သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယ၊ မီဇိုရမ္ျပည္နယ္ေရာက္ျမန္မာဒုကၡသည္အမ်ားစုကို ကိုဗစ္ကာကြယ္ေဆး ထိုးေပးေန


ျမန္မာနဲ႔နယ္ခ်င္းကပ္ အိႏၵိယအေရွ႕ေျမာက္ပိုင္း မီဇိုရမ္ျပည္နယ္။

Zawgyi/Unicode

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း အိႏၵိယနယ္စပ္ မီဇိုရမ္ျပည္နယ္ထဲ ထြက္ေျပးတိမ္းေရွာင္ သြားတဲ့ ျမန္မာဒုကၡသည္ အမ်ားစုကို ျပည္နယ္အစိုးရ အစီအစဥ္နဲ႔ ကိုဗစ္ကာကြယ္ေဆး ထိုးႏွံေပးထားေၾကာင္း မီဇိုရမ္အေျခစိုက္ ခ်င္းအရပ္ဘက္အဖြဲ႔အစည္းေတြက ဗြီအိုေအကို ေျပာပါတယ္။ ရန္ကုန္ၿမိဳ႕က ေပးပို႔တဲ့ ဒီသတင္းကိုကိုရန္ႏိုင္က တင္ျပေပးထားပါတယ္။

ကိုဗစ္ကူးစက္မႈေတြေၾကာင့္ ျမန္မာနယ္စပ္ကို အိႏၵိယအစိုးရဘက္က လုံၿခဳံေရးတင္းတင္းက်ပ္က်ပ္ လုပ္ေဆာင္ထားေပမဲ့ ျမန္မာျပည္ကေန အိႏၵိယ မီဇိုရမ္ဘက္ခိုလႈံဖို႔ ေရာက္ရွိလာသူေတြ ဆက္တိုက္ရွိေနပါတယ္။ အေစာပိုင္းကတည္းက ေရာက္ရွိေနတဲ့ မီဇိုရမ္ထဲက ျမန္မာဒုကၡသည္ေတြကို ျပည္နယ္အစိုးရအစီအစဥ္နဲ႔ ကိုဗစ္ေရာဂါ ကာကြယ္ေဆးထိုးႏွံ႔ေပးေနတာပါ။ အၾကမ္းဖ်င္းသိထားရသေလာက္ ျမန္မာဒုကၡသည္ အားလုံးနီးပါးကို ကာကြယ္ေဆး ထိုးႏွံေပးထားၿပီလို႔ မီဇိုရမ္အေျခစိုက္ ျမန္မာဒုကၡသည္ ကူညီကယ္ဆယ္ေရး ေကာ္မတီရဲ ဒုဥကၠ႒ Pu. Sawm Than Ga က ဗြီအိုေအကို ေျပာပါတယ္။

“အခုကေတာ့ မီဇိုရမ္မွာ ၂၀,၀၀၀၊ ၂ ေသာင္းေက်ာ္ေက်ာ္ေတာ့ ရွိမယ္ထင္တယ္ေနာ္၊ ကာကြယ္ေဆးကေတာ့ မေန႔က အကုန္လုံး ထိုးၿပီးၿပီ။ က်ေနာ္တို႔ Aizawl ( အိုင္ေဇာ) က သူေတြက ေနာက္ဆုံးမွာထိုးတာ မေန႔က။ အကုန္လုံး ထိုးၿပီးၾကၿပီေနာ့။”

မီဇိုရမ္ျပည္နယ္ထဲမွာ ျမန္မာဒုကၡသည္ ဘယ္ေလာက္ရွိေနၿပီလဲဆိုတာ အတိအက် မေျပာႏိုင္ေသးပါဘူး။ ေဖေဖာ္ဝါရီ ၁ ရက္၊ ျမန္မာျပည္မွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ တိမ္းေရွာင္ခဲ့သူက ၃၀,၀၀၀ ေလာက္ရွိေၾကာင္း ျပည္နယ္အစိုးရရဲ႕ စာရင္းကိုကိုးကားၿပီး မီဇိုရမ္အေျခစိုက္ ခ်င္းလူ႔အခြင့္အေရအဖြဲ႕ CHRO ရဲ႕ ဒုတိယအမႈေဆာင္ ၫႊန္ၾကားေရးမႉး ဆလိုင္းဇာအုပ္က ေျပာပါတယ္။ တရားဝင္စာရင္းအရ ျမန္မာဒုကၡသည္ ဘယ္ေလာက္အေရအတြက္ကို ကိုဗစ္ကာကြယ္ေဆး ထိုးေပးတယ္ဆိုတာ မေျပာႏိုင္ေပမဲ့ ျပည္နယ္အစိုးရရဲ႕ အစီအစဥ္မွာေတာ့ ပါဝင္ေၾကာင္း သူက ဗြီအိုေအကို ေျပာခဲ့တာပါ။

“သူတို႔ ဒီၿမိဳ႕ေတြ ႐ြာေတြမွာ ဝင္ေရာက္လာတဲ့သူတိုင္းကို႔ ေဆးထိုးေပးဖို႔ေတာ့ သူတို႔စီစဥ္ထားတာရွိတယ္။ သူတို႔ ကာကြယ္ေဆး လုံေလာက္မႈအေပၚမွာလည္း မူတည္တာကိုး။ ဦးစားေပးထိုးတာကေတာ့ သူတို႔မီဇိုရမ္ ျပည္သူ၊ ျပည္သားေတြကို ဦးစားေပးၿပီးထိုးတယ္။ ၿပီးေတာ့ သူတို႔လုံေလာက္မႈ ရွိလို႔ရွိရင္ ရပ္ကြက္အလိုက္ အဲဒါကိုသူတို႔ အသစ္ေရာက္လာတဲ့သူ ခိုလႈံဖို႔ေရာက္လာတဲ့ သူေတြကို သူတို႔ ထိုးေပးေလ့ရွိတယ္။”

မီဇိုရမ္ျပည္နယ္က တခ်ိဳ႕ေဒသေတြကို ကိုဗစ္ကာကြယ္ဖို႔ lockdown ခ်ထားသလို ျမန္မာ-အိႏၵိယ နယ္စပ္ကလည္း မိုးတြင္းကာလ ရာသီဥတုဆိုးတဲ့အတြက္ အခုေနာက္ပိုင္း ခိုလႈံဖို႔ ထြက္ေျပးလာသူေတြ အတြက္ေတာ့ လမ္းခရီးမွာ အခက္အခဲရွိပါတယ္။

မီဇိုရမ္ျပည္နယ္ထဲမွာ ျပန္ဖြင့္လိုက္တဲ့ တခ်ိဳ႕ေက်ာင္းေတြမွာ ျမန္မာဒုကၡသည္ေတြရဲ႕ ကေလးေတြ ေက်ာင္းတက္ႏိုင္ဖို႔လည္း အရပ္ဘက္အဖြဲ႔ေတြက ကူညီေနပါတယ္။ ေဒသအေျခစိုက္ Zonet သတင္းအရေတာ့ ႏွစ္ႏိုင္ငံ နယ္စပ္က ေက်ာင္းေတြမွာ ျမန္မာကေလး ၁၇၀ ေက်ာ္ ေက်ာင္းတက္ေနၿပီလို႔ ေရးသားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


=========

Unicode

အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်ရောက်မြန်မာဒုက္ခသည်အများစုကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးတိမ်းရှောင် သွားတဲ့ မြန်မာဒုက္ခသည် အများစုကို ပြည်နယ်အစိုးရ အစီအစဉ်နဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးထားကြောင်း မီဇိုရမ်အခြေစိုက် ချင်းအရပ်ဘက်အဖွဲ့အစည်းတွေက ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်မြို့က ပေးပို့တဲ့ ဒီသတင်းကိုကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ကိုဗစ်ကူးစက်မှုတွေကြောင့် မြန်မာနယ်စပ်ကို အိန္ဒိယအစိုးရဘက်က လုံခြုံရေးတင်းတင်းကျပ်ကျပ် လုပ်ဆောင်ထားပေမဲ့ မြန်မာပြည်ကနေ အိန္ဒိယ မီဇိုရမ်ဘက်ခိုလှုံဖို့ ရောက်ရှိလာသူတွေ ဆက်တိုက်ရှိနေပါတယ်။ အစောပိုင်းကတည်းက ရောက်ရှိနေတဲ့ မီဇိုရမ်ထဲက မြန်မာဒုက္ခသည်တွေကို ပြည်နယ်အစိုးရအစီအစဉ်နဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံ့ပေးနေတာပါ။ အကြမ်းဖျင်းသိထားရသလောက် မြန်မာဒုက္ခသည် အားလုံးနီးပါးကို ကာကွယ်ဆေး ထိုးနှံပေးထားပြီလို့ မီဇိုရမ်အခြေစိုက် မြန်မာဒုက္ခသည် ကူညီကယ်ဆယ်ရေး ကော်မတီရဲ ဒုဥက္ကဋ္ဌ Pu. Sawm Than Ga က ဗွီအိုအေကို ပြောပါတယ်။

“အခုကတော့ မီဇိုရမ်မှာ ၂၀,၀၀၀၊ ၂ သောင်းကျော်ကျော်တော့ ရှိမယ်ထင်တယ်နော်၊ ကာကွယ်ဆေးကတော့ မနေ့က အကုန်လုံး ထိုးပြီးပြီ။ ကျနော်တို့ Aizawl ( အိုင်ဇော) က သူတွေက နောက်ဆုံးမှာထိုးတာ မနေ့က။ အကုန်လုံး ထိုးပြီးကြပြီနော့။”

မီဇိုရမ်ပြည်နယ်ထဲမှာ မြန်မာဒုက္ခသည် ဘယ်လောက်ရှိနေပြီလဲဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။ ဖေဖော်ဝါရီ ၁ ရက်၊ မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တိမ်းရှောင်ခဲ့သူက ၃၀,၀၀၀ လောက်ရှိကြောင်း ပြည်နယ်အစိုးရရဲ့ စာရင်းကိုကိုးကားပြီး မီဇိုရမ်အခြေစိုက် ချင်းလူ့အခွင့်အရေအဖွဲ့ CHRO ရဲ့ ဒုတိယအမှုဆောင် ညွှန်ကြားရေးမှူး ဆလိုင်းဇာအုပ်က ပြောပါတယ်။ တရားဝင်စာရင်းအရ မြန်မာဒုက္ခသည် ဘယ်လောက်အရေအတွက်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးတယ်ဆိုတာ မပြောနိုင်ပေမဲ့ ပြည်နယ်အစိုးရရဲ့ အစီအစဉ်မှာတော့ ပါဝင်ကြောင်း သူက ဗွီအိုအေကို ပြောခဲ့တာပါ။

“သူတို့ ဒီမြို့တွေ ရွာတွေမှာ ဝင်ရောက်လာတဲ့သူတိုင်းကို့ ဆေးထိုးပေးဖို့တော့ သူတို့စီစဉ်ထားတာရှိတယ်။ သူတို့ ကာကွယ်ဆေး လုံလောက်မှုအပေါ်မှာလည်း မူတည်တာကိုး။ ဦးစားပေးထိုးတာကတော့ သူတို့မီဇိုရမ် ပြည်သူ၊ ပြည်သားတွေကို ဦးစားပေးပြီးထိုးတယ်။ ပြီးတော့ သူတို့လုံလောက်မှု ရှိလို့ရှိရင် ရပ်ကွက်အလိုက် အဲဒါကိုသူတို့ အသစ်ရောက်လာတဲ့သူ ခိုလှုံဖို့ရောက်လာတဲ့ သူတွေကို သူတို့ ထိုးပေးလေ့ရှိတယ်။”

မီဇိုရမ်ပြည်နယ်က တချို့ဒေသတွေကို ကိုဗစ်ကာကွယ်ဖို့ lockdown ချထားသလို မြန်မာ-အိန္ဒိယ နယ်စပ်ကလည်း မိုးတွင်းကာလ ရာသီဥတုဆိုးတဲ့အတွက် အခုနောက်ပိုင်း ခိုလှုံဖို့ ထွက်ပြေးလာသူတွေ အတွက်တော့ လမ်းခရီးမှာ အခက်အခဲရှိပါတယ်။

မီဇိုရမ်ပြည်နယ်ထဲမှာ ပြန်ဖွင့်လိုက်တဲ့ တချို့ကျောင်းတွေမှာ မြန်မာဒုက္ခသည်တွေရဲ့ ကလေးတွေ ကျောင်းတက်နိုင်ဖို့လည်း အရပ်ဘက်အဖွဲ့တွေက ကူညီနေပါတယ်။ ဒေသအခြေစိုက် Zonet သတင်းအရတော့ နှစ်နိုင်ငံ နယ်စပ်က ကျောင်းတွေမှာ မြန်မာကလေး ၁၇၀ ကျော် ကျောင်းတက်နေပြီလို့ ရေးသားထားပါတယ်။

#ကိုဗစ်ကာကွယ်ဆေး#မီဇိုရမ်#ချင်းဒုက္ခသည်#Aizawl#ChinRefugee#MilitaryCoup#Mizoram#India#CHRO

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG