သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိပ္တန္းအမႈေတြရဲ႕ သတင္းေတြပိတ္ဖို႔ စစ္ေကာင္စီ ဖိအားေပးလုပ္ေဆာင္ေန


NLD ပါတီေခါင္းေဆာင္ပိုင္းရဲ႕အမႈေတြကို လိုက္ပါေဆာင္ရြက္ေပးေနတဲ့ ေရွ႕ေနအဖြဲ႔ထဲက ဦးခင္ေမာင္ေဇာ္ (ဝဲ) နဲ႔ေဒၚမင္းမင္းစိုး (ယာ)

{{Zawgyi/Unicode}}

သမၼတဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္တို႔ရဲ႕အမႈေတြကို လိုက္ပါေဆာင္႐ြက္ေနတဲ့ တရားလႊတ္ေတာ္ေရွ႕ေနတခ်ိဳ႕ကို အမႈေတြနဲ႔ပတ္သက္ၿပီး ျပည္တြင္းျပည္ပ သတင္းမီဒီယာေတြကို မေျဖၾကားဖို႔ စစ္ေကာင္စီက တားျမစ္လိုက္ပါတယ္။ သတင္းမီဒီယာေတြကို အမႈအေၾကာင္း ရွင္းျပေနတဲ့ ေရွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္ကို ရာဇဝတ္က်င့္ထုံးပုဒ္မ ၁၄၄ နဲ႔ ကန႔္သတ္တားျမစ္သလို ေနာက္ထပ္ ေရွ႕ေနတေယာက္ျဖစ္တဲ့ ေဒၚမင္းမင္းစိုးကိုလည္း ဒီေန႔ အာဏာပိုင္ေတြက ပုဒ္မ ၁၄၄ အရ အမိန႔္ထုတ္ျပန္ ကန႔္သတ္လိုက္တာျဖစ္ပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

အမႈေပါင္း ၁၁ မႈထက္မနည္းနဲ႔ ရင္ဆိုင္ေနရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕အမႈေတြကို လိုက္ ပါေဆာင္႐ြက္ေနတဲ့ ေရွ႕ေနအဖြဲ႔ထဲက တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္ကို 'ရာဇဝတ္က်င့္ထုံးပုဒ္မ ၁၄၄ အရ အမႈေတြအေၾကာင္း မေျပာရ' လို႔ စစ္ေကာင္စီက ေအာက္တိုဘာ ၁၄ ရက္ေန႔က အမိန႔္ထုတ္ျပန္ ကန႔္သတ္ခဲ့ပါတယ္။ ဒီေန႔ ေအာက္တိုဘာ ၁၅ ရက္ေန႔မွာလည္း ေရွ႕ေနအဖြဲ႔ဝင္ေနာက္တေယာက္ျဖစ္တဲ့ ေဒၚမင္းမင္းစိုးကိုပါ အလားတူ ပုဒ္မ ၁၄၄ နဲ႔ တားျမစ္ကန႔္သတ္လိုက္တာျဖစ္ပါတယ္။

“ဘာျဖစ္တုန္းဆိုေတာ့ ဦးခင္ေမာင္ေဇာ္ေျပာတာေတြက တရားဥပေဒနဲ႔အညီေဆာင္႐ြက္ရတဲ့ ပုဂၢိဳလ္တဦးဦးကို ေႏွာင့္ယွက္မႈ၊ ထိခိုက္နာက်င္ ဆုံးရႈံးမႈ သို႔မဟုတ္ အမ်ားျပည္သူတို႔ရဲ႕... ႐ုန္းရင္းဆန္ခတ္ျဖစ္ေစမႈေတြကို ျဖစ္ေပၚေစတဲ့အတြက္ တားဆီးရတာျဖစ္ ပါတယ္၊ က်ေနာ္တို႔ႏိုင္ငံမွာ ခုခ်ိန္မွာတည္ၿငိမ္ေအးခ်မ္းဖို႔လိုအပ္လ်က္ရွိတယ္။ ေျပာဆိုေနတဲ့စကားေတြသည္ မွန္ ျခင္းမွားျခင္းကိုမေဝဖန္ခ်င္ဘူး သို႔ေသာ္ခုခ်ိန္မွာေတာ့ ဒီစကားေတြသည္ ႏိုင္ငံေတာ္မွာ အဓိကလိုေနတဲ့ တည္ၿငိမ္ ေအးခ်မ္းေရးကို ထိခိုက္ေစတဲ့ အတြက္ ပုဒ္မ ၁၄၄ အရ တားဆီးရျခင္းျဖစ္တယ္။” (ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း)


သူတို႔အတြက္ထုတ္ျပန္တဲ့အမိန႔္ထဲမွာ ျပည္တြင္းျပည္ပက မီဒီယာအဖြဲ႔အစည္းေတြ၊ အျပည္ျပည္ဆိုင္ရာအဖြဲ႔အစည္းနဲ႔ လူပုဂၢိဳလ္ေတြ၊ INGO ေတြ၊ ႏိုင္ငံျခားအစိုးရ တာဝန္ရွိသူေတြအပါအဝင္ ဘယ္လို ျပင္ပအဖြဲ႔အစည္းက လူပုဂၢိဳလ္ ေတြကိုမွ တိုက္႐ိုက္ျဖစ္ျဖစ္၊ သြယ္ဝိုက္ၿပီးျဖစ္ျဖစ္ တနည္းနည္းနဲ႔ ဆက္သြယ္ ေဆာင္႐ြက္ျခင္း မျပဳရလို႔ တားျမစ္လိုက္တာျဖစ္ပါတယ္။

ဦးခင္ေမာင္ေဇာ္ကို ပုဒ္မ ၁၄၄ နဲ႔ ဘာ့ေၾကာင့္ အမိန႔္ထုတ္ျပန္ ကန႔္သတ္ တားျမစ္တယ္ဆိုတာကို စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အခုလို ထုတ္ျပန္ေျပာၾကားထားပါတယ္။

“ႏွစ္ခ်က္ ရွိပါတယ္။ နံပါတ္တစ္ အခ်က္ကေတာ့အဓိကကေတာ့ ျပည္တြင္းျပည္ပ သတင္းမီဒီယာေတြ၊ တရားမဝင္ ထုတ္တဲ့သတင္းဌာနေတြက ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးကိုပ်က္ျပားေစတဲ့ လႈံ႔ေဆာ္မႈေတြ၊ သတင္းမွားေတြ ျပဳလုပ္လ်က္ရွိတယ္။ အဲဒီသတင္းဌာနေတြနဲ႔ဆက္သြယ္ၿပီးေတာ့ သက္ေသမ်ားရဲ႕ ႐ုံးေရွ႕ထြက္ဆိုခ်က္ေတြကို ထုတ္ျပန္ေျပာဆိုတာရွိတယ္။ ဒါေၾကာင့္မို႔ပိတ္ပင္ရတာျဖစ္တယ္။ ထုတ္ျပန္ေျပာတာမွာ ဘာျဖစ္တုန္းဆိုေတာ့ ဦးခင္ေမာင္ေဇာ္ေျပာတာေတြက တရားဥပေဒနဲ႔အညီေဆာင္႐ြက္ရတဲ့ ပုဂၢိဳလ္တဦးဦးကို ေႏွာင့္ယွက္မႈ၊ ထိခိုက္နာက်င္ ဆုံးရႈံးမႈ သို႔မဟုတ္ အမ်ားျပည္သူတို႔ရဲ႕... ႐ုန္းရင္းဆန္ခတ္ျဖစ္ေစမႈေတြကို ျဖစ္ေပၚေစတဲ့အတြက္ တားဆီးရတာျဖစ္ ပါတယ္၊ က်ေနာ္တို႔ႏိုင္ငံမွာ ခုခ်ိန္မွာတည္ၿငိမ္ေအးခ်မ္းဖို႔လိုအပ္လ်က္ရွိတယ္။ ေျပာဆိုေနတဲ့စကားေတြသည္ မွန္ ျခင္းမွားျခင္းကိုမေဝဖန္ခ်င္ဘူး သို႔ေသာ္ခုခ်ိန္မွာေတာ့ ဒီစကားေတြသည္ ႏိုင္ငံေတာ္မွာ အဓိကလိုေနတဲ့ တည္ၿငိမ္ ေအးခ်မ္းေရးကို ထိခိုက္ေစတဲ့ အတြက္ ပုဒ္မ ၁၄၄ အရ တားဆီးရျခင္းျဖစ္တယ္။”

ေရွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္ေျပာတဲ့ စကားေတြဟာ ႏိုင္ငံတည္ၿငိမ္မႈကို ပ်က္ျပားေစတယ္လို႔လည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕အမႈကို လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ ေရွ႕ေနအဖြဲ႕ထဲက ေနာက္ထပ္ေရွ႕ေနတေယာက္ဟာလည္း အေစာပိုင္းထဲက အမႈေတြနဲ႔ပတ္သက္လို႔ ဘယ္သူ႔ကိုမွ ေျဖၾကားျခင္း မျပဳရလို႔ လက္မွတ္ထိုးထားရပါတယ္။

ေနျပည္ေတာ္ သီးသန႔္တရား႐ုံးမွာ ၾကားနာစစ္ေဆးေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္တို႔ရဲ႕ အမႈေတြနဲ႔ပတ္သက္လို႔ သူ႔တို႔ရဲ႕ေရွ႕ေနေတြက တရားခြင္မွာ တင္ျပ ေလ ွ်ာက္ထားခ်က္ေတြကို အရင္က ေျပာျပ ရွင္းျပေနတာျဖစ္ပါတယ္။ တရားခြင္မွာ စစ္ေဆးၾကားနာမႈေတြကို အမ်ားျပည္သူ သိေအာင္ေျပာျပဖို႔ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ေရွ႕ေနေတြကိုေအာက္တိုဘာလ ၁၂ ရက္ေန႔ကပဲ ၫြန္ၾကားခဲ့ပါတယ္။

ေရွ႕ေနေတြအေပၚ ရာဇဝတ္က်င့္ထုံးပုဒ္မ ၁၄၄ နဲ႔ အမိန႔္ထုတ္ထားတာကို ေဖာက္ဖ်က္က်ဴးလြန္တယ္ဆိုရင္ အမိန႔္ဖီဆန္မႈ ရာဇသတ္ႀကီးပုဒ္မ ၁၈၈ နဲ႔ အေရးယူႏိုင္ပါတယ္။ ရာဇသတ္ႀကီးပုဒ္မ ၁၈၈ ကို က်ဴးလြန္ေၾကာင္းေတြ႕ရွိရင္ အျမင့္ဆုံး ေထာင္ဒဏ္ ေျခာက္လအထိ ေထာင္ဒဏ္တမ်ိဳးမ်ိဳးျဖစ္ေစ၊ က်ပ္တသိန္း ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ခံရႏိုင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


==========

{{Unicode}}

ထိပ်တန်းအမှုတွေရဲ့ သတင်းတွေပိတ်ဖို့ စစ်ကောင်စီ ဖိအားပေးလုပ်ဆောင်နေ

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အမှုတွေကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေတချို့ကို အမှုတွေနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကို မဖြေကြားဖို့ စစ်ကောင်စီက တားမြစ်လိုက်ပါတယ်။ သတင်းမီဒီယာတွေကို အမှုအကြောင်း ရှင်းပြနေတဲ့ ရှေ့နေကြီး ဦးခင်မောင်ဇော်ကို ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၄၄ နဲ့ ကန့်သတ်တားမြစ်သလို နောက်ထပ် ရှေ့နေတယောက်ဖြစ်တဲ့ ဒေါ်မင်းမင်းစိုးကိုလည်း ဒီနေ့ အာဏာပိုင်တွေက ပုဒ်မ ၁၄၄ အရ အမိန့်ထုတ်ပြန် ကန့်သတ်လိုက်တာဖြစ်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

“ဘာဖြစ်တုန်းဆိုတော့ ဦးခင်မောင်ဇော်ပြောတာတွေက တရားဥပဒေနဲ့အညီဆောင်ရွက်ရတဲ့ ပုဂ္ဂိုလ်တဦးဦးကို နှောင့်ယှက်မှု၊ ထိခိုက်နာကျင် ဆုံးရှုံးမှု သို့မဟုတ် အများပြည်သူတို့ရဲ့... ရုန်းရင်းဆန်ခတ်ဖြစ်စေမှုတွေကို ဖြစ်ပေါ်စေတဲ့အတွက် တားဆီးရတာဖြစ် ပါတယ်၊ ကျနော်တို့နိုင်ငံမှာ ခုချိန်မှာတည်ငြိမ်အေးချမ်းဖို့လိုအပ်လျက်ရှိတယ်။ ပြောဆိုနေတဲ့စကားတွေသည် မှန် ခြင်းမှားခြင်းကိုမဝေဖန်ချင်ဘူး သို့သော်ခုချိန်မှာတော့ ဒီစကားတွေသည် နိုင်ငံတော်မှာ အဓိကလိုနေတဲ့ တည်ငြိမ် အေးချမ်းရေးကို ထိခိုက်စေတဲ့ အတွက် ပုဒ်မ ၁၄၄ အရ တားဆီးရခြင်းဖြစ်တယ်။” (ဗိုလ်ချုပ် ဇော်မင်းထွန်း)


အမှုပေါင်း ၁၁ မှုထက်မနည်းနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေကို လိုက် ပါဆောင်ရွက်နေတဲ့ ရှေ့နေအဖွဲ့ထဲက တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်ကို 'ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၄၄ အရ အမှုတွေအကြောင်း မပြောရ' လို့ စစ်ကောင်စီက အောက်တိုဘာ ၁၄ ရက်နေ့က အမိန့်ထုတ်ပြန် ကန့်သတ်ခဲ့ပါတယ်။ ဒီနေ့ အောက်တိုဘာ ၁၅ ရက်နေ့မှာလည်း ရှေ့နေအဖွဲ့ဝင်နောက်တယောက်ဖြစ်တဲ့ ဒေါ်မင်းမင်းစိုးကိုပါ အလားတူ ပုဒ်မ ၁၄၄ နဲ့ တားမြစ်ကန့်သတ်လိုက်တာဖြစ်ပါတယ်။

သူတို့အတွက်ထုတ်ပြန်တဲ့အမိန့်ထဲမှာ ပြည်တွင်းပြည်ပက မီဒီယာအဖွဲ့အစည်းတွေ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေ၊ INGO တွေ၊ နိုင်ငံခြားအစိုးရ တာဝန်ရှိသူတွေအပါအဝင် ဘယ်လို ပြင်ပအဖွဲ့အစည်းက လူပုဂ္ဂိုလ် တွေကိုမှ တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးဖြစ်ဖြစ် တနည်းနည်းနဲ့ ဆက်သွယ် ဆောင်ရွက်ခြင်း မပြုရလို့ တားမြစ်လိုက်တာဖြစ်ပါတယ်။

ဦးခင်မောင်ဇော်ကို ပုဒ်မ ၁၄၄ နဲ့ ဘာ့ကြောင့် အမိန့်ထုတ်ပြန် ကန့်သတ် တားမြစ်တယ်ဆိုတာကို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ထုတ်ပြန်ပြောကြားထားပါတယ်။

“နှစ်ချက် ရှိပါတယ်။ နံပါတ်တစ် အချက်ကတော့အဓိကကတော့ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေ၊ တရားမဝင် ထုတ်တဲ့သတင်းဌာနတွေက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေတဲ့ လှုံ့ဆော်မှုတွေ၊ သတင်းမှားတွေ ပြုလုပ်လျက်ရှိတယ်။ အဲဒီသတင်းဌာနတွေနဲ့ဆက်သွယ်ပြီးတော့ သက်သေများရဲ့ ရုံးရှေ့ထွက်ဆိုချက်တွေကို ထုတ်ပြန်ပြောဆိုတာရှိတယ်။ ဒါကြောင့်မို့ပိတ်ပင်ရတာဖြစ်တယ်။ ထုတ်ပြန်ပြောတာမှာ ဘာဖြစ်တုန်းဆိုတော့ ဦးခင်မောင်ဇော်ပြောတာတွေက တရားဥပဒေနဲ့အညီဆောင်ရွက်ရတဲ့ ပုဂ္ဂိုလ်တဦးဦးကို နှောင့်ယှက်မှု၊ ထိခိုက်နာကျင် ဆုံးရှုံးမှု သို့မဟုတ် အများပြည်သူတို့ရဲ့... ရုန်းရင်းဆန်ခတ်ဖြစ်စေမှုတွေကို ဖြစ်ပေါ်စေတဲ့အတွက် တားဆီးရတာဖြစ် ပါတယ်၊ ကျနော်တို့နိုင်ငံမှာ ခုချိန်မှာတည်ငြိမ်အေးချမ်းဖို့လိုအပ်လျက်ရှိတယ်။ ပြောဆိုနေတဲ့စကားတွေသည် မှန် ခြင်းမှားခြင်းကိုမဝေဖန်ချင်ဘူး သို့သော်ခုချိန်မှာတော့ ဒီစကားတွေသည် နိုင်ငံတော်မှာ အဓိကလိုနေတဲ့ တည်ငြိမ် အေးချမ်းရေးကို ထိခိုက်စေတဲ့ အတွက် ပုဒ်မ ၁၄၄ အရ တားဆီးရခြင်းဖြစ်တယ်။”

ရှေ့နေကြီး ဦးခင်မောင်ဇော်ပြောတဲ့ စကားတွေဟာ နိုင်ငံတည်ငြိမ်မှုကို ပျက်ပြားစေတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေအဖွဲ့ထဲက နောက်ထပ်ရှေ့နေတယောက်ဟာလည်း အစောပိုင်းထဲက အမှုတွေနဲ့ပတ်သက်လို့ ဘယ်သူ့ကိုမှ ဖြေကြားခြင်း မပြုရလို့ လက်မှတ်ထိုးထားရပါတယ်။

နေပြည်တော် သီးသန့်တရားရုံးမှာ ကြားနာစစ်ဆေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ရဲ့ အမှုတွေနဲ့ပတ်သက်လို့ သူ့တို့ရဲ့ရှေ့နေတွေက တရားခွင်မှာ တင်ပြ လေ ျှာက်ထားချက်တွေကို အရင်က ပြောပြ ရှင်းပြနေတာဖြစ်ပါတယ်။ တရားခွင်မှာ စစ်ဆေးကြားနာမှုတွေကို အများပြည်သူ သိအောင်ပြောပြဖို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရှေ့နေတွေကိုအောက်တိုဘာလ ၁၂ ရက်နေ့ကပဲ ညွန်ကြားခဲ့ပါတယ်။

ရှေ့နေတွေအပေါ် ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၄၄ နဲ့ အမိန့်ထုတ်ထားတာကို ဖောက်ဖျက်ကျူးလွန်တယ်ဆိုရင် အမိန့်ဖီဆန်မှု ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ အရေးယူနိုင်ပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၁၈၈ ကို ကျူးလွန်ကြောင်းတွေ့ရှိရင် အမြင့်ဆုံး ထောင်ဒဏ် ခြောက်လအထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ကျပ်တသိန်း ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်။

#WhatIsHappeningInMyanmar #DawAungSanSuuKyi #UWinMyint #MyanmarMilitaryCoup #voaburmese #ဒေါ်အောင်ဆန်းစုကြည် #ဦးဝင်းမြင့် #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း

XS
SM
MD
LG