သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မတူပီ ခ်င္းစစ္ေဘးေရွာင္ (၅,၀၀၀) နီးပါး ေနရပ္မျပန္နိုင္ေသး


ခ်င္းျပည္နယ္အတြင္း တုိက္ပြဲေတြေၾကာင့္ ေတာေတာင္ေတြထဲ ပုန္းေအာင္းေနရတဲ့ ေဒသခံအခ်ဳိ႕။ (ေမ ၂၀၊ ၂၀၂၁)

[[Zawgyi/Unicode]]

ခ်င္းျပည္နယ္ မတူပီၿမိဳ႕နယ္မွာ နယ္ေျမရွင္းလင္းေရးလုပ္ေနတဲ့ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံCDF ခ်င္း ကာကြယ္ေရးအဖြဲ႕ေတြ တိုက္ပြဲေတြ ဆက္ျဖစ္ေနတာေၾကာင့္ ေဒသခံျပည္သူ ၅,၀၀၀ ေလာက္ စစ္ေဘးလြတ္ရာ တိမ္းေ႐ွာင္ေနၾကရပါတယ္။ အိုးအိမ္စြန္႔ ထြက္ေျပးေနရတာ အခ်ိန္ၾကာလာၿပီျဖစ္လို႔ ဒုကၡသည္ေတြအတြက္ စားဝတ္ေနေရးအခက္ခဲရွိေနတယ္လို႕ ဒုကၡသည္ အေရးကူညီသူေတြက ေျပာပါတယ္။ ခ်င္းျပည္နယ္က စစ္ေရးေနာက္ဆုံး အေျခအေန ရန္ကုန္ကေပးပို႕လာတဲ့သတင္းကို ကိုရန္ႏိုင္က တင္ျပေပးထားပါတယ္။

ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္နဲ႔ မတူပီၿမိဳ႕နယ္ဘက္မွာ ဧၿပီလဆန္းပိုင္းထဲကေန ဒီကေန႕အထိ စစ္ေကာင္စီတပ္ေတြက နယ္ေျမရွင္းေနတာေၾကာင့္ မတူပီလမ္းမႀကီးတေလွ်ာက္ ေက်း႐ြာ ၁၀ ႐ြက္ထက္မနည္းက ရြာသားေထာင္ခ်ီ စစ္ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကရပါတယ္။
အထူးသျဖင့္ ခ်င္းျပည္နယ္၊ မင္းတပ္ကေန မတူပီဘက္ကို နယ္ေျမရွင္းလင္းေရးလုပ္ေနတဲ့ စစ္ေကာင္စီစစ္ေၾကာင္း၊ မတူပီၿမိဳ႕ကေန ပလက္ဝၿမိဳ႕နယ္အတြင္းသို႔ စစ္အင္အား ျဖည့္တင္းဖို႕ သြားေရာက္တဲ့ စစ္ေကာင္စီစစ္ေၾကာင္းေတြနဲ႕ ခ်င္းကာကြယ္ေရးCDFအဖြဲ႕တို႕အၾကား တိုက္ပြဲ ျဖစ္ေနတာေၾကာင့္ ေဒသခံေတြ ေဘးလြတ္ရာကိုတိမ္းေရွာင္ေနရတာပါ။ စစ္ေဘးဒုကၡသည္ ၅,၀၀၀ ေလာက္ အိုးအိမ္စြန္႔ထြက္ေျပးေနၾကရတယ္လို႔ သူတို႔ကို အကူအညီေပးေနသူတေယာက္က ေျပာျပပါတယ္။

“ဒီ မင္းတပ္ မတူပီလမ္းၾကားမွာ (၅) ရြာေလာက္ရွိတာေပါ့ေနာ္။ လူဦးေရက (၂,၀၀၀) ေက်ာ္ ေလာက္ ရွိတယ္။ အဲဒီ (၂,၀၀၀) ေက်ာ္က ေတာထဲေတာင္ထဲ ထြက္ေျပးေနတုန္းပဲ။ စစ္ေဘးေရွာင္ ေနရတယ္ ေပါ့။ ၿပီးေတာ့မွ မတူပီ-ပလက္ဝ လမ္း ထယ္ေဟြးရြာပါတ္ဝန္းက်င္မွာရွိတဲ့ အဲဒီမွာလဲရြာ (၅) ရြာ ေလာက္ရွိတာေပါ့။ အဲဒီ (၅) ရြာက လူေတြ(၃၀၀၀)ေလာက္ ရွိတယ္။ အခုထိကာ စစ္ေဘးေရွာင္ ေနတုန္းပဲ။ စစ္ေရွာင္(၅,၀၀၀) ေလာက္ရွိတယ္။ ေလာေလာဆယ္အေျခအေနေပါ့ေနာ။ စစ္ေၾကာင္းေတြက မျပန္နိုင္ေသးေတာ့ သူတို႔က မျပန္နိုင္ေသးဘူးေပါ့ေလ။”

ဧၿပီလ ၁၀ ရက္ကေန ဒီကေန႔ ၂၂ ရက္ အထိ ႏွစ္ဘက္ပစ္ခတ္တိုက္ခိုက္မွဳအတြင္း မတူပီ- ပလက္ဝကားေပၚမွာရွိတဲ့ ထယ္ေဟြး ေက်းရြာ တြီရွစ္ေက်းရြာ၊ ဝလံပီေက်းရြာ၊ ကလားေက်းရြာ၊ ဝလံသဲ စတဲ့ေက်းရြာနဲ႕ မတူပီ-မင္းတပ္လမ္းေပၚ က ေက်းရြာသားေတြ အိုးအိမ္စြန္႔ခြါၿပီး ေတာ ေတာင္ထဲ တိမ္းေရွာင္ေနၾကရပါတယ္။ စစ္ေဘးလြတ္ေအာင္ တိ္မ္းေ႐ွာင္ေနၾကသူေတြ ေတာ ေတာင္ထဲမွာ ပုန္းေအာင္းေနၾကရတာ တပတ္ေက်ာ္ၾကာေနၿပီျဖစ္လို႔ စားဝတ္ေနထိုင္ေရးအခက္ခဲျဖစ္ ေနတယ္လို႕ အကူအညီေပးေနသူက ေျပာျပပါတယ္။

“စားဝတ္ေနေရးကေတာ့ ေတာ္ေတာ္ေလးအခက္ခဲရွိတယ္။ သူတို႔က အေရးေပၚေရွာင္ေနၾကတာေလ။ ေတာထဲမွာ အခက္ခဲျဖစ္တယ္။ တဘက္မွာလည္း မိုးေတြဘာေတြက်ေတာ့ေလ မိုးကာမလုံေလာက္ တာေတြ စားေရးေသာက္ေရး အဆင္မေျပတာနဲ႔ႀကံဳရတယ္။ အထူးသျဖင့္ ကေလးနဲ႔ သက္ႀကီး ရြယ္အိုေတြ ေတာ္ေတာ္ေလးအခက္ခဲရွိတယ္။”

စစ္ေဘးစိုးရိမ္ရသလို တဘက္မွာလည္း ဆက္သြယ္ေရးလမ္းေၾကာင္းေတြကို စစ္ေကာင္စီတပ္က တင္းတင္းၾကပ္ၾကပ္ စစ္ေဆးေနတာေၾကာင့္ ေဘးလြတ္ရာေျပးေနရသူေတြကို အရပ္ဘက္ လူမႈ ကူညီေရးအဖြဲ႔ေတြက ကူညီဖို႕အခက္ေတြ႕ေနပါတယ္။

ဒီကေန႔ ဧၿပီ (၂၂) ရက္ေန႔မွာလည္း မတူပီ-ပလက္ဝလမ္းေပၚက ထယ္ေဟြးတပ္စခန္းကို အင္အား ျဖည့္ဖို႕လာတဲ့ စစ္ေကာင္စီစစ္ေၾကာင္းနဲ႔ CDF အဖြဲ႔ၾကား (၁၆) မိုင္ဘက္မွာ တိုက္ပြဲျဖစ္ပြါးေနတယ္လို႔ ေဒသခံ PDF ေခါင္းေဆာင္တဦးက ေျပာပါတယ္။

“မတူပီဘက္ကိုျပန္ထြက္လာတဲ့စစ္ေၾကာင္းနဲ႔ က်ေနာ္တို႔ CDF မတူပီၾကားမွာ ဒီမနက္ (၈) နာရီ ေက်ာ္ေက်ာ္ေလာက္ကေပါ့ေနာ္။ အဲဒီမွာတိုက္ပြဲက နာရီဝက္ေလာက္ၾကာတယ္။ အဲဒီမွာ စစ္ေကာင္စီ က (၇) ဦးက်တယ္။ ဒဏ္ရာကေတာ့ (၆) ဦး (၇)ဦးေပါ့။ က်ေနာ္တို႔ဘက္ကေတာ့ ထိခိုက္က်ဆုံးမွဳ မရွိဘူးခင္ဗ်။”

(၁၆) မိုင္တိုက္ပြဲမွာ စစ္ေကာင္စီတပ္ဘက္က ထိခိုက္မွဳမ်ားတယ္လို႔ CDF ဘက္ကေျပာေပမယ့္ ဗီြအိုေအက သီးျခားအတည္မျပဳနိုင္ေသးပါဘူး။

စစ္ေကာင္စီေျပာခြင့္ရဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ဒီေန႔တိုက္ပြဲအေျခအေနမသိရေသးေပမယ့္ ဗုဒၶဟူးေန႔မွာ မတူပီ-ပလက္ဝလမ္းမွာ စစ္တပ္နဲ႔ CDF အဖြဲ႔ၾကား တိုက္ပြဲျဖစ္ပြါးတာရွိတယ္လို႔ ေျပာပါတယ္။

“(၂၀) ရက္ေန႔ကျဖစ္ခဲ့တဲ့ဟာတခုေတာ့ ရွိပါတယ္ဗ်။ မင္းတပ္နဲ႔ မတူပီလမ္းမွာ မိုင္ (၉၀) ေလာက္ မွာေတာ့ က်ေနာ္တို႔ တပ္မေတာ္လုံၿခံဳေရးစစ္ေၾကာင္းကို အၾကမ္းဖက္ (၃၀) ခန္႔က ပစ္ခတ္ခဲ့တာ ရွိတယ္။ ဒီအၾကမ္းဖက္ေတြဆီကေနၿပီးေတာ့ လက္နက္မ်ားရခဲ့တာရွိတယ္။ က်ေနာ္တို႔ဆီက စစ္သည္ တေယာက္ဒဏ္ရာရရွိခဲ့တာရွိတယ္။”

မတူပီၿမိဳ႕ေပၚမွာလည္း ၿမိဳ႕ျပင္ဘက္သြားမယ့္သူေတြကို ယခင္ကထက္ စစ္ေဆးမွဳမ်ားေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ မတူပီၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံခ်င္းကာကြယ္ေရးတပ္ဖြဲ႔ တိို႔ၾကား တိုက္ပြဲေၾကာင့္ ျပည္တြင္းဒုကၡသည္ ခန္႔မွန္းေျခဦးေရ ၇,၀၀၀ ရွိေနၿပီး အိမ္နီးခ်င္း အိႏၵိယ ႏိုင္ငံဘက္ကို ထြက္ေျပးတိမ္းေရွာင္ေနသူေတြလည္း ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

မတူပီ ချင်းစစ်ဘေးရှောင် (၅,၀၀၀) နီးပါး နေရပ်မပြန်နိုင်သေး

ချင်းပြည်နယ် မတူပီမြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံCDF ချင်း ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ဒေသခံပြည်သူ ၅,၀၀၀ လောက် စစ်ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။ အိုးအိမ်စွန့် ထွက်ပြေးနေရတာ အချိန်ကြာလာပြီဖြစ်လို့ ဒုက္ခသည်တွေအတွက် စားဝတ်နေရေးအခက်ခဲရှိနေတယ်လို့ ဒုက္ခသည် အရေးကူညီသူတွေက ပြောပါတယ်။ ချင်းပြည်နယ်က စစ်ရေးနောက်ဆုံး အခြေအနေ ရန်ကုန်ကပေးပို့လာတဲ့သတင်းကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်နဲ့ မတူပီမြို့နယ်ဘက်မှာ ဧပြီလဆန်းပိုင်းထဲကနေ ဒီကနေ့အထိ စစ်ကောင်စီတပ်တွေက နယ်မြေရှင်းနေတာကြောင့် မတူပီလမ်းမကြီးတလျှောက် ကျေးရွာ ၁၀ ရွက်ထက်မနည်းက ရွာသားထောင်ချီ စစ်ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။
အထူးသဖြင့် ချင်းပြည်နယ်၊ မင်းတပ်ကနေ မတူပီဘက်ကို နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီစစ်ကြောင်း၊ မတူပီမြို့ကနေ ပလက်ဝမြို့နယ်အတွင်းသို့ စစ်အင်အား ဖြည့်တင်းဖို့ သွားရောက်တဲ့ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ ချင်းကာကွယ်ရေးCDFအဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကိုတိမ်းရှောင်နေရတာပါ။ စစ်ဘေးဒုက္ခသည် ၅,၀၀၀ လောက် အိုးအိမ်စွန့်ထွက်ပြေးနေကြရတယ်လို့ သူတို့ကို အကူအညီပေးနေသူတယောက်က ပြောပြပါတယ်။

“ဒီ မင်းတပ် မတူပီလမ်းကြားမှာ (၅) ရွာလောက်ရှိတာပေါ့နော်။ လူဦးရေက (၂,၀၀၀) ကျော် လောက် ရှိတယ်။ အဲဒီ (၂,၀၀၀) ကျော်က တောထဲတောင်ထဲ ထွက်ပြေးနေတုန်းပဲ။ စစ်ဘေးရှောင် နေရတယ် ပေါ့။ ပြီးတော့မှ မတူပီ-ပလက်ဝ လမ်း ထယ်ဟွေးရွာပါတ်ဝန်းကျင်မှာရှိတဲ့ အဲဒီမှာလဲရွာ (၅) ရွာ လောက်ရှိတာပေါ့။ အဲဒီ (၅) ရွာက လူတွေ(၃၀၀၀)လောက် ရှိတယ်။ အခုထိကာ စစ်ဘေးရှောင် နေတုန်းပဲ။ စစ်ရှောင်(၅,၀၀၀) လောက်ရှိတယ်။ လောလောဆယ်အခြေအနေပေါ့နော။ စစ်ကြောင်းတွေက မပြန်နိုင်သေးတော့ သူတို့က မပြန်နိုင်သေးဘူးပေါ့လေ။”

ဧပြီလ ၁၀ ရက်ကနေ ဒီကနေ့ ၂၂ ရက် အထိ နှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း မတူပီ- ပလက်ဝကားပေါ်မှာရှိတဲ့ ထယ်ဟွေး ကျေးရွာ တွီရှစ်ကျေးရွာ၊ ဝလံပီကျေးရွာ၊ ကလားကျေးရွာ၊ ဝလံသဲ စတဲ့ကျေးရွာနဲ့ မတူပီ-မင်းတပ်လမ်းပေါ် က ကျေးရွာသားတွေ အိုးအိမ်စွန့်ခွါပြီး တော တောင်ထဲ တိမ်းရှောင်နေကြရပါတယ်။ စစ်ဘေးလွတ်အောင် တိမ်းရှောင်နေကြသူတွေ တော တောင်ထဲမှာ ပုန်းအောင်းနေကြရတာ တပတ်ကျော်ကြာနေပြီဖြစ်လို့ စားဝတ်နေထိုင်ရေးအခက်ခဲဖြစ် နေတယ်လို့ အကူအညီပေးနေသူက ပြောပြပါတယ်။

“စားဝတ်နေရေးကတော့ တော်တော်လေးအခက်ခဲရှိတယ်။ သူတို့က အရေးပေါ်ရှောင်နေကြတာလေ။ တောထဲမှာ အခက်ခဲဖြစ်တယ်။ တဘက်မှာလည်း မိုးတွေဘာတွေကျတော့လေ မိုးကာမလုံလောက် တာတွေ စားရေးသောက်ရေး အဆင်မပြေတာနဲ့ကြုံရတယ်။ အထူးသဖြင့် ကလေးနဲ့ သက်ကြီး ရွယ်အိုတွေ တော်တော်လေးအခက်ခဲရှိတယ်။”

စစ်ဘေးစိုးရိမ်ရသလို တဘက်မှာလည်း ဆက်သွယ်ရေးလမ်းကြောင်းတွေကို စစ်ကောင်စီတပ်က တင်းတင်းကြပ်ကြပ် စစ်ဆေးနေတာကြောင့် ဘေးလွတ်ရာပြေးနေရသူတွေကို အရပ်ဘက် လူမှု ကူညီရေးအဖွဲ့တွေက ကူညီဖို့အခက်တွေ့နေပါတယ်။

ဒီကနေ့ ဧပြီ (၂၂) ရက်နေ့မှာလည်း မတူပီ-ပလက်ဝလမ်းပေါ်က ထယ်ဟွေးတပ်စခန်းကို အင်အား ဖြည့်ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ CDF အဖွဲ့ကြား (၁၆) မိုင်ဘက်မှာ တိုက်ပွဲဖြစ်ပွါးနေတယ်လို့ ဒေသခံ PDF ခေါင်းဆောင်တဦးက ပြောပါတယ်။

“မတူပီဘက်ကိုပြန်ထွက်လာတဲ့စစ်ကြောင်းနဲ့ ကျနော်တို့ CDF မတူပီကြားမှာ ဒီမနက် (၈) နာရီ ကျော်ကျော်လောက်ကပေါ့နော်။ အဲဒီမှာတိုက်ပွဲက နာရီဝက်လောက်ကြာတယ်။ အဲဒီမှာ စစ်ကောင်စီ က (၇) ဦးကျတယ်။ ဒဏ်ရာကတော့ (၆) ဦး (၇)ဦးပေါ့။ ကျနော်တို့ဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိဘူးခင်ဗျ။”

(၁၆) မိုင်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများတယ်လို့ CDF ဘက်ကပြောပေမယ့် ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီနေ့တိုက်ပွဲအခြေအနေမသိရသေးပေမယ့် ဗုဒ္ဓဟူးနေ့မှာ မတူပီ-ပလက်ဝလမ်းမှာ စစ်တပ်နဲ့ CDF အဖွဲ့ကြား တိုက်ပွဲဖြစ်ပွါးတာရှိတယ်လို့ ပြောပါတယ်။

“(၂၀) ရက်နေ့ကဖြစ်ခဲ့တဲ့ဟာတခုတော့ ရှိပါတယ်ဗျ။ မင်းတပ်နဲ့ မတူပီလမ်းမှာ မိုင် (၉၀) လောက် မှာတော့ ကျနော်တို့ တပ်မတော်လုံခြုံရေးစစ်ကြောင်းကို အကြမ်းဖက် (၃၀) ခန့်က ပစ်ခတ်ခဲ့တာ ရှိတယ်။ ဒီအကြမ်းဖက်တွေဆီကနေပြီးတော့ လက်နက်များရခဲ့တာရှိတယ်။ ကျနော်တို့ဆီက စစ်သည် တယောက်ဒဏ်ရာရရှိခဲ့တာရှိတယ်။”

မတူပီမြို့ပေါ်မှာလည်း မြို့ပြင်ဘက်သွားမယ့်သူတွေကို ယခင်ကထက် စစ်ဆေးမှုများနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတူပီမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့ တို့ကြား တိုက်ပွဲကြောင့် ပြည်တွင်းဒုက္ခသည် ခန့်မှန်းခြေဦးရေ ၇,၀၀၀ ရှိနေပြီး အိမ်နီးချင်း အိန္ဒိယ နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေသူတွေလည်း ရှိနေပါတယ်။

================

XS
SM
MD
LG