သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နိုင်ငံ Ferguson မြို့ ကာဖျူးထုတ်


မဇ္ဇူရီ ပြည်နယ်၊ Ferguson မြို့မှာ ဆန္ဒပြသူတွေကို အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့က ရှင်းလင်းနေစဉ်။ (သြဂုတ် ၁၃၊ ၂၀၁၄)
မဇ္ဇူရီ ပြည်နယ်၊ Ferguson မြို့မှာ ဆန္ဒပြသူတွေကို အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့က ရှင်းလင်းနေစဉ်။ (သြဂုတ် ၁၃၊ ၂၀၁၄)

အမေရိကန်ပြည်ထောင်စု Missouri ပြည်နယ် အုပ်ချုပ်ရေးမှူး Jay Nixon က St. Louis မြို့နယ် စီရင်စုထဲက Ferguson မြို့မှာအရေးပေါ် အခြေအနေ ကြေညာလိုက်ပြီး
ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။

ရဲရဲ့ ပစ်ခတ်မှုကြောင့် African American ဆယ်ကျော်သက်တယောက် August လ ၉ ရက်နေ့ကသေဆုံးခဲ့ပြီးနောက် ဆန္ဒပြ ဆူပူ လုယက်မှုတွေ သောကြာနေ့ ညအထိ ဆက်လက်ဖြစ်နေတဲ့အတွက် ခုလို အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့တာပါ။

ခုလိုအရေးပေါ် အခြေအနေထုတ်ပြန်ရတာဟာ ဆန္ဒပြသူတွေရဲ့ အသံတိတ်သွားအောင်လုပ်တာမဟုတ်ဘဲ လူမှုအသိုင်းအဝိုင်းအတွက် အန္တရာယ်ရှိတဲ့
လက်တဆုတ်စာ လုယက်သူတွေကို ထိန်းသိမ်းနိုင်ဖို့ဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Nixon က စနေနေ့က ပြောကြားခဲ့ပါတယ်။
ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုပေါ်ပေါက်ရေးအတွက် အသေအချာလုပ်သွားဖို့လည်း သူက အာမခံခဲ့ပါတယ်။ သောကြာနေ့တုန်းက ဆိုင်တွေကို ဖျက်ဆီးလုယက်ကြတဲ့ သူတွေကို တားနိုင်ဖို့ကြိုးစားခဲ့တဲ့ ပြည်သူတွေကိုလညါး အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်ခဲ့ပါတယ်။

ရဲရဲ့ ပစ်ခတ်မှုကြောင့် ၁၈ နှစ်အရွယ် Michael Brown မသေဆုံးခင် သူဟာ ကုန်စုံဆိုင်လေးတခုမှာ လုယက်ပြီး ဆိုင်ဝန်ထမ်းကို ခြိမ်းခြောက်နေပုံရတဲ့ Video အပါအဝင် သေဆုံးမှုအစီရင်ခံစာကို Ferguson ရဲတပ်ဖွဲ့က သောကြာနေ့က ထုတ်ပြန်ခဲ့ပြီးနောက်မှာ အကြမ်းဖက်မှုတွေ ထပ်ဖြစ်ခဲ့တာပါ။ အခင်းဖြစ်ခဲ့တဲ့ကုန်စံဆိုင်နားမှာ သောကြာနေ့က လူတွေ စုဝေးခဲ့ပြီး အဲဒီထဲက တချို့က ဆိုင်တော်တော်များများကို ဖျက်ဆီးလုယက်ခဲ့ကြပါတယ်။ ဒါကို ဆန္ဒပြနေသူတွေက တားဆီးဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ပြဿနာဖြစ်တဲ့နေရာကို ရောက်လာတဲ့ အဓိကရုဏ်းနှိမ်နှင်းရေး ရဲတွေကို ဆန္ဒပြသူတချို့က ပုလင်းတွေ တခြားအရာတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

ဖာဂူဆန်မြို့ အဓိကရုဏ်းသတင်းဓာတ်ပုံများ။

XS
SM
MD
LG