သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မယ်ကမ္ဘာရွေးပွဲ မြတ်သီရိလွင် ပါဝင်ယှဉ်ပြိုင်


မြန်မာနိုင်ငံ ကိုယ်စားပြု မယ်ကမ္ဘာ မြတ်သီရိလွင် (Miss Myanmar World)
မြန်မာနိုင်ငံ ကိုယ်စားပြု မယ်ကမ္ဘာ မြတ်သီရိလွင် (Miss Myanmar World)

မြန်မာနိုင်ငံ ကိုယ်စားပြု မယ်ကမ္ဘာ မြတ်သီရိလွင် (ခေါ်) Bella ဟာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ တနင်္ဂနွေနေ့ အခုအသံလွှင့်ချိန်မှာ ကျင်းပနေတဲ့ (၆၆)ကြိမ်မြောက် Miss World မယ်ကမ္ဘာအလှမယ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေပါတယ်။ ဒီနှစ်ပြိုင်ပွဲအတွက် နိုင်ငံပေါင်း ၁၂၀ က အလှမယ်တွေ ပါဝင်ယှဉ်ပြိုင်နေကြတာပါ။

အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ စတဲ့နိုင်ငံက မယ်ကမ္ဘာတွေလည်း ပါဝင်ပြီး ဒီနှစ် ၂၀၁၆ခုနှစ်အတွက် Miss World မယ်ကမ္ဘာ အလှမယ်ဖြစ်လာနိုင်တယ်လို့ ပြောနေကြသူတွေထဲမှာ ဖိလစ်ပိုင် အလှမယ်က ထိပ်ဆုံးစာရင်းမှာရှိနေပါတယ်။

အသက် (၁၇)နှစ်အရွယ် မြန်မာနိုင်ငံသူ မယ်ကမ္ဘာအလှမယ် မြတ်သီရိလွင်ဟာ စစ်ကိုမလိုလားပဲ ငြိမ်းချမ်းရေးကိုလိုလားတယ်လို့ ပြောပါတယ်။ သူကိုယ်တိုင်လည်း ပြည်တွင်းစစ်ဖြစ်နေတဲ့ ကချင်ပြည်နယ်က စစ်ဘေးရှောင်ဒုက္ခသည်စခန်းကို ကိုယ်တိုင်သွားရောက်ခဲ့ပြီး ဒုက္ခသည်ကလေးတွေကို အားပေးကူညီခဲ့ပါတယ်။

မနှစ်က တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ မယ်ကမ္ဘာအလှမယ်ပြိုင်ပွဲတုန်းက တရုတ်နိုင်ငံဖွား ကနေဒါနိုင်ငံရဲ့ မယ်ကမ္ဘာ Anastasia Lin ကို တရုတ်အစိုးရက ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခဲ့တဲ့အတွက် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက တရုတ်နိုင်ငံကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြတာပါ။ အခုကျင်းပနေတဲ့ ၂၀၁၆ခုနှစ် Miss World ပြိုင်ပွဲမှာတော့စီစဉ်သူတွေက Anastasia Lin ကို ပြန်ပြီး ယှဉ်ပြိုင်ခွင့်ပြုခဲ့ပါတယ်။

ဗြိတိန်အခြေစိုက် Miss World မယ်ကမ္ဘာ အဖွဲ့အစည်းက ကမကထပြုပြီး နှစ်စဉ် နိုင်ငံအလိုက် အလှည့်ကျ ကျင်းပနေရာမှာ ဒီနှစ်အတွက် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာဖြစ်ပါတယ်။

၂၀၁၆ခုနှစ် Miss World မယ်ကမ္ဘာအလှမယ်အဖြစ် Puerto Rico နိုင်ငံကအလှမယ် Stephanie Del Valle ကိုရွေးချယ်လိုက်ပြီး ဒုတိယအဖြစ် Dominican နိုင်ငံက အလှမယ်နဲ့ တတိယအဖြစ် Indonesia အင်ဒိုနီးရှားနိုင်ငံအလှမယ်တို့ အသီးသီး ရွေးချယ်လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG