သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မယ်စကြဝဠာသရဖူ မယ်ကိုလံဘီယာ ရယူ


၂၀၁၄ မယ်စကြဝဠာ သရဖူဆောင်းသွားတဲ့ ကိုလံဘီယာအလှမယ် Paulina Vega
၂၀၁၄ မယ်စကြဝဠာ သရဖူဆောင်းသွားတဲ့ ကိုလံဘီယာအလှမယ် Paulina Vega

မနေ့ကတနင်္ဂနွေနေ့ညက အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်း မိုင်ယာမီမြို့အပြင်မှာကျင်းပခဲ့တဲ့ Miss Universe ၂၀၁၄၊ မယ်စကြဝဠာပြိုင်ပွဲမှာ ကိုလံဘီယာအလှမယ် Paulina Vega က သရဖူဆောင်းသွားခဲ့ပါတယ်။ ဒုတိယနဲ့ တတိယနေရာတွေရခဲ့ကြတဲ့ အမေရိကန်အလှမယ် Nia Sanchez နဲ့ ယူကရိန်းအလှမယ် Diana Harkusha တို့ကိုကျော်ပြီးတော့ အသက် ၂၂ နှစ်အရွယ် မစ္စ် Vega က နောက်ဆုံးမယ်စကြဝဠာဆုကို ဆွတ်ခူးသွားတာပါ။

ဒီနှစ် မယ်စကြဝဠာပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံကအလှမယ် သျှားထွဋ်အိန္ဒြာအပါအဝင် ကမ္ဘာတဝှန်းက အလှမယ်ပေါင်း (၈၈) ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ကလေးမရှိသူ၊ ဒါမှမဟုတ် တခါမှ လက်မထပ်ရသေးသူ အသက် (၁၈) နှစ်နဲ့ (၂၇) နှစ်ကြား အမျိုးသမီးတွေပဲ ပါဝင်ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ ဘိုဂိုတာ (Bogota) တက္ကသိုလ်မှာ စီးပွား၊ စီမံ ခန့်ခွဲရေးဘာသာရပ်ကို သင်ယူနေတဲ့ မစ္စ် ဗီဂါဟာ ၁၉၆၈ ခုနှစ် နောက်ပိုင်းမှာ ပထမဦးဆုံးအကြိမ် မယ်စကြဝဠာဆုကိုဆွတ်ခူးလိုက်တဲ့ ကိုလံဘီယာအလှမယ်ဖြစ်ပါတယ်။

XS
SM
MD
LG