သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့ေငြေပးေခ်စနစ္ ႐ုရွားဘဏ္ကဒ္သုံးဖို႔ စစ္ေကာင္စီ ေဆြးေႏြး  


Russia Bank Note 500000 1997 77777777777

[[Zawgyi/Unicode]]

က်ပ္ေငြတန္ဖိုးထိုးက်ၿပီး အေနာက္ႏိုင္ငံေတြရဲ႕ ပိတ္ဆို႔ဒဏ္ခတ္မႈေတြ ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံအတြက္ ေငြေပးေခ်ေရးစနစ္မွာ ျမန္မာက်ပ္ေငြနဲ႔ ႐ုရွားေငြနဲ႔ တိုက္႐ိုက္ ေပးေခ်ႏိုင္တဲ့ ႐ုရွားႏိုင္ငံ Mir Bank ကဒ္ေတြကို သုံးႏိုင္ေရး ႏွစ္ႏိုင္ငံအေၾကား ေဆြးေႏြးေနတဲ့ အေၾကာင္း စစ္ေကာင္စီဘက္က ေျပာပါတယ္။

“႐ုရွားႏိုင္ငံခရီးစဥ္မွာ ဗဟိုဘဏ္အခ်င္းခ်င္း ေဆြးေႏြးမႈေတြရွိပါတယ္။ စီးပြါးေရးနဲ႔ ကုန္သြယ္မႈဆိုင္ရာ ဆက္စပ္လုပ္ငန္းေတြမွာ ႐ုရွား႐ူဘယ္လ္နဲ႔ ျမန္မာက်ပ္ေငြ တိုက္ ႐ိုက္ေပးေခ်ႏိုင္ေရး၊ ၿပီးရင္ေတာ့ က်ေနာ္တို႔ေငြေပးေခ်မႈစနစ္ကို ေဆာလ်င္စြာအေကာင္အထည္ေဖာ္ႏိုင္ရန္အတြက္ ႐ုရွားႏိုင္ငံကျပဳလုပ္တဲ့ Mir ကဒ္ေပါ့-Mir ကဒ္ဆိုတာ ဒါကို ေျပာျခင္းျဖစ္ပါတယ္။ Mir ကဒ္ကို က်ေနာ္တို႔ လ်င္ျမန္စြာအသုံးျပဳႏိုင္ေရးအတြက္ ႐ုရွား ေငြေရးေၾကးေရးအဖြဲ႕အစည္းေတြက ကူညီေဆာင္႐ြက္ေပးသြားမွာျဖစ္ၿပီး ႐ုရွားႏိုင္ငံရဲ႕ Mir ကဒ္ကို ျမန္မာႏိုင္ငံရဲ႕ ေငြေပးေခ်မႈစနစ္မွာ အသုံးျပဳႏိုင္ေရးအတြက္ ေဆြးေႏြးလွ်က္ရွိပါတယ္။”

မၾကာေသးခင္က စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ ႐ုရွားႏိုင္ ငံခရီးစဥ္အတြင္း စီးပြားေရး ပူးေပါင္းေဆာင္႐ြက္ဖို႔ ေဆြးေႏြးခဲ့တဲ့ အစီအစဥ္တခ်ိဳ႕နဲ႔ ပတ္သက္ၿပီး ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း ဒီေန႔ ေနျပပည္ေတာ္မွာက်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားတာပါ။

႐ုရွားႏိုင္ငံ Mir ဘဏ္ကဒ္ဟာ က်ဳးဘား၊ ေတာင္ကိုရီးယား၊ တူရကီ၊ ဗီယက္နမ္နဲ႔ ယခင္ ဆိုဗီယက္ျပည္ေထာင္စု ႏိုင္ငံေဟာင္းတခ်ိဳ႕ၾကားမွာပဲ အသုံးျပဳႏိုင္တဲ့ကဒ္ျဖစ္ပါတယ္။

စစ္တပ္က အာဏာရယူၿပီး အေနာက္ႏိုင္ငံေတြရဲ႕ အေရးယူပိတ္ဆို႔မႈေတြၾကားမွာ ေဒၚလာ အႏိုင္က်င့္မႈေတြခံေနရတယ္ဆိုၿပီး ေဒၚလာအစား ႐ုရွားႏိုင္ငံ ႐ူဘဲေငြနဲ႔ တိုက္ ႐ိုက္ေပးေခ်ေရး၊ ေဒၚလာေငြေၾကးအေပၚ မွီခိုမႈ ေလွ်ာ့ခ်ေရးကိစၥေတြကိုလည္း မၾကာေသးခင္က ျမန္မာစစ္ေကာင္စီ အႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ ခရီးစဥ္အတြင္းမွာ ေဆြးေႏြးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

မြန်မာ့ငွေပေးချေစနစ် ရုရှားဘဏ်ကဒ်သုံးဖို့ စစ်ကောင်စီ ဆွေးနွေး

ကျပ်ငွေတန်ဖိုးထိုးကျပြီး အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် ငွေပေးချေရေးစနစ်မှာ မြန်မာကျပ်ငွေနဲ့ ရုရှားငွေနဲ့ တိုက်ရိုက် ပေးချေနိုင်တဲ့ ရုရှားနိုင်ငံ Mir Bank ကဒ်တွေကို သုံးနိုင်ရေး နှစ်နိုင်ငံအကြေား ဆွေးနွေးနေတဲ့ အကြောင်း စစ်ကောင်စီဘက်က ပြောပါတယ်။

“ရုရှားနိုင်ငံခရီးစဉ်မှာ ဗဟိုဘဏ်အချင်းချင်း ဆွေးနွေးမှုတွေရှိပါတယ်။ စီးပွါးရေးနဲ့ ကုန်သွယ်မှုဆိုင်ရာ ဆက်စပ်လုပ်ငန်းတွေမှာ ရုရှားရူဘယ်လ်နဲ့ မြန်မာကျပ်ငွေ တိုက် ရိုက်ပေးချေနိုင်ရေး၊ ပြီးရင်တော့ ကျနော်တို့ငွေပေးချေမှုစနစ်ကို ဆောလျင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် ရုရှားနိုင်ငံကပြုလုပ်တဲ့ Mir ကဒ်ပေါ့-Mir ကဒ်ဆိုတာ ဒါကို ပြောခြင်းဖြစ်ပါတယ်။ Mir ကဒ်ကို ကျနော်တို့ လျင်မြန်စွာအသုံးပြုနိုင်ရေးအတွက် ရုရှား ငွေရေးကြေးရေးအဖွဲ့အစည်းတွေက ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ရုရှားနိုင်ငံရဲ့ Mir ကဒ်ကို မြန်မာနိုင်ငံရဲ့ ငွေပေးချေမှုစနစ်မှာ အသုံးပြုနိုင်ရေးအတွက် ဆွေးနွေးလျှက်ရှိပါတယ်။”

မကြာသေးခင်က စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားနိုင် ငံခရီးစဉ်အတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တဲ့ အစီအစဉ်တချို့နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ဒီနေ့ နေပြပည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

ရုရှားနိုင်ငံ Mir ဘဏ်ကဒ်ဟာ ကျုးဘား၊ တောင်ကိုရီးယား၊ တူရကီ၊ ဗီယက်နမ်နဲ့ ယခင် ဆိုဗီယက်ပြည်ထောင်စု နိုင်ငံဟောင်းတချို့ကြားမှာပဲ အသုံးပြုနိုင်တဲ့ကဒ်ဖြစ်ပါတယ်။

စစ်တပ်က အာဏာရယူပြီး အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုတွေကြားမှာ ဒေါ်လာ အနိုင်ကျင့်မှုတွေခံနေရတယ်ဆိုပြီး ဒေါ်လာအစား ရုရှားနိုင်ငံ ရူဘဲငွေနဲ့ တိုက် ရိုက်ပေးချေရေး၊ ဒေါ်လာငွေကြေးအပေါ် မှီခိုမှု လျှော့ချရေးကိစ္စတွေကိုလည်း မကြာသေးခင်က မြန်မာစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်းမှာ ဆွေးနွေးခဲ့ပါတယ်။

XS
SM
MD
LG