သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးထောက်ခံသူ အထက်လွှတ်တော်အမတ် McConnell ပြန်ရွေးချယ်ခံရ


အမေရိကန် အထက်လွှတ်တော် လူနည်းစုအမတ်ခေါင်းဆောင် Mitch McConnell ဟာ Kentucky ပြည်နယ်ကနေ ပြန်လည် ရွေးချယ်တင်မြှောက်ခံရပါတယ်။ တချိန်တည်းမှာပဲ တောင်ပိုင်း South Carolina ပြည်နယ်မှာ ရီပတ်ပလစ်ကန်ပါတီက အမတ်နေရာ ၂ နေရာ အနိုင်ရသွားပါတယ်။

Mitch McConnell ဟာ ပြိုင်ဘက် ဒီမိုကရက်ပါတီအမတ် Alison Lundergan Grimes ကို အလွယ်တကူ အနိုင်ရရှိသွားတာ ဖြစ်တယ်လို့ US Television Network က ကြေညာပါတယ်။ အထက်လွှတ်တော်မှာ ရီပတ်ပလစ်ကန်ပါတီက အနိုင်ရခဲ့မယ်ဆိုရင် Mr. McConnell ဟာ အမတ်အများစုရဲ့ ခေါင်းဆောင် ဖြစ်လာဖို့ ရှိပါတယ်။

Mitch McConnell ဟာ မြန်မာနိုင်ငံအပေါ် ဒီမိုကရေစီ ရရှိရေးအတွက် ထောက်ခံအားပေးခဲ့သူဖြစ်ပြီး၊ စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်တဲ့နေရာမှာ ဦးဆောင်ခဲ့တဲ့ လွှတ်တော်ခေါင်းဆောင်တွေအနက် တဦးအပါအဝင် ဖြစ်ပါတယ်။

သူဟာ ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့ပြီး၊ မကြာခင်ကလည်း မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် Mitch McConnell က တိုက်တွန်းခဲ့ပါသေးတယ်။

XS
SM
MD
LG