သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်း ရာထူးကနုတ်ထွက်


ရာထူးက နုတ်ထွက်သွားတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကို သူ့သဘောဆန္ဒအလျှောက် ရာထူးက နုတ်ထွက်ခွင့်ပြုကြောင်း မေလ ၂၅ ရက်၊ ဒီကနေ့ နေ့စွဲနဲ့ သမ္မတရုံးက ကြေငြာချက်ထုတ်ပြန်ပါတယ်။ ဦးကျော်ဝင်းဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးမှုခံနေရတာဖြစ်ပြီး ဒီ စုံစမ်းမှုတွေ့ရှိချက်ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဆီ တင်ပြတော့မယ်လို့ ကော်မရှင်ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြောဆိုထားတာပါ။

သမ္မတ ဦးဝင်းမြင့် တက်လာပြီးနောက် အုပ်ချုပ်ရေးပိုင်းမှာ အဂတိလိုက်စားမှုတွေကို အရှိန်မြင့် အရေးယူနေချိန်မှာပဲ၊ အားနည်းချက်တွေရှိတယ်လို့ ဝေဖန်ခံနေရတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို မေလ ၂၃ ရက်နေ့မှာ အမျိုးသားလွှတ်တော်က စတုထ္ထအကြိမ်မြောက် ပြင်ဆင် အတည်ပြုခဲ့ပါတယ်။

ခုလို ပြင်ဆင်လိုက်တဲ့ဒီဥပဒေကြမ်းမှာ ငွေပေးငွေယူလုပ်တာအပြင် နိုင်ငံတော်ဘဏ္ဍာုငွေကို လုပ်ထုံးလုပ်နည်းနဲ့မညီဘဲ လုပ်တာ ဆုံးရှုံးစေတာတွေကိုပါ အဂတိလိုက်စားမှုအနေနဲ့ အရေးယူနိုင် တယ်ဆိုတဲ့ အချက်ပါဝင်ပါတယ်။ ဒါ့အပြင် တိုင်ကြားသူမရှိလဲ ကျော်ဇောသတင်းထွက်နေရင် စိစစ်အရေးယူနိုင်တယ်ဆိုတဲ့ အချက်တွေကိုလည်းဖြည့်စွက်ထားပါတယ်။

စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်း ရာထူးကနုတ်ထွက်
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG