ပျောက်ဆုံးနေဆဲ ခရီးသည် ၂၃၉ ဦးပါ မလေးရှားလေကြောင်းလိုင်းက ဂျက်လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာထဲကို ပျက်ကျသွား ဖွယ်ရှိတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်ခရီးစဉ် အမှတ် ၃၇၀ ဟာ လွန်ခဲ့တဲ့သီတင်းတစ်ပတ်က ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ဘာဖြစ်ခဲ့တယ်ဆိုတာအပေါ် ခိုင်မာ တဲ့အထောက်အထားကို စုံစမ်းစစ်ဆေးသူတွေ ခုထိ မတွေ့သေးပါဘူး။
ခန့်မှန်းသုံးသပ်ချက်တွေထဲမှာတော့ ပြန်ပေးဆွဲခံရတာ၊ စက်ပိုင်းဆိုင်ရာ ဆိုးရွားတဲ့ချို့ယွင်းချက်ကြောင့် စတာတွေပါဝင်ပါတယ်။ လေယာဉ်ဟာ သူ့ရဲ့ မူရင်းလမ်းကြောင်းကနေ အနောက်ဘက်စွန်းစွန်း အိန္ဒိယ သမုဒ္ဒရာထဲမှာရှိနေတယ်ဆိုတဲ့ အရိပ်လက္ခဏာ တွေ ရထားတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက အမေရိကန် ရုပ်သံလွှင့်ဌာနတွေကို ပြောနေတာပါ။
သူ့အဆိုအားဖြင့် သတင်းအချက်အလက်အသစ်တွေ ရလာတာကြောင့် လေယာဉ်ပျောက် ရှာဖွေရေးကို အိန္ဒိယသမုဒ္ဒရာမှာ အမေရိကန်က တိုးချဲ့လုပ်ဆောင်သွားဖွယ်ရှိတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ ဂျေး ကာရ်နီ (Jay Carney) ကပြောပါတယ်။
အသေးစိတ်ကိုတော့ သူကမပြောပါဘူး။
အိန္ဒိယသမုဒ္ဒရာအထိ ရှာဖွေရေးလုပ်ငန်းကို တိုးချဲ့ဖို့ အတိအကျပြောမထားတဲ့ အခြေအနေတွေက တွန်းပို့ခဲ့တယ်လို့ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး ဟီရှမ်မူဒင်န် ဟူစိန် (Hishammuddin Hussein) က သောကြာနေ့မှာ ပြောပါတယ်။ ဒါ့အပြင် တောင်တရုတ် ပင်လယ်ထဲက ဝေးလံခေါင်သီတဲ့နေရာမှာလည်း တိုးချဲ့ရှာဖွေနေတယ်လို့ သူကပြောပါတယ်။
ကပ္ပလီကျွန်းနဲ့ နီကိုဘာကျွန်းတွေပေါ်ကနေပြီးတော့ အိန္ဒိယစစ်ဘက်လေယာဉ်တွေက ရှာဖွေနေပါတယ်။ အဲဒီဒေသဟာ အများ အားဖြင့် လူမနေတဲ့၊ သစ်တောထူထပ်တဲ့ ကျွန်းပေါင်း ၅၀၀ ကျော်ရှိတဲ့နေရာပါ။ အိန္ဒိယသမုဒ္ဒရာတွင်း ရှာဖွေရေးလုပ်ငန်းမှာ မြန်မာနိုင်ငံကလည်း ပါဝင်ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။