သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောင်လအန်ဆန် MMA One Championship အနိုင်ရ

AUNG LA N SANG - ONE Championship
AUNG LA N SANG - ONE Championship

အမေရိကန်ပြည်ထောင်စုမှာ မနေ့က ကျင်းပခဲ့တဲ့ MMA One Championship ကိုယ်ခံပညာသိုင်းပေါင်းစုံ မစ်ဒယ်လ်ဝိတ်တန်းပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက အောင်လအန်ဆန်က အနိုင်ရသွားပါတယ်။

Burmese Python - မြန်မာစပါးအုံးလို့ ခေါ်ကြတဲ့ မြန်မာနိုင်ငံက ကချင်နွယ်ဖွား အောင်လနဲ့ တရုတ်နိုင်ငံက Fan Rong တို့ Colorado ပြည်နယ် Denver မြို့မှာ မနေ့က ထိုးသတ်ကြတာမှာ အောင်လက ဒုတိယအချီမှာ အနိုင်ရသွားတာပါ။

ဒုတိယအချီပြန်အစ ပထမတမိနစ်မှာပဲ အောင်လအနည်းငယ်ယ်ိုင်သွားတာကို အခွင့်ကောင်းယူပြီး Fan Rong က ဝင်လုံးပြီး ချုပ်ဖို့ကြိုးစားခဲ့ပေမယ့်၊ အောင်လက Fan Rong ရဲ့ လည်ပင်းကို ချုပ်ကွက်မိပြီး အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲကို Denver နဲ့ အနီးတဝိုက်က မြန်မာပရိသတ်တွေလည်း သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး၊ ပွဲအပြီးမှာတော့ အောင်လက မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြဖို့နဲ့ သူ့အနေနဲ့ ချန်ပီယံဆုအတွက် စိန်ခေါ်ပွဲအဖြစ် ထိုးသတ်သွားချင်တယ်လို့ ပြောလိုက်ပါတယ်။

This item is part of
XS
SM
MD
LG