သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက်ကိုပါကြီး ပျောက်ဆုံးမှု တိုင်ချက်ဖွင့်

Setangkai bunga tulip merah menyembul di antara bunga-bunga warna kunning di taman kota London, Inggris.
1/6 Setangkai bunga tulip merah menyembul di antara bunga-bunga warna kunning di taman kota London, Inggris.
အသေးစိတ် ဖတ်ရှုရန် Show less
သတင်းထောက်ကိုပါကြီး ပျောက်ဆုံးမှု ဇနီးသည်မှ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်
2/6 သတင်းထောက်ကိုပါကြီး ပျောက်ဆုံးမှု ဇနီးသည်မှ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်
အသေးစိတ် ဖတ်ရှုရန် Show less
သတင်းထောက်ကိုပါကြီး ပျောက်ဆုံးမှု ဇနီးသည်မှ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်
3/6 သတင်းထောက်ကိုပါကြီး ပျောက်ဆုံးမှု ဇနီးသည်မှ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်
အသေးစိတ် ဖတ်ရှုရန် Show less
<p>ပြည်တွင်းထုတ် ဂျာနယ်တွေအတွက် နယ်စပ်သတင်းများကို ပေးပို့ခဲ့တဲ့ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး</p>
4/6

ပြည်တွင်းထုတ် ဂျာနယ်တွေအတွက် နယ်စပ်သတင်းများကို ပေးပို့ခဲ့တဲ့ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး

အသေးစိတ် ဖတ်ရှုရန် Show less
ဇနီးသည်မှ ရဲစခန်းမှာ လူပျောက်တိုက်ချက်ဖွင့်။
5/6 ဇနီးသည်မှ ရဲစခန်းမှာ လူပျောက်တိုက်ချက်ဖွင့်။
အသေးစိတ် ဖတ်ရှုရန် Show less
အလုပ်လုပ်ကိုင်စဉ် အထင်ကရခေါင်းဆောင်တချို့နဲ့ အမှတ်တရ။
6/6 အလုပ်လုပ်ကိုင်စဉ် အထင်ကရခေါင်းဆောင်တချို့နဲ့ အမှတ်တရ။
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော်နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေဖြစ်နေစဉ် သတင်းသွားရောက်ယူခဲ့တဲ့ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးကို မြန်မာစစ်တပ်က ဖမ်းဆီးထားပြီး မိသားစုနဲ့ တွေခွင့်မပေးတဲ့အတွက် ဥပဒေအရ လုပ်ဆောင်သွားမယ်ဆိုပြီး မိသားစုက သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြည်တွင်းထုတ် ဂျာနယ်တွေအတွက် နယ်စပ်သတင်းများကို ပေးပို့ခဲ့တဲ့ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးဟာ ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော်နဲ့ မြန်မာစစ်တပ်တို့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင်းမှာ တိုက်ပွဲတွေဖြစ်နေစဉ် မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာပါ။ ဖမ်းဆီးပြီးတဲ့နောက် မိသားစုက မြန်မာစစ်တပ်ဖြစ်တဲ့ ခလရ ၂၀၈ တပ်ရင်းမှာ သွားရောက်စုံစမ်းခဲ့ပေမဲ့ မိသားစုနဲ့ တွေ့ခွင့်မရခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်တဲ့ ဇနီးဖြစ်သူ မသန္တာက ဆိုပါတယ်။

“ကျိုက်မရောက ၂၀၈ တပ်ရင်းက တပ်ရေးဗိုလ်ကြီး ဗိုလ်ကြီးစန်းမင်းအောင်ထံ သွားစုံစမ်းတယ်။ သွားစုံစမ်းစဉ်မှာ မွန်အမျိုးသားပါတီက ဗဟိုအလုပ်အမှုဆောင် ၃ ဦးနဲ့အတူ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးကွန်ယက်က ဒေါ်နော်အုန်းလှတို့ ကျမကို ကူညီဖို့ လိုက်လာတယ်။ အားလုံး စုစုပေါင်း ၅ ယောက်သွားမေးတယ်။ မေးတဲ့အခါ ဗိုလ်ကြီးစန်းမင်းအောင်က ဘာပြောသလဲဆိုတော့ ဖမ်းစဉ်တုန်းက သူ ပါတာ ဟုတ်ပါတယ်တဲ့။ အခု ဘယ်မှာရှိတယ်ဆိုတာ မသိပါဘူးလို့ ကျမတို့ ၅ ယောက်ရှေ့မှာ ပြောတယ်။ ဖမ်းစဉ်တုန်းကလည်း နယ်လုံ ဝန်ကြီးကိုယ်တိုင်လည်း ပါတယ်တဲ့။ နယ်လုံဝန်ကြီးကိုလည်း မေးကြည့်ပါတဲ့။ နယ်လုံဝန်ကြီးက ငါ သိတာ ဒါအကုန်ပဲတဲ့။ ဒါထက်သိချင်ရင်တော့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို သွားရောက် စုံစမ်းပါတဲ့ ကျမတို့ကို ဆက်ပြောပါတယ်။ အဲ့ဒါနဲ့ ကျမတို့ ၅ ယောက်က အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို သွားတယ်။ ဗိုလ်ကြီးစန်းမင်းအောင် ကိုယ်တိုင်ကလည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို စုံစမ်းတာ အကောင်းဆုံးပဲလို့ သူကလည်း ထပ်ပြောတယ်။ ထပ်ပြောတော့ ကျမတို့ ၅ ယောက်လည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို သွားပြီး စုံစမ်းတော့ မနက်ဖြန်မနက် ၈ နာရီကျမှ လာပါတဲ့။ ကျမတို့ စစ်ဆင်ရေး G-1 နဲ့ တွေ့ချင်ပါတယ်ပေါ့။ အကြီးဆုံးက ဘယ်သူလဲဆိုတော့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ စစ်ဆင်ရေး G-1 က အကြီးဆုံးပါတဲ့။ အဲ့ဒါနဲ့ ကျမတို့လည်း စစ်ဆင်ရေး G-1 နဲ့ တွေ့ချင်ပါတယ်လို့ပြောတော့ မနက်ဖြန်ခါ ၂၀ ပေါ့နော် ၈ နာရီကို လာခဲ့ပါဆိုလို့ ၂၀ ရက်နေ့ ၈ နာရီကို ထပ်သွားတဲ့အခါကျတော့ တွေ့ခွင့်မရဘူး။ အဲ့လိုမျိုးဆိုတော့ ကျမတို့မှာ ကျိုက်မရောမှာ လူပျောက် ဥပဒေအရ လူပျောက်မှုဖွင့်ခဲ့ပါတယ်။”

ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် သုံးရောင်းခြယ်လူငယ်အဖြစ် တာဝန်ယူခဲ့ဖူးသလို နိုင်ငံရေးတက်ကြွတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတဦး ဖြစ်ပါတယ်။ ဇနီးဖြစ်သူ ထိန်းသိမ်းခံရပြီးတဲ့နောက် သမီးဖြစ်သူနဲ့အတူ ထိုင်း-မြန်မာနယ်စပ်ကို တိမ်းရှောင်လာသူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ပြည်တွင်းထုတ်ဂျာနယ်တွေမှာ အောင်ကြီးဆိုတဲ့ နာမည်နဲ့ သတင်းများ ပေးပို့ခဲ့တယ်လို့ မိသားစုက ဆိုပါတယ်။

ကိုပါကြီးဖမ်းဆီးခံရပြီး ပျောက်ဆုံးနေမှုဟာ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးတာဖြစ်ကြောင်း အပြစ်ရှိတယ်ဆိုရင် တရားဥပဒေအတိုင်း စီရင်ဖို့လိုအပ်ကြောင်းတွေကို ဇနီးဖြစ်သူက ပြောဆိုခဲ့ပါတယ်။

“တကယ်ဆိုရင် ကျမတို့နိုင်ငံရဲ့ ဥပဒေအရဆိုရင် ဖမ်းတယ်၊ အပြစ်ရှိတယ်ဆိုလို့ရှိရင်လည်း ယမန်ယူ၊ အချုပ်ကြီးထား၊ ပြီးရင် တရားရုံးတင်။ ကျမတို့ကလည်း ဥပဒေအရရင်ဆိုင်။ ဒါဟာ လုပ်ထုံးလုပ်နည်းပဲ။ နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံနေရတာက အဓိက။ အခုက သူက ကျိုက်မရောမှာ ကာဖြူးထုတ်တာလည်း မဟုတ်ဘူး။ စစ်အုပ်ချုပ်ရေး ထုတ်ထားတာမျိုးလည်း မဟုတ်ဘဲနဲ့ ဒီလိုမျိုး ဥပဒေမဲ့ လုပ်တယ်ဆိုတော့ ကျမအနေနဲ့ ဆက်လက်ပြီး အခုလောလောဆယ်မှာ လူပျောက်တိုင်ထားတယ်။ ကျမအမျိုးသား ခင်ပွန်းသည်ကို မတရားဖမ်းဆီးချုပ်နှောင်မှုတွေနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်တဲ့သူတွေကို ကျမဆက်ပြီးတော့ တရားစွဲသွားမှာ။”

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းတုန်းက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင်းမှာ မြန်မာစစ်တပ်နဲ့ ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော်တို့ တိုက်ပွဲတွေဖြစ်နေစဉ်မှာပဲ ကိုပါကြီးဟာ ကျိုက်မရောမြို့ပေါ်ကို ပြန်သွားကြောင်း DKBA ကတော့ အတည်ပြုပြောကြားပါတယ်။ နောက်ပိုင်းမှာတော့ သူ့ကို အဆက်အသွယ် မရတော့ဘူးလို့ ဆိုပါတယ်။ မိသားစုနဲ့ စက်တင်ဘာလ ၂၂ ရက်နေ့က နောက်ဆုံးအဆက်အသွယ် ရခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့တာဖြစ်ကြောင်း မိသားစုကတော့ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG