သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မယ်စကြာဝဠာလောင်း မေဘရဏီသော်


 မြန်မာမယ်စကြာဝဠာ မေဘရဏီသော် (Photo- Miss Universe Organization)
မြန်မာမယ်စကြာဝဠာ မေဘရဏီသော် (Photo- Miss Universe Organization)

၂၀၁၅ ခုနှစ် ကမ္ဘာ့မယ်စကြာဝဠာသရဖူကိုဆွတ်ခူးမယ့် နောက်ဆုံးပြိုင်ပွဲကြီးကို အမေရိကန်ပြည်ထောင်စု Neveda ပြည်နယ် Las Vegas မြို့မှာ ဒေသစံတော်ချိန်မကြာခင်နာရီပိုင်းအတွင်း စတင်ကျင်းပတော့မှာဖြစ်ပါတယ်။

ပြိုင်ပွဲမစခင် နာရီပိုင်းအလို မြန်မာမယ်စကြာဝဠာမေဘရဏီသော်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းရာမှာ (၈၁)နိုင်ငံက အလှမယ်တွေနဲ့ယှဉ်ပြိုင်ရာမှာ သူ့အတွက် အဓိက စိန်ခေါ်မှုနဲ့ပတ်သက်ပြီး မေဘရဏီသော်က အခုလိုစပြောပါတယ်။

“Rehearsal တိုက်တော့ညီမတို့အဖွဲ့တွေပေါ့နော်။ အဲလိုမျိုး သီချင်းဆိုတာမှာ ကရတယ်လေ ။ အဲဒီအချိန်က ကိုယ့်အတွက် တကယ်နေရထိုင်ရခတ်တာပေါ့နော်။ မြန်မာလူမျိုးတယောက်အနေနဲ့လဲ swimming suit ဝတ်တာရှားတယ်လေ။ အဲလိုအချိန်မှာသူတို့က Swimming suit ဝတ်ပြီးတော့ ကရမယ်ပေါ့နော် အဲလိုမျိုးတွေပြောတော့ ညီမ လက်ခံရဖို့တော့ တော်တော်ကြိုးစားရတယ်။ ညီမမျှော်လင့်ချက်ကတော့ Evening Evening gown own ရယ်၊ National Costume ရယ်ကို ညီမအရမ်းမျှော်လင့်တယ်။ နောက်ပြီးတော့လည်း ဘယ်သူမဆိုတော့ အကောင်းဆုံးမျှော်လင့်တာပေါ့။ ၁၅ ယောက်ရွေးတဲ့အထဲကိုလည်းညီမ အရမ်းဝင်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ညီမကိုလည်း ပရိတ်သတ်တွေက အရမ်းကို မျှော်လင့်နေတာကြောင့်မို့လို့လေ။”

အကြိုပြိုင်ပွဲတွင်း မတော်တဆဖြစ်ရပ်တခုမှာ အိန္ဒြေမပျက် သတ္တိရှိရှိအကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့တဲ့အတွက် သူ့အနေနဲ့ နောက်ဆုံးပြိုင်ပွဲကြီးမှာလည်း ရလဒ်ကောင်းတွေထွက်နိုင်အောင် ယုံကြည့်မှုအပြည့်နဲ့နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်သွားမယ်လို့ မေဘရဏီသော်က ပြောပါတယ်။

ဒါ့အပြင် ဒီနှစ်ပြိုင်ပွဲမှာ မြန်မာအလှမယ်အနေနဲ့ အခြား အရှေ့တောင်အာရှနိုင်ငံတွေက အလှမယ်တွေနဲ့ ရင်ဘောင်တန်း အကြိတ်အနယ်ယှဉ်ပြိုင်နိုင်တယ်လို့ Las Vegas မှာကျင်းပနေတဲ့ပြိုင်ပွဲကိုတက်ရောက်နေတဲ့ Miss Universe Myanmar ရဲ့ National Director မစိုးယုဝေက ပြောပါတယ်။

“ဒီနှစ်ကတော့ ပိုပြီးတော့ရင်ခုန်ဖို့ကောင်းတာပေါ့နော်။ စိတ်လှုပ်ရှားဖို့လည်းကောင်းတာပေါ့။ Las Vegas မှာလည်း ပြိုင်ရတာဖြစ်တယ်။ နောက်ပြီးတော့ အမတို့ အတွေ့အကြုံလည်း ၂ နှစ်လောက်ရလာပြီးပြီဆိုတော့ ဒီနှစ်က အရင်နှစ်တွေထက်ပိုပြီးတော့ ပြင်ဆင်လာတယ်ပေါ့နော်။ ပြင်ဆင်လာပြီးတော့ အခုပြိုင်တဲ့အခါမှာလည်း အများသိတဲ့အတိုင်းပဲခြေချော်လက်ချော်ဖြစ်သွားတယ်။ ပရိတ်သတ်ကလည်းအရမ်းအားပေးတယ်။ သူကလည်း အကောင်းဆုံးလုပ်နိုင်တယ်ဆိုတော့လေ ပြိုင်ဆိုင်မှုတွေကလည်းပိုပြီးတော့ ပြင်းထန်လာတယ်။ ဒီအရှေ့တောင်အာရှနိုင်ငံအချင်းချင်းကိုပဲ။ အရင်နှစ်တွေကဆိုရင် Philippine လောက်ကိုပဲ အမတို့က အဓိကထားပြီးပြိုင်ရပေမယ့် နောက်ပိုင်းကျတော့ Vietnam တို့ဘာတို့လည်းပိုကောင်းလာတာပေါ့နော်။”

ဒီနှစ် Miss Universe ပြိုင်ပွဲ ရွေးချယ်မယ့် ဒိုင်လူကြီးတွေထဲမှာနာမည်ကျော်အနုပညာရှင်နဲ့အားကစားသမားတွေလည်းပါဝင်ပါတယ်။ ဟောလီးဝုဒ်ရုပ်ရှင်မင်းသမီး Niecy Nash၊ ၂၀၁၂ခုနှစ် ကမ္ဘာ့မယ်စကြာဝဠာသရဖူကိုဆွတ်ခူးခဲ့သူ Olivia Culpo၊ နာမည်ကျော် အမေရိကန်ဘောလုံးသမား Emmitt Smith နဲ့ နာမည်ကျော် အနုပညာသတင်းတွေကိုတင်ဆက်နေသူ Perez Hilton တို့ဖြစ်ပါတယ်။

XS
SM
MD
LG