သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ferguson ပြဿနာ ရဲအရာရှိ Wilson နုတ်ထွက်


香港支联会举行年度爱国民主大游行(美国之音海彦拍摄)
香港支联会举行年度爱国民主大游行(美国之音海彦拍摄)

အမေရိကန်နိုင်ငံ အလယ်ပိုင်းမစ်ဇူရီ (Missouri) ပြည်နယ် ဖာဂူဆန် (Ferguson) မြို့မှာ ရဲအရာရှိတစ်ယောက်ရဲ့ ပစ်ခတ်မှုကြောင့် လက်နက်မဲ့ အာဖရိကန်အမေရိကန် ဆယ်ကျော်သက်တစ်ယောက် သေဆုံးသွားခဲ့တာကနေစလို့ လမ်းပေါ်ဆန္ဒပြပွဲနဲ့ ပဋိပက္ခတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အခုနောက်ဆုံးတော့ သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ လူဖြူ ရဲအရာရှိ ရာထူးကနုတ်ထွက်လိုက်ပါတယ်။

Ferguson ရဲဌာနကနေ ရဲအရာရှိ Darren Wilson နုတ်ထွက်စာတင်လိုက်တဲ့ကိစ္စ ချက်ချင်း အသက်ဝင်မှုရှိတယ်လို့ သူ့ရှေ့နေက စနေနေ့က ကြေညာခဲ့ပါတယ်။

St Louis မြို့နယ် Ferguson မြို့မှာ သြဂုတ်လတုန်းက အသက် ၁၈ နှစ်အရွယ် Michael Brown ကို ပစ်ခတ်သတ်ဖြတ်မှုဖြစ်ခဲ့ချိန်ကစပြီး Darren Wilson အလုပ်က ခွင့်ယူထားခဲ့ပါတယ်။ ရဲအရာရှိ Wilson ရာထူးက ထွက်သင့်တယ်လို့ မြို့ခံတစ်ချို့က သတင်းဌာနတွေကို ပြောဆိုကြပါတယ်။ St Louis မြို့နယ် သတင်းစာတစ်စောင်ကတော့ Wilson ရဲ့ နုတ်ထွက် စာကို ဖော်ပြထားပါတယ်။

သူရာထူးကမထွက်ဘဲ ဆက်ပြီး အမှုထမ်းနေမယ်ဆိုရင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ Ferguson မြို့ခံတွေအတွက် ဆက်ပြီး အန္တရာယ်ရှိနေနိုင်တာကြောင့် ရာထူးကထွက်ပေးဖို့ သူ့ကို ပြောတယ်လို့ Darren Wilson က ပြောပါတယ်။ သူအလုပ်ထွက်လိုက်တဲ့အတွက် Ferguson မြို့ခံတွေကို အတော်အသင့် စိတ်သက်သာရာရစေလိမ့်မယ်လို့ မျော်လင့်ကြောင်းလည်း Darren Wilson က ပြောပါတယ်။

ဒီအတောအတွင်း Wilson ရဲ့ပစ်ခတ်မှုနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ အရေးယူမှုမရှိခဲ့တဲ့ တနင်္လာနေ့က တရားရုံးရဲ့အမိန့်ချမှတ်ချက်ကြောင့် မနေ့က ဆန္ဒပြပွဲတွေ ဆက်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတရားရုံး ဆုံးဖြတ်ချက်ကိုမကျေနပ်လို့ ဝါရှင်တန်ဒီစီမြို့က Georgetown မှာလည်း စနေနေ့က ရာနဲ့ချီတဲ့လူထုက ဆန္ဒုပြချီတက်ပွဲ ဆင်နွဲခဲ့ကြပါတယ်။

XS
SM
MD
LG