အာဆီယံဆိုင္ရာထိပ္သီးပြဲေတြအတြက္ ေအာင္ျမင္မူေတြပိုမရမွာ အထူးစိုးရိမ္ေနပါတယ္။”

ဒါေပမယ့္ ျမန္မာစစ္ေကာင္စီေခါင္းေဆာင္ကို အခု ထိပ္သီးအစည္းအေဝးပြဲကပယ္ၿပီး ဖိအားေပး႐ံုနဲ႔ ျမန္မာ့ျပႆနာအေျဖထြက္ဖို႔ မေသခ်ာဘူး၊ ေရွ႕ဆက္ APEC - အာရွပစိဖိတ္ စီးပြါးေရးပူးေပါင္းေဆာင္ရြက္ေရးဖိုရမ္နဲ႔ အာဆီယံထိပ္သီးပြဲအတြက္လည္း ဆက္စိုးရိမ္ေနရတယ္လို႔ ပါေမာကၡ ပန္နိတန္က ေထာက္ျပပါတယ္။ အဲဒီေတာ့ ျမန္မာ့အေရး ႏုိင္ငံတကာအေနနဲ႔ဘယ္လို ဆက္ၿပီးေျဖရွင္းႏုိင္ေျခရွိသလဲဆိုတာကို ဆက္ေမးရာမွာ Yun Sun က လည္း အခုလို ေျပာပါတယ္။

“ျမန္မာအေနနဲ႔ အခုလက္ရွိ အၾကပ္အတည္းကေန ရုန္းထြက္ႏိုင္ဖို႔ တကယ္တမ္း မျဖစ္လာေကာင္း မျဖစ္လာႏိုင္ဘူးလို႔ အားလံုးက သိထားပါတယ္။ ႏိုင္ငံတကာရဲ့အသိအမွတ္ျပဳမႈ ရသည္ျဖစ္ေစ မရသည္ျဖစ္ေစ၊ စစ္အုပ္ခ်ဳပ္ေရး ရွည္ေကာင္းရွည္သြားႏိုင္တာကိုလည္း အားလံုးက ျမင္ထားပါတယ္။ ဒါေပမဲ့ တခ်ိန္တည္းမွာပဲ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးရဖို႔ ျငိမ္းခ်မ္းစြာညိႈႏိုင္းႏိုင္ဖို႔ စစ္ေကာင္စီနဲ႔ NLD ၾကား၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ၾကား အေပးအယူလုပ္ႏိုင္မယ့္ လမ္းေၾကာင္းေလးမ်ား ေပၚလာေလမလားလို႔ အမ်ားစုက ဆက္ေမွ်ာ္လင့္လုပ္ေဆာင္ေနၾကတာပါ။”

ဒါ့အျပင္ ျမန္မာစစ္ေခါင္းေဆာင္အေနနဲ႔ လက္ရွိအေျခအေနအတုိင္း အခု ျပႆနာကိုေက်ာ္ႏုိင္ဖို႔ ခက္တာကို သတိျပဳမိဖို႔လိုတယ္၊ ဒါမွမဟုတ္ရင္ စစ္တပ္ကေျပာေနသလို ႏုိင္ငံကို ကာကြယ္ထိန္းသိမ္းရာမေရာက္ဘဲ အရင္လို အထီးက်န္ ျပန္ျဖစ္ေစႏုိင္တယ္လို႔ ကၽြမ္းက်င္သူေတြက ေထာက္ျပခဲ့ပါတယ္ခင္ဗ်ာ။


----------------

{{Unicode}}

တရုတ်အထူးသံမြန်မာစစ်ခေါင်းဆောင်ကို တရုတ်-အာဆီယံထိပ်သီးမဖိတ်တဲ့ သတင်းစကားပါးခဲ့ပုံရလို့ ကျွမ်းကျင်သူတွေသုံးသပ်

အာရှရေးရာ တရုတ်အထူးကိုယ်စားလှယ်မြန်မာစစ်ကောင်စီခေါင်းဆောင်ကို တွေ့ဆုံခဲ့တာဟာ အရင်တစ်ခေါက်နဲ့မတူဘဲ တရုတ်-အာဆီယံထိပ်သီအစည်းအဝေးပွဲအတွက် အဓိက သတင်းစကားပါးချင်ပုံရတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်လိုက်ပါတယ်။

လာမယ့်သီတင်းပတ်၊ တရုတ်နိုင်ငံကလက်ခံကျင်းပမယ့် ဒီထိပ်သီးစည်းဝေးပွဲမှာ မြန်မာစစ်ခေါင်းဆောင်မတက်ဖို့ အာဆီယံနိုင်ငံတချို့က. လိုလားတာကို တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် Sun Guoxiang က အားနာစွာနဲ့ အသိပေးခဲ့ပုံရတယ်လို့၊ တရုတ်-မြန်မာ-အာဆီယံအရေးကျွမ်းကျင်သူတွေကဆိုပါတယ်။ ဒေသတွင်းနိုင်ငံတွေအနေနဲ့ မြန်မာ့အကျပ်အတည်း ဘယ်လိုနည်းလမ်းရှာဖြေရှင်းကြမလဲ ဆိုတဲ့ နည်းလမ်းတွေနဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်အကြံပေး Panitan Wattanayagorn နဲ့ အမေရိကန်အခြေစိုက် Stimson Center က တရုတ်ဌာန ညွှန်ကြားရေးမူး Yun Sun တို့ကို ကိုဝင်းမင်းက မေးထားပါတယ်။

ဒီတခေါက် တရုတ်အထူးကိုယ်စားလှယ်ခရီးက သြဂုတ်လခရီးစဉ်နဲ့အဓိကကွာပုံကို ဝါရှင်တန်အခြေစိုက် Stimson Center က အရှေ့အာရှဆိုင်ရာ ပူးတွဲညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ Yun Sun က အခုလို စရှင်းပြပါတယ်။

“ဒီတခေါက် တရုတ်ရဲ့ အဓိက မှာကြားချက်ခေါင်းစဉ်က အရင်တစ်ခေါက်နဲ့အရမ်းကို ကွာပါတယ်။ပြီးခဲ့တဲ့ခရီးစဉ်တုံးကတော့ သက်ဆိုင်ရာအဖွဲ့ နိုင်ငံရေးပါတီတွေအကြား ဆွေးနွေးညှိုနှိုင်းအပေးအယူလုပ်ဖို့ အနေအထား ရှိမလားဆိုတာကို သွားဆွေးနွေးတီးခေါက်ကြည့်တာပါ။ဒီတစ်ခေါက်ခရီးစဉ်ကတော့ အာဆီယံကပြန်ပြောလိုက်တဲ့ သတင်းစကားကို သွားပါးဖို့ ဖြစ်ပုံရပါတယ်။ဒီစကားကတော့ တရုတ်အတွက် မပြောချင်ပေမဲ့လို့အခုတရုတ်အာဆီယံထိပ်သီးမှာ မြန်မာစစ်ခေါင်းဆောင်ကို ပေးမတက်ဖို့ အာဆီယံဘက်ကဆုံးဖြတ်ထားတာကို တရုတ်ဘက်က လိုက်လုပ်ပေးရမဲ့သဘောသက်ရောက်တဲ့ သတင်းစကားမျိုးဖြစ်နေပါတယ်။”

အဲဒီတော့ ဘာကြောင့် တရုတ်ဘက်က အခုလို မပြောချင်ခဲ့ရတာပါလဲလို့ မေးရာမှာ တရုတ်ခေါင်းဆောင်တွေနဲ့လည်း နီးစပ်တဲ့ Yun Sun က အခုလို ဆက်ပြောပါတယ်။

“ဒီနှစ်မှာ စစ်အာဏာမသိမ်းခဲ့ရင် မြန်မာအစိုးရအနေနဲ့ တရုတ်-အာဆီယံကြား ဆက်ဆံရေးနဲ့ ကိစ္စရပ်တွေညှိုနှိုင်းရေးအကုန်လုံးမှာ အထူးအဓိကကျတဲ့ အခန်းကဏ္ဍကနေ လုပ်ဆောင်ပေးဖို့၊ တရုတ်အာဆီယံအကြား ပေါင်းစပ်ညိနှိုင်းပေးရေး တာဝန်ကိုယူခဲ့ရတာပါ။ ဒီအခန်းကဏ္ဍကို မလုပ်နိုင်တော့တာအပြင် အခုလာမယ့်ထိပ်သီးပွဲမှာပါ မတက်ရဖို့ များနေပါတယ်။ အဓိက ဖိအားကတော့ အာဆီယံ ၄ နိုင်ငံကပါ၊ ဒီအထဲမှာ တရုတ်အထူးသံ မြန်မာကိုမလာခင် သွားရောက်ဆွေးနွေးခဲ့တဲ့ ဘရူနိုင်းနဲ့စင်္ကာပူလဲပါပါတယ်။”

နောက်ထပ် ဖိအားပေးတဲ့နှစ်နိုင်ငံကတော့ အင်ဒိုနီးရှားနဲ့ မလေးရှားတို့ပါလို့ သံတမန်အသိုင်းအဝိုင်းက ပြောနေချိန်မှာ ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာရဲ့လုံခြုံရေးအကြံပေးကော်မတီဥက္ကဋ္ဌ ပန်နိတန် ကတော့ အခု မြန်မာကိစ္စ တရားဝင်ဆုံးဖြတ်ချက်ရဖို့အချိန်ရှိသေးတယ်လို့ဆိုပါတယ်။

“တရုတ်အနေနဲ့ အာဆီယံအဖွဲ့ဝင်အားလုံးနဲ့ ဆွေးနွေးပြီး နောက်ဆုံးလုပ်မဲ့ ပုံစံကို လူသိရှင်ကြား ထုတ်မပြောသေးပါဘူး။အခုက မြန်မာကို ဒီထိပ်သီးပွဲဖိတ်နိုင်ရေး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ သွားစည်းရုံးခဲ့တဲ့ အခြေအနေကို ခေါင်းဆောင်တွေအကြား ပြောခဲ့တာသာ ရှိပါသေးတယ်။ဒါက တရုတ်နဲ့အာဆီယံ ၂ ဘက်အကြား ထိပ်သီးပွဲအတွက်ဖြစ်တာမို့ အလွန်ကို အရေးပါတယ်လို့မြင်ပါတယ်။ ဒီ ၂ ဘက်လုံးအနေနဲ့ အောင်မြင်တဲ့ထိပ်သီးပွဲဖြစ်လာဖို့ သတ်မှတ်ချက်အနေအထားတွေ အရင်သဘောတူဖို့လိုပါတယ်။ မတူတဲ့အာဆီယံနိုင်ငံတွေအကြား ကွဲပြားတဲ့ရပ် တည်ချက်တွေရှိနေတာမို့ တရုတ်နဲ့ အားလုံးဝိုင်းပြီး ဒီကိစ္စ ညှိဖို့လိုပါတယ်။ နောက်ဆုံး ဘယ်လိုဖြစ်လာမှာကို ဆုံးဖြတ်နိုင်ဖို့က ရှေ့သီတင်းပတ်မတိုင်ခင် အချိန်ကျန်နေပါသေးတယ်။”

အဲဒီတော့ လက်ရှိ အခုလိုဖြစ်နေတာရဲ့ အဓိကပြဿနာကိုမေးရာမှာ တရုတ်-အမေရိကန် ဆက်ဆံရေးလည်း ကျွမ်းကျင်တဲ့ Yun Sun က အခုလို ရှင်းပြပါတယ်။

“လက်ရှိပြဿနာက စစ်ကောင်စီရဲ့ တရားဝင်မှုကို ပြည်တွင်းမှာရော နိုင်ငံတာကာမှာပါ အခုမြန်မာ အဖွဲ့ဝင်ဖြစ်နေတဲ့ ဒီဒေသတွင်းအဖွဲ့တွေမှာလည်း လက်တွေ့ အသိအမှတ်မပြုနိုင်ကြသေးတာပါ။ဒါက စစ်ကောင်စီအနေနဲ့ သူ့ကိုယ်သူတရားဝင်နိုင်တဲ့ အာဏာရယူထားတယ်လို့ ထင်မြင်ယူဆနိုင်ပေမယ့် ဒီတရားဝင်မူကို နိုင်ငံတကာမှာရနိုင်ဖို့က လက်တွေ့နိုင်ငံရေး အခြေအနေမှာ မဖြစ်နိုင်ပါဘူး။ဒီအခြေအနေမှာ စစ်ကောင်စီနဲ့ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ဘာကြောင့် ရှေ့ဆက်တိုးဖို့ မဖြစ်နိုင်ဘူးဆို တာနဲ့ လိုချင်တဲ့အနေအထားရောက်နိုင် မနိုင်ကို ပြန်စဉ်းစားနိုင်ဖို့ ဖိအားပေးချက်ဖြစ်လာနိုင်ပါတယ်။”

ဒီပြဿနာကို ဘယ်လို ဖြေရှင်းသင့်ပါသလဲလို့ဆက်မေးရာမှာ အရင် အရင်ထိုင်းဝန်ကြီးချုပ် ချူအင်လိပိုင်ရဲ့ ပြောခွင့်ရဖြစ်ခဲ့ပြီး လက်ရှိ ချူလာလောင်ကွန်းတက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပါမောက္ခလည်းဖြစ်တဲ့ ဒေါက်တာပန်နိတန်က အခုလို ပြောပါတယ်။

“အိမ်နီးချင်းကောင်းအဖြစ် ကျွန်တော်လည်းပါတဲ့ ထိုင်းပြည်သူတွေအနေနဲ့ အခုအခြေအနေကို အထူးစိုးရိမ်ပါတယ်။ မြန်မာနိုင်ငံတွင်းက မတူညီတဲ့အဖွဲ့တွေရော၊ အခုဒေသတွင်းက ကွဲပြားနေတဲ့အဖွဲ့တွေအားလုံးပါ အားလုံးအတွက်ကောင်းတဲ့ အဖြေတခုပေါ်လာဖို့ မျှော်လင့်ချက်နဲ့ သက်ဆိုင်တဲ့ အဖွဲ့တွေအားလုံး ဝိုင်းညှိုပေးကြဖို့လိုပါတယ်။ဒါမှမဟုတ်ရင်တော့ အခုလာမဲ့ အာဆီယံဆိုင်ရာထိပ်သီးပွဲတွေအတွက် အောင်မြင်မူတွေပိုမရမှာ အထူးစိုးရိမ်နေပါတယ်။”

ဒါပေမယ့် မြန်မာစစ်ကောင်စီခေါင်းဆောင်ကို အခု ထိပ်သီးအစည်းအဝေးပွဲကပယ်ပြီး ဖိအားပေးရုံနဲ့ မြန်မာ့ပြဿနာအဖြေထွက်ဖို့ မသေချာဘူး၊ ရှေ့ဆက် APEC - အာရှပစိဖိတ် စီးပွါးရေးပူးပေါင်းဆောင်ရွက်ရေးဖိုရမ်နဲ့ အာဆီယံထိပ်သီးပွဲအတွက်လည်း ဆက်စိုးရိမ်နေရတယ်လို့ ပါမောက္ခ ပန်နိတန်က ထောက်ပြပါတယ်။ အဲဒီတော့ မြန်မာ့အရေး နိုင်ငံတကာအနေနဲ့ဘယ်လို ဆက်ပြီးဖြေရှင်းနိုင်ခြေရှိသလဲဆိုတာကို ဆက်မေးရာမှာ Yun Sun က လည်း အခုလို ပြောပါတယ်။

“မြန်မာအနေနဲ့ အခုလက်ရှိ အကြပ်အတည်းကနေ ရုန်းထွက်နိုင်ဖို့ တကယ်တမ်း မဖြစ်လာကောင်း မဖြစ်လာနိုင်ဘူးလို့ အားလုံးက သိထားပါတယ်။ နိုင်ငံတကာရဲ့အသိအမှတ်ပြုမှု ရသည်ဖြစ်စေ မရသည်ဖြစ်စေ၊ စစ်အုပ်ချုပ်ရေး ရှည်ကောင်းရှည်သွားနိုင်တာကိုလည်း အားလုံးက မြင်ထားပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးရဖို့ ငြိမ်းချမ်းစွာညှိုနိုင်းနိုင်ဖို့ စစ်ကောင်စီနဲ့ NLD ကြား၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား အပေးအယူလုပ်နိုင်မယ့် လမ်းကြောင်းလေးများ ပေါ်လာလေမလားလို့ အများစုက ဆက်မျှော်လင့်လုပ်ဆောင်နေကြတာပါ။”

ဒါ့အပြင် မြန်မာစစ်ခေါင်းဆောင်အနေနဲ့ လက်ရှိအခြေအနေအတိုင်း အခု ပြဿနာကိုကျော်နိုင်ဖို့ ခက်တာကို သတိပြုမိဖို့လိုတယ်၊ ဒါမှမဟုတ်ရင် စစ်တပ်ကပြောနေသလို နိုင်ငံကို ကာကွယ်ထိန်းသိမ်းရာမရောက်ဘဲ အရင်လို အထီးကျန် ပြန်ဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြခဲ့ပါတယ်ခင်ဗျာ။

#ASEAN#မင်းအောင်လှိုင်#အာရှပစိဖိတ်#YunSun#SunGuoxiang

----------------

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG