သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မယ်ရွေးပွဲ နေရာရွှေ့လို့ အင်ဒိုနီးရှားအစိုးရ ဝေဖန်ခံရ


အင်ဒိုနီးရှားနိုင်ငံမှာ သဘောထား ပြင်းထန်သူ မူဆလင်တွေရဲ့ ဖိအားတွေကြောင့် မယ်ရွေးပွဲ အစီအစဉ်တခုလုံး ဘာလီကျွန်းကို ပြောင်းရွှေ့ပေးလိုက်ရတဲ့အတွက် စိတ်ပျက်မိတဲ့အကြောင်း အင်ဒိုနီးရှား ကမ္ဘာ့မယ်ရွေးပွဲကျင်းပရေးအဖွဲ့က ပြောဆိုလိုက်ပါတယ်။

အင်ဒိုနီးရှား အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်ကို လိုက်နာရုံကလွဲပြီး တခြားရွေးစရာလည်း မရှိတဲ့အတွက် ဟိန္ဒူဘာသာဝင် အများစုရှိရာ ဘာလီကျွန်းမှာ မယ်ရွေးပွဲတွေ ကျင်းပရမှာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့တာပါ။ သီတင်း ၃ ပတ်ကြာ မယ်ရွေးပွဲတွေ ဒီလဆန်းပိုင်းက ဘာလီကျွန်းမှာ စတင်ခဲ့တာဖြစ်ပေမဲ့ ဂျကာတာမြို့တော်အနီးမှာ အဆုံးသတ်ဖို့ မူလက စီစဉ်ထားတာ ဖြစ်ပါတယ်။

မူဆလင် အများစုရှိရာ အင်ဒိုနီးရှားနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ကိုက်ညီအောင် Bikini ရေကူးဝတ်စုံတွေ ၀တ်ဆင်ယှဉ်ပြိုင်မယ့် အစီအစဉ်ကိုလည်း ဘာလီရိုးရာ အ၀တ်အစားတွေနဲ့ အစားထိုးလိုက်ပြီ ဖြစ်တဲ့အကြောင်း မယ်ရွေးပွဲ ကျင်းပရေးအဖွဲ့က ပြောဆိုထားတာပါ။

ဒါပေမဲ့လည်း ကန့်ကွက်သူ မူဆလင်တွေကတော့ မယ်ရွေးပွဲတွေဟာ အစ္စလာမ်အယူဝါဒနဲ့ မကိုက်ညီဖူးဆိုပြီး လုံးဝဖျက်ပစ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ အင်ဒိုနီးရှားရဲတပ်ဖွဲ့ကတော့ မယ်ရွေးပွဲနောက်ဆုံးအဆင့် ပြိုင်ပွဲတွေ ဘာလီကျွန်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ရတာဟာ လုံခြုံရေးကြောင့်လို့ ပြောပါတယ်။
XS
SM
MD
LG