သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားလေယာဉ် ရှာဖွေရေးနယ်ပယ်တိုးချဲ့


မလေးရှားလေကြောင်းလိုင်းမှာ ပါသွားတဲ့ခရီးသည်တွေရဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေက မလေးရှားအစိုးရကို တိုက်ရိုက်ဆက်သွယ်စကားပြောဖို့ ကိုယ်စားလှယ်ရွေးချယ်နေစဉ်။ (မတ်လ ၁၇၊ ၂၀၁၄)
မလေးရှားလေကြောင်းလိုင်းမှာ ပါသွားတဲ့ခရီးသည်တွေရဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေက မလေးရှားအစိုးရကို တိုက်ရိုက်ဆက်သွယ်စကားပြောဖို့ ကိုယ်စားလှယ်ရွေးချယ်နေစဉ်။ (မတ်လ ၁၇၊ ၂၀၁၄)
ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင် ခရီးသည်တင်လေယာဉ် တမင်တကာ လမ်းကြောင်းပြောင်းသွားတယ်လို့ ယူဆရတဲ့ တောင်နဲ့မြောက် လမ်းကြောင်းတလျှောက် ရှာဖွေရေးတွေ စတင်လုပ်ဆောင်နေပြီလို့ မလေးရှားအစိုးရက ဒီကနေ့ တနင်္လာနေ့မှာပဲ ပြောသွားပါတယ်။ ဒီရှာဖွေရေးမှာ ရေပြင်နဲ့ နိုင်ငံ ၁၁ နိုင်ငံက ကုန်းမြေပါ ထည့်သွင်းပြီး နိုင်ငံပေါင်း ၂၆ နိုင်ငံက ပါဝင်တယ်လို့ ကာကွယ်ရေးဝန်ကြီး Hisha mmuddin Hussein က ပြောပါတယ်။

ရှာဖွေနယ်မြေက စတုရန်းမိုင်သန်းပေါင်းများစွာကျယ်ဝန်းတာပါ။ မတ်လ ၈ ရက်နေ့မှာ ရေဒါကနေ ပျောက်ဆုံးသွားပြီးတဲ့နောက် Boeing 777 လေယာဉ်ဟာ မြောက်ဖက်ကို ဦးတည်ပြီး အာရှတိုက် အလယ်ပိုင်းဘက် ဒါမှမဟုတ် ကျယ်ပြောလှတဲ့ အိန္ဒိယသမုဒ္ဒရာဘက် - တောင်ဘက်အရပ်ကို ပျံသန်းသွားတယ်လို့ စုံစမ်းရေးမှူးတွေက ယူဆပါတယ်။
ပျောက်ဆုံးလေယာဉ်ပေါ်လိုက်ပါသွားတဲ့ ခရီးသည်တွေအတွက်မျှော်လင့်ချက်ဆုတောင်း လက်မှတ်ထိုးတဲ့လှုပ်ရှားမှုမှာ ပါဝင်လက်မှတ်ရေးထိုးနေကြတဲ့ ကလေးငယ်တွေ
ပျောက်ဆုံးလေယာဉ်ပေါ်လိုက်ပါသွားတဲ့ ခရီးသည်တွေအတွက်မျှော်လင့်ချက်ဆုတောင်း လက်မှတ်ထိုးတဲ့လှုပ်ရှားမှုမှာ ပါဝင်လက်မှတ်ရေးထိုးနေကြတဲ့ ကလေးငယ်တွေ

ဒီကနေ့မှာတော့ မလေးရှား ဝန်ကြီးချုပ် Najib Razak ရဲ့တောင်းဆိုမှုနဲ့ တောင်ဘက်အခြမ်းက ရှာဖွေရေးတွေကို ဦးဆောင်လုပ်ပေးဖို့ Australia က သဘောတူလိုက်ပါတယ်။ အစောပိုင်းတုန်းကတော့ Australia ဝန်ကြီးချုပ် Tony Abbot က လူ ၂၃၉ ဦးလိုက်ပါလာတဲ့ မလေးရှားလေကြောင်းပိုင် ခရီးသည်တင်လေယာဉ် Australia လေပိုင်နက်နားရောက်ရှိတဲ့ပုံ မတွေ့ရဘူးလို့ ပြောထားတာပါ။
XS
SM
MD
LG