သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မင္းတပ္မွာ စစ္တပ္နဲ႔ ခ်င္း CDF ၾကား ဗုဒၶဟူးညက တိုက္ပြဲျဖစ္


စစ္ေဘးလြတ္ရာထြက္ခြါသြားၾကတဲ့ မင္းတပ္ေဒသခံမ်ား။ (ယခင္ပံုေဟာင္း)

[[Zawgyi/Unicode]]

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ ခ်င္းကာကြယ္ေရးအဖြဲ႔ CDF တို႔ ဗုဒၶဟူးေန႔ ညပိုင္းက တိုက္ပဲြျဖစ္ခဲ့ပါတယ္။ မင္းတပ္ၿမိဳ႕နယ္ ဘက္ စစ္တပ္က ထိုးစစ္ဆင္လာတဲ့အတြက္ တိုက္ပြဲေတြ ရက္ဆက္ျဖစ္ေနတယ္ လို႔ CDF အဖဲြ႔ဘက္က ေျပာပါတယ္။ တိုက္ပြဲျဖစ္ေနတာေၾကာင့္ ေဒသခံေက်းရြာသား ေထာင္ခ်ီဟာလည္း ေဘးလြတ္ရာ ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုသိန္းထိုက္ဦးက တင္ျပေပးထားပါတယ္။
စစ္ေရးပဋိပကၡျဖစ္ေနတဲ့ ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕နယ္မွာ မေန႔ ဒီဇင္ဘာ ၂၂ ရက္ ညေနပိုင္းက ခြီးရိန္ေက်းရြာအနား တိုက္ပြဲျဖစ္ခဲ့ပါတယ္။ ေဒသခံျပည္သူ႔ ကာကြယ္ေရးအဖဲြ႔ေတြ လႈပ္႐ွားတဲ့ေနရာေတြအေပၚ စစ္တပ္က နယ္ေျမ႐ွင္းလင္းေနတဲ့အတြက္ တိုက္ပြဲျဖစ္ခဲ့တာလို႔ CDF-Mindat ေျပာေရးဆိုခြင့္ရွိသူ ဆလိုင္းေယာမန္က ေျပာပါတယ္။
“မေန႔ကတိုက္ပြဲျဖစ္တယ္။ ခြီးရိန္ရြာမွာ တိုက္ပြဲျဖစ္တာေပါ့ေနာ္။ အခ်ိန္က ေန႔လည္ ၂ နာရီခြဲေလာက္မွာ ျဖစ္တယ္ခင္ဗ်။ စကစ ရြာထဲဝင္လာတယ္။ က်ေနာ္တို႔ေတြနဲ႔တိုက္ပြဲျဖစ္တယ္။ တိုက္ပြဲ တနာရီခြဲေလာက္ပဲၾကာသြား ၿပီးသြားတာေပါ့ေနာ္။ က်ေနာ္တို႔ဘက္က အထိခိုက္မရွိဘဲ ျပန္ဆုတ္လာတာပဲ။ မေန႔က သူတို႔ဘက္က ၃ ေယာက္ေလာက္ေတာ့က်တယ္။ ၅ ေယာက္ေလာက္ေတာ့ ဒဏ္ရာရတယ္။’’
ဒီေန႔ ၾကာသပေတးေန႔မွာေတာ့ တိုက္ပြဲေတြမ႐ွိေပမဲ့ ခ်င္းျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြ ႐ွိႏိုင္တယ္လို႔ ထင္ရတဲ့ေနရာေတြဘက္ကို စစ္တပ္က လက္နက္ႀကီးနဲ႔ ပစ္ခတ္ခဲ့ပါတယ္။ မင္းတပ္ၿမိဳ႕နယ္ထဲကို စစ္ေကာင္စီတပ္ဖြဲ႔၀င္ေတြ စစ္ေၾကာင္း ႏွစ္ေၾကာင္းနဲ႔ နယ္ေျမ႐ွင္းလင္းေနတဲ့အတြက္ ဒီဇင္ဘာလ ၁၉ ရက္ေန႔ကစလို႔ ၂၂ ရက္ေန႔အထိ ရွစ္ေမႊး၊ လာပန္း၊ ၀မၼသူး၊ လိွရံုးေက်းရြာေတြဘက္မွာ CDF-Mindat နဲ႔ ေန႔စဥ္ဆက္တိုက္ တိုက္ပြဲျဖစ္ခ့ဲတယ္လို႔လည္း ဆလိုင္းေယာမာန္က ေျပာပါတယ္။
“၁၉၊ ၊၂၀၊ ၂၁ ေတာက္ေလွ်ာက္ တိုက္ပြဲေတြျဖစ္တယ္။ စစ္ေၾကာင္းႏွစ္ေၾကာင္းနဲ႕ေပါ့ေနာ္။ တိုက္ပြဲေတာက္ေလွ်ာက္ျဖစ္ေနတာေပါ့။ ရွစ္ေမြးမွာျဖစ္တယ္။ ရွစ္ေမြးမွာတၾကိမ္၊ ဝမၼသူးမွာႏွစ္ႀကိမ္ျဖစ္တယ္။ ေနာက္ လာပန္းမွာျဖစ္တယ္။ လာပန္းနဲ႔ လွိရုံးေအာက္နားမွာ ျပန္ျဖစ္တယ္၊ ႏွစ္ႀကိမ္ေပါ့ေနာ္။ အဲဒီတိုက္ပြဲမွာေတာ့ က်ေနာ္တို႔ဘက္က တေယာက္ေလာက္ဒဏ္ရာရတယ္။ ရွစ္ေမြးမွာေတာ့ တပ္ဘက္က တေယာက္က်တယ္။ ဝမၼသူးမွာ တေယာက္က်တယ္။ ဒဏ္ရာရတဲ့သူေတာ့ရွိမွာေပါ့ေနာ္။’’
သံုးရက္ေလာက္ဆက္တိုက္ျဖစ္တဲ့ တိုက္ပဲြေတြအတြင္း စစ္ေကာင္စီတပ္ဘက္က ထိခိုက္က်ဆုံးမွဳမ်ားတယ္လို႔ CDFဘက္က ေျပာေပမယ့္ သီးျခားအတည္မျပဳနိုင္ေသးပါဘူး။
စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ မင္းတပ္ၿမိဳ႕ဘက္မွာ တိုက္ပြဲႀကီးႀကီးမားမား မရွိဘူးလို႔ ဗီြအိုေအကိုေျပာပါတယ္။
ခုလိုတိုက္ပဲြေတြျဖစ္ေနတာေၾကာင့္ အနီးအနား ေက်း႐ြာေတြက ေဒသခံေတြလည္း ေဘးလြတ္ရာတိမ္းေရွာင္ေနရတယ္လို႕ ဆလိုင္းေယာမာန္ကေျပာ ပါတယ္။
“ေဒသခံေတြ တိုက္ပြဲေရွာင္ၾကတာေပါ့။ စစ္ပြဲေရွာင္ေျပးရတာေပါ့ေနာ္။ ခန္႕မွန္းေျခရြာေပါင္း ၂၀ ေက်ာ္ေလာက္ ရွိတာေပါ့။ စစ္ေဘးေရွာင္ရြာသား ၁,၅၀၀ ေလာက္ရွိတာေပါ့။’’
မင္းတပ္ၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီတပ္နဲ႔ မင္းတပ္၊ ခ်င္းကာကြယ္ေရး CDF အဖြဲ႔ေတြအၾကား တိုက္ပြဲေၾကာင့္ ထြက္ေျပးေနၾကရတဲ့ ႐ြာသားစုစုေပါင္း ေသာင္းခ်ီ႐ွိေနၿပီလို႔ မင္းတပ္ စစ္ေဘးဒုကၡသည္ေတြကို အကူအညီေပးေနတဲ့ ေကာ္မတီဝင္တဦးကေျပာပါတယ္။
စစ္အာဏာသိမ္းၿပီးေနာက္ ဧၿပီလ ၂၄ ရက္ေန႔ကစလို႔ ခ်င္းျပည္နယ္အတြင္း မင္းတပ္၊ ကန္ပက္လက္၊ မတူပီ၊ ဟားခါး၊ ထန္တလန္၊ ဖလမ္း စတဲ့ၿမိဳ႕နယ္ေတြမွာ ခ်င္းကာကြယ္ေရး CDF အဖြဲ႔ေတြက စစ္ေကာင္စီတပ္ဖြဲ႔ေတြကို ခုခံေတာ္လွန္ေနၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

မင်းတပ်မှာ စစ်တပ်နဲ့ ချင်း CDF ကြား ဗုဒ္ဓဟူးညက တိုက်ပွဲဖြစ်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ချင်းကာကွယ်ရေးအဖွဲ့ CDF တို့ ဗုဒ္ဓဟူးနေ့ ညပိုင်းက တိုက်ပွဲဖြစ်ခဲ့ပါတယ်။ မင်းတပ်မြို့နယ် ဘက် စစ်တပ်က ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေတယ် လို့ CDF အဖွဲ့ဘက်က ပြောပါတယ်။ တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံကျေးရွာသား ထောင်ချီဟာလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ မနေ့ ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းက ခွီးရိန်ကျေးရွာအနား တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဒေသခံပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေ လှုပ်ရှားတဲ့နေရာတွေအပေါ် စစ်တပ်က နယ်မြေရှင်းလင်းနေတဲ့အတွက် တိုက်ပွဲဖြစ်ခဲ့တာလို့ CDF-Mindat ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောပါတယ်။
“မနေ့ကတိုက်ပွဲဖြစ်တယ်။ ခွီးရိန်ရွာမှာ တိုက်ပွဲဖြစ်တာပေါ့နော်။ အချိန်က နေ့လည် ၂ နာရီခွဲလောက်မှာ ဖြစ်တယ်ခင်ဗျ။ စကစ ရွာထဲဝင်လာတယ်။ ကျနော်တို့တွေနဲ့တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲ တနာရီခွဲလောက်ပဲကြာသွား ပြီးသွားတာပေါ့နော်။ ကျနော်တို့ဘက်က အထိခိုက်မရှိဘဲ ပြန်ဆုတ်လာတာပဲ။ မနေ့က သူတို့ဘက်က ၃ ယောက်လောက်တော့ကျတယ်။ ၅ ယောက်လောက်တော့ ဒဏ်ရာရတယ်။’’
ဒီနေ့ ကြာသပတေးနေ့မှာတော့ တိုက်ပွဲတွေမရှိပေမဲ့ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ရှိနိုင်တယ်လို့ ထင်ရတဲ့နေရာတွေဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။ မင်းတပ်မြို့နယ်ထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်း နှစ်ကြောင်းနဲ့ နယ်မြေရှင်းလင်းနေတဲ့အတွက် ဒီဇင်ဘာလ ၁၉ ရက်နေ့ကစလို့ ၂၂ ရက်နေ့အထိ ရှစ်မွှေး၊ လာပန်း၊ ဝမ္မသူး၊ လှိရုံးကျေးရွာတွေဘက်မှာ CDF-Mindat နဲ့ နေ့စဉ်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း ဆလိုင်းယောမာန်က ပြောပါတယ်။
“၁၉၊ ၊၂၀၊ ၂၁ တောက်လျှောက် တိုက်ပွဲတွေဖြစ်တယ်။ စစ်ကြောင်းနှစ်ကြောင်းနဲ့ပေါ့နော်။ တိုက်ပွဲတောက်လျှောက်ဖြစ်နေတာပေါ့။ ရှစ်မွေးမှာဖြစ်တယ်။ ရှစ်မွေးမှာတကြိမ်၊ ဝမ္မသူးမှာနှစ်ကြိမ်ဖြစ်တယ်။ နောက် လာပန်းမှာဖြစ်တယ်။ လာပန်းနဲ့ လှိရုံးအောက်နားမှာ ပြန်ဖြစ်တယ်၊ နှစ်ကြိမ်ပေါ့နော်။ အဲဒီတိုက်ပွဲမှာတော့ ကျနော်တို့ဘက်က တယောက်လောက်ဒဏ်ရာရတယ်။ ရှစ်မွေးမှာတော့ တပ်ဘက်က တယောက်ကျတယ်။ ဝမ္မသူးမှာ တယောက်ကျတယ်။ ဒဏ်ရာရတဲ့သူတော့ရှိမှာပေါ့နော်။’’
သုံးရက်လောက်ဆက်တိုက်ဖြစ်တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုများတယ်လို့ CDFဘက်က ပြောပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မင်းတပ်မြို့ဘက်မှာ တိုက်ပွဲကြီးကြီးမားမား မရှိဘူးလို့ ဗွီအိုအေကိုပြောပါတယ်။
ခုလိုတိုက်ပွဲတွေဖြစ်နေတာကြောင့် အနီးအနား ကျေးရွာတွေက ဒေသခံတွေလည်း ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ဆလိုင်းယောမာန်ကပြော ပါတယ်။
“ဒေသခံတွေ တိုက်ပွဲရှောင်ကြတာပေါ့။ စစ်ပွဲရှောင်ပြေးရတာပေါ့နော်။ ခန့်မှန်းခြေရွာပေါင်း ၂၀ ကျော်လောက် ရှိတာပေါ့။ စစ်ဘေးရှောင်ရွာသား ၁,၅၀၀ လောက်ရှိတာပေါ့။’’
မင်းတပ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ မင်းတပ်၊ ချင်းကာကွယ်ရေး CDF အဖွဲ့တွေအကြား တိုက်ပွဲကြောင့် ထွက်ပြေးနေကြရတဲ့ ရွာသားစုစုပေါင်း သောင်းချီရှိနေပြီလို့ မင်းတပ် စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကော်မတီဝင်တဦးကပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဧပြီလ ၂၄ ရက်နေ့ကစလို့ ချင်းပြည်နယ်အတွင်း မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ဟားခါး၊ ထန်တလန်၊ ဖလမ်း စတဲ့မြို့နယ်တွေမှာ ချင်းကာကွယ်ရေး CDF အဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့တွေကို ခုခံတော်လှန်နေကြတာဖြစ်ပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #CDF #voaburmese #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း

===========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG