သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေတ်မှီစက်ပစ္စည်းတွေ ဝယ်ယူနိုင်ရေး မြန်မာကို Austria အတိုးမဲ့ ငွေချေးမည်


Austria က ခေတ်မှီအမိုက်သိမ်းယာဉ်များ
Austria က ခေတ်မှီအမိုက်သိမ်းယာဉ်များ

မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ဆိုင်တဲ့ စက်ပစ္စည်းတွေ ဝယ်ယူနိုင်ရေးအတွက် Austria နိုင်ငံက အကူအညီပေးဖို့ စီစဉ်နေပါတယ်။ Austria နိုင်ငံ ၊ ဗီယင်နာမြို့မှာ ကုလသမဂ္ဂ ဦးဆောင်ကျင်းပတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ညီလာခံကို တက်ဖို့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုကြီး ဦးအုန်းဝင်းနဲ့ Austria တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် အခုလို အကူအညီပေးမယ့် အစီအစဉ် ဖြစ်ပေါ်လာတာပါ။ Autria အစိုးရ အပါအဝင် သက်ဆိုင်ရာ ကုမ္ပဏီ အသီးသီးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးခဲ့တဲ့ မင်္ဂလာမြန်မာက ညွှန်ကြားရေးမှူး ဒေါက်ဖုန်းဝင်းကို ဆက်သွယ် မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG