သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား ငါးဖမ်းသင်္ဘောနစ်မြုပ် လူ ၅၀ ကျော် ပျောက်ဆုံး


တောင်ကိုးရီးယားငါးဖမ်းသင်္ဘောနစ်မြုပ် လူ ၅၀ ကျော်ပျောက်ဆုံး
တောင်ကိုးရီးယားငါးဖမ်းသင်္ဘောနစ်မြုပ် လူ ၅၀ ကျော်ပျောက်ဆုံး

သဘောၤအမှုထမ်း (၆၀) လိုက်ပါလာတဲ့ တောင်ကိုရီးယားငါးဖမ်းသင်္ဘောဟာ ရုရှားအရှေ့ဖက် ကမ်းလွန် Bering ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့ပြီး လူတဦး သေဆုံး (၅၂) ဦး ပျောက်ဆုံးဆဲဖြစ်ပါတယ်။ အဲဒီပင်လယ်ပြင်တဝိုက်မှာ တခြားသင်္ဘောတွေက ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်နေပေမယ့်လေပြင်းပြီး လှိုင်းကြီးတဲ့ဆိုးရွားလှတဲ့ရာသီဥတုကြောင့် ကယ်ဆယ်ရေးလုပ်ငန်း ကြန့်ကြာခဲ့ရပါတယ်။

ငါးဖမ်းသဘောၤအနေနဲ့ ပထမအခက်အခဲကြုံခဲ့ရပြီး (၃) နာရီကျော်ကြာမှသာ ကယ်ဆယ်ရေးပထမအသုတ် ရောက်ရှိခဲ့ပါတယ်။ သဘောၤအမှုထမ်း (၇) ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။ (၄) ဦးဟာ အသက်ကယ်လှေပေါ်မှာရှိနေပြီး ကျန် အမှုထမ်းတွေကတော့ မျောနေတဲ့ အပိုင်းအစတွေကို ဖက်တွယ်ထားကြရတယ်လို့ ဆိုပါတယ်။

သင်္ဘောအမှုထမ်းတွေနဲ့ အင်ဒီနီးရှားလူမျိုး (၃၅) ဦး၊ ဖိလစ်ပိုင် (၁၃) ဦး၊ တောင်ကိုရီးယားနိုင်ငံသား (၁၁) ဦးနဲ့ ရုရှား စစ်ဆေးရေးမှူးတဦး ပါဝင်ပါတယ်။ ကယ်ဆယ်ခံခဲ့ရသူ (၇) ဦးအနက် ကိုရီးယားတဦးမှ မပါဝင်ပါဘူး။ လှိုင်းထန်မှုကြောင့် သင်္ဘောတဖက်ကို တိမ်းလာတဲ့အတွက် အမှုထမ်းတွေက သဘောၤကို စွန့်ပစ်ခဲ့ရတယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။

Oryong 501 ငါးဖမ်းသင်္ဘောဟာ (၃၆) နှစ် သက်တမ်းရှိပြီး တောင်ကိုရီးယား ဆာဂျိုး ငါးဖမ်းသင်္ဘောကုမ္ပဏီပိုင်ဖြစ်ပါတယ်။

XS
SM
MD
LG