သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောင်လအန်ဆန် MMA One Championship အနိုင်ရ


AUNG LA N SANG - ONE Championship
AUNG LA N SANG - ONE Championship

အမေရိကန်ပြည်ထောင်စုမှာ မနေ့က ကျင်းပခဲ့တဲ့ MMA One Championship ကိုယ်ခံပညာသိုင်းပေါင်းစုံ မစ်ဒယ်လ်ဝိတ်တန်းပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက အောင်လအန်ဆန်က အနိုင်ရသွားပါတယ်။

Burmese Python - မြန်မာစပါးအုံးလို့ ခေါ်ကြတဲ့ မြန်မာနိုင်ငံက ကချင်နွယ်ဖွား အောင်လနဲ့ တရုတ်နိုင်ငံက Fan Rong တို့ Colorado ပြည်နယ် Denver မြို့မှာ မနေ့က ထိုးသတ်ကြတာမှာ အောင်လက ဒုတိယအချီမှာ အနိုင်ရသွားတာပါ။

ဒုတိယအချီပြန်အစ ပထမတမိနစ်မှာပဲ အောင်လအနည်းငယ်ယ်ိုင်သွားတာကို အခွင့်ကောင်းယူပြီး Fan Rong က ဝင်လုံးပြီး ချုပ်ဖို့ကြိုးစားခဲ့ပေမယ့်၊ အောင်လက Fan Rong ရဲ့ လည်ပင်းကို ချုပ်ကွက်မိပြီး အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲကို Denver နဲ့ အနီးတဝိုက်က မြန်မာပရိသတ်တွေလည်း သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး၊ ပွဲအပြီးမှာတော့ အောင်လက မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြဖို့နဲ့ သူ့အနေနဲ့ ချန်ပီယံဆုအတွက် စိန်ခေါ်ပွဲအဖြစ် ထိုးသတ်သွားချင်တယ်လို့ ပြောလိုက်ပါတယ်။

XS
SM
MD
LG